Pants တွေကို ဝယ်မယ်ဆိုရင် သွားမယ့်နေရာနဲ့ ကိုယ့်အလုပ်ပေါ် လိုက်ပြီး မတူတာလေးတွေ ဝယ်ထားသင့်ပါတယ်။ သင့်မှာ Jeans Pant တစ်မျိုးတည်းပဲ ဝယ်ထားတယ်ဆိုရင်တော့ သိပ်အဆင်ပြေမှာ မဟုတ်ပါဘူး။ ဘောင်းဘီအမျိုးအစားမတူတာလေးတွေ ဝယ်ထားမယ်ဆိုရင်တော့ သွားချင်တဲ့ နေရာပေါ် ကြည့်ပြီး သင့်ရာလေး ကောက်ဝတ်လိုက်ရုံပါပဲ။
ယောက်ျားလေးတစ်ယောက်အနေနဲ့ ရှိထားသင့်တဲ့ ဘောင်းဘီတွေထဲမှာ အခုပြောမယ့် Pant တွေကတော့ ချန်ထားလို့ကို မဖြစ်တဲ့အထဲမှာ ပါပါတယ်နော်..။
(၁) Classic Blue Jeans

Classic Blue Jeans တွေကတော့ ယောကျ်ားလေးတိုင်းရဲ့ သူငယ်ချင်းပါ။ အရောင်နဲ့ အသားက ယောကျ်ားလေးတွေအတွက် ဝတ်ရတာ အကြမ်းခံနိုင်ပြီး ဝတ်လို့လည်း ကောင်းပါတယ်။ Jeans ရဲ့ အားသာချက်က တစ်ထည်ကောင်း ရှိရင်ကို ၃-၄ နှစ်တော့ ပြန်လှည့်ကြည့်စရာ မလိုပါဘူး။
(၂) Chino Pants

သပ်သပ်ရပ်ရပ်နဲ့ အလုပ်ခွင်ဝတ်စုံ ဝတ်ရင် Chino Pants တွေကို စဉ်းစားသင့်ပါတယ်။ အရောင်အနေနဲ့ ရွေးသင့်တာကတော့ ကာကီရောင်နဲ့ မီးခိုးရောင် ကာလာတွေပဲ ဖြစ်ပါတယ်။
(၃) Tousers

ချည်သားဘောင်းဘီတွေကို Dress Pants တွေလို့ လူသိများပါတယ်။ Formal ဝတ်ရတာ ဖြစ်ပြီး ချည်သားဖြစ်လို့ ပေါ့ပါးတယ် ဝတ်ရတာ အေးပါတယ်။
(၄) SweatPants

SweatPants တွေကတော့ Gym မှာပဲ ဝတ်ဝတ် ရုံးအားလို့ သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါမှာပဲ ဝတ်ဝတ် ဝတ်ဖို့အကောင်းဆုံး ဖက်ရှင်ပါ။ ခေတ်ဆန်ပြီး သက်တောင့်သက်တာ ရှိခြင်းက SweatPants တွေရဲ့ အမှတ်လက္ခဏာတစ်ခု ဖြစ်ပါတယ်။
Myanmar Textile & Garment Guide
Source:kwee.co





