သင့်ဆီမှာကော ဘယ်လိုအိတ်လေးတွေ ရှိထားပြီးပြီလဲ
ပြီးပြည့်စုံတဲ့ Style တစ်ခုရရှိစေဖို့အတွက် Fashion Accessory တွေကို စဉ်းစားတဲ့အခါ အိတ်တွေကလည်းမရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ သင် ဝတ်ထားတဲ့ အဝတ်အစားတွေအားလုံးကို အပြီးသတ်အနေနဲ့ သင် ကိုင်တဲ့ လက်ကိုင်အိတ်တွေက Polish လုပ်ပေးပါတယ်။ ဒါပေမယ့် Handbag ကိုင်တိုင်း ဖက်ရှင်ကျတာတော့ မဟုတ်ဘူးနော်။ ကိုယ်သွားမယ့်နေရာ၊ ဝတ်ဆင်ထားတဲ့ Outfit နဲ့ လိုက်ဖက်တဲ့ အိတ်ကို ရွေးချယ်ပြီး ကိုင်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ ကဲ ဒါဆို မိန်းကလေးတိုင်းနဲ့ လိုက်ဖက်သလို ဖက်ရှင်ကျစေမယ့်၊ ရှိထားသင့်တဲ့ အိတ်အမျိုးအစား တွေက ဘာတွေဖြစ်မလဲကြည့်လိုက်ရအောင်။
Leather Handbag


မိန်းကလေးတစ်ယောက်မှာ Brand ဟုတ်သည်ဖြစ်စေ၊ Brand မဟုတ်သည်ဖြစ်စေ အရည်အသွေးကောင်းတဲ့ Leather Handbag တစ်လုံးကတော့ မရှိမဖြစ် လိုအပ်ပါတယ်။ Leather Handbag လို့ဆိုတဲ့နေရာမှာလည်း အမြင်လှရုံတစ်ခုတည်းမဟုတ်ပဲ၊ ကြာရှည်ခံတာတွေ၊ ကိုယ့်လိုအပ်တာတွေ အကုန်ထည့်နိုင်တဲ့ Size တွေ၊ Leather အရည်အသွေးကောင်းပြီး နေရာတိုင်းနဲ့လိုက်ဖက်ဖို့ တွေကိုလည်း ထည့်စဉ်းစားရမှာပါ။
Cross-Body Bag


Leather Handbag ပြီးသွားရင်တော့ အပြင်သွားရင်လွယ်လွယ်ကူကူလွယ်သွားဖို့ အဆင်ပြေတဲ့ Cross-Body Bag လေးတစ်လုံးလောက်လည်း လိုအပ်ပါတယ်။ Cross-Body Bag လေးတွေကတော့ ဟိုနားဒီနား ထသွားထလာဖြစ်ဖြစ်၊ အမိုက်စား Street style တွေနဲ့ဖြစ်ဖြစ် အလိုက်ဖက်ဆုံးပဲ မလား။ Cross-Body Bag တွေကိုရွေးချယ်တဲ့အခါမှာလည်း ကိုယ့်ရဲ့ Life-Style နဲ့တစ်သားတည်းဖြစ်နေပြီး Comfort ဖြစ်နေစေမယ့်အိတ်ဖြစ်ဖို့လည်း မမေ့နဲ့နော်။
Clutch


Clutch တွေကတော့ မိန်းကလေးတိုင်းမှာ ရှိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ Special Occasion တွေ၊ Dinner Date တွေကနေ ပေါ့ပေါ့ပါးပါး Casual Style အထိ အကုန်အသုံးဝင်တဲ့ အိတ်လေးတွေမို့လို့ပါ။ Plain Clutch လေးတွေဆိုရင် Minimalist Style ရိုးရိုးရှင်းရှင်းလေးနဲ့တောင် အထာကျနေစေမှာပါ။
90's Shoulder Bag


Instagram Star တွေ၊ Tik Tok က Fashionista လေးတွေ၊ Celebrity မမတွေ Social Media ပေါ်မှာ အရမ်းမိုက်ပြီး ဖက်ရှင်ကျနေတဲ့ လျှို့ဝှက်ချက်က Shoulder Bag လေးတွေရဲ့ Style ကျနမှုကြောင့်ပါ။ ဘယ်လို Outfit ပဲဝတ်ဝတ် ဒီ Shoulder Bag လေးတွေနဲ့တွဲဖက်လိုက်ရင် အမိုက်စား Instagramic Look တွေကိုရရှိစေမှာပါ။ အခုအရမ်းခေတ်စားနေတဲ့ Aesthetic Vibe ကိုလည်း အပြည့်အဝပေးနိုင်ပါတယ်။
Belt Bag

အပြင်သွားတဲ့အခါ ဖက်ရှင်လည်းကျချင်တယ်၊ ဒါပေမယ့် အိတ်ကြီးတကိုင်ကိုင်နဲ့ မလုပ်ချင်တဲ့ မမတို့အတွက် အထာလည်း ကျသလို သေးသေးလေးနဲ့ ချစ်စရာကောင်းပါတယ်။ ဒါကြောင့်လည်း International Fashion Week တွေ၊ Street style တွေမှာ Belt Bag တွေက နေရာယူနေတာပါ။
Pearl Bag

![]()
အခုနောက်ပိုင်း Pearl Bag လေးတွေပြန်ခေတ်စားလာတာကို အားလုံး သတိထားမိကြမှာပါ။ တကယ်လည်း ဒီ Pearl Bag လေးတွေက Stylish and Classy ဖြစ်တဲ့ မိန်းကလေးတွေရဲ့ Signature အိတ်လိုဖြစ်လာပါတယ်။ ဒီအိတ်လေးတွေကအထူးသဖြင့် Sophisticated ဆန်ဆန် Girly ဖြစ်တဲ့ Look လေးတွေ၊ Delicate ဖြစ်တဲ့ Pastel ကာလာလေးတွေနဲ့ အတွဲဖက်သင့်ဆုံး အိတ်ပါ။
Straw Bag


Summer မှာ Beach သွားသွား၊ Picnic ပဲထွက်ထွက် သူငယ်ချင်းတွေနဲ့ Day Trip ပဲသွားသွား အရမ်းလိုက်ဖက်တဲ့ အိတ်လေးတွေပါ။ သူက သဘာဝ Bamboo ကပြုလုပ်ထားတာမို့ Eco-Friendly လည်းဖြစ်တယ်။ ရက်လုပ်ထားတဲ့ Bag ဒီဇိုင်းတွေကလည်း Shape မျိုးစုံ၊ Size မျိုးစုံရှိတာမို့ ရွေးချယ်စရာလည်းများတယ်။ နေသာသာနေ့လေးမှာ အပြင်သွားရင် ဒီလို Straw Bag လေးနဲ့သာဆို လုံးဝ Photogenic ဖြစ်နေမှာ နော်။
Myanmar Textile & Garment Guide
Source: MODA





