ယောက်ျားလေးတွေဟာ အဝတ်အစားများနဲ့ ပတ်သက်ပြီး သာမန်အတိုင်း သဘောထားလေ့ ရှိပါတယ်။ အတော်များများကလည်း ဖက်ရှင်ကြောင့် ခေါင်းမစားချင်တဲ့အထဲမှာ ပါပါတယ်။
ဒါကြောင့် ယောက်ျားလေးတွေအတွက် ရာသီမရွေး ၊ ပွဲနဲ့ အခမ်းအနားမရွေး ဝတ်နိုင်မယ့် ဖက်ရှင်များကို ဖော်ပြပေးလိုက်ပါတယ်နော်..။
(၁) Formal

ယောင်္ကျားလေးတွေဆိုတာ အပြင်ပွဲသွားပွဲလာကိစ္စလေးတွေ ရှိတတ်စမြဲမို့ Formal ဖက်ရှင်ကောင်းကောင်း တစ်စုံနှစ်စုံလောက်တော့ ရှိထားဖို့ လိုပါ တယ်။ အနောက်တိုင်းကုတ်အင်္ကျီလိုမျိုး တန်ဖိုးကြီး Suit မဝယ်နိုင်ရင်တောင် Blazer လိုမျိုး ဂျက်ကတ်နဲ့ စမတ် Trouser နဲ့ Shoes ကောင်းကောင်းတစ်ရံလောက် ပိုင်ဆိုင်ထားသင့်ပါတယ်။
(၂) Hoodie

Streetwear Style တွေဟာ ခေတ်သစ်အမျိုးသားအဝတ်ဗီရိုပေါ်မှာ နေရာကြီးကြီး ယူထားတဲ့ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ Hoodie ဖက်ရှင်ဟာ လူငယ်တစ်ယောက်နဲ့ အလိုက်ဖက်ဆုံး အဝတ်အစားဖြစ်ပြီး Jogger နဲ့ တွဲဝတ်နိုင်ပါတယ်။ ဝတ်သင့်တဲ့ ရာသီဥတုကတော့ ဆောင်းရာသီလို အေးစိမ့်စိမ့်ရာသီမျိုး ဖြစ်ပါတယ်။
(၃) Denim Jean

ခေတ်တွေ ပြောင်းသွားခဲ့ပေမယ့် Jeans ဖက်ရှင်တွေဟာ ဘယ်တော့မှ ရိုးအီမသွားခဲ့ပါဘူး။ Jeans ဘောင်းဘီ Classic Blue ကာလာဟာ ဒီနေ့အထိ လူငယ်တွေအကြားမှာ ခေတ်စားနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အဝတ်ဗီရိုမှာ Jeans Pant နဲ့ Jeans Jacket ကောင်းကောင်းတော့ ထည့်ထားသင့်ပါတယ်။
(၄) Statement T-Shirt

အမျိုးသားတိုင်းအကြိုက်အဝတ်အစား ဒီဇိုင်းတွေထဲမှာ T-Shirts တွေကို ချန်ထားလို့လည်း မဖြစ်ပါဘူး။ T-Shirt ကိုမှ ရိုးရှင်းပြီး အဓိပ္ပါယ်အနှစ်သာရပါတဲ့ Graphic ပါ တီရှပ်တွေဟာ ယောင်္ကျားတစ်ယောက်ကို ဆွဲဆောင်မှုပိုရှိစေနိုင်ပါတယ်။
Myanmar Textile & Garment Guide
Source:kwee.co





