အ၀တ်အစား ၀တ်ဆင်တဲ့အခါ တခါတလေ မလိုက်ဖက်တာရှိတတ်ပါတယ်။ ကိုယ်ကအရပ်ပုနေတဲ့အခါ ရွေးချယ်လိုက်တဲ့ အ၀တ်အစားက မှားသွားရင် အရပ်ပိုပုတယ်လို့ ထင်ရစေပြီး အရပ်မြင့်တဲ့သူတွေတောင် ကြည့်ရဆိုးစေပါတယ်။
ကိုယ်အရပ်နဲ့ ဘယ်လိုလိုက်ဖက်တဲ့ အ၀တ်အစား၊ ဆက်စပ်ပစ္စည်းတွေကို ရွေးချယ်ရမလဲဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ ဒါ့ကြောင့် အပြင်သွားခါနီး ဘယ်လိုဝတ်ဆင်ရမလဲဆိုတာ ခေါင်းစားနေတဲ့ ပျိုမေတွေအတွက် လိုက်ဖက်မယ့် ဖက်ရှင်လေးတွေကို ရွေးချယ်ပေးလိုက်ပါတယ်။
၁။ မှန်ကန်တဲ့ ရှုးဖိနပ်များနှင့် ဆက်စပ်ပစ္စည်းများကို ရွေးချယ်ပါ
အရပ်ပိုမြင့်စေဖို့ အလွယ်ကူဆုံးနည်းလမ်းက ဒေါက်မြင့်ဖိနပ်ဖြစ်ပါတယ်။ သင့်ရဲ့ဖိနပ်အရောင်က အရမ်းအရေးကြိးပါတယ်။ မနုလွန်း မရင့်လွန်းတဲ့အရောင်က သင့်ခြေထောက်ကိုကြည့်လိုက်ရင် ပိုရှည်တယ်လို့ ထင်ရစေပါတယ်။ အထူးသဖြင့် ကြိုးသိုင်းအမြင့် နှင့် အနက်ရောင်ရှုးဖိနပ်က ကြည့်လိုက်ရင်သင့်ခြေထောက်ကို တိုတောင်းတယ်လို့ထင်ရစေပါတယ်။
၂။အစင်းပါတဲ့ အ၀တ်အစားများကို သတိထားပါ။
အစင်းဒီဇိုင်းနဲ့ အ၀တ်အစားတွေဆိုရင် သတိထားပြီး ၀တ်ဆင်သင့်ပါတယ်။ ကန့်လန့်စင်းတွေဟာ အပေါ်အောက် ၀မ်းဆက်ဝတ်ထားရင်မလှပါဘူး။ စကတ်ကို ဒူးဖုံးဝတ်ဆင်ပေးသင့်ပါတယ်။
၃။ ဂျင်းဘောင်းဘီနဲ့ အိတ်ကို သင့်အရပ်နဲ့အညီ ရွေးချယ်ပါ
သင်ကအရပ်ပုသူဖြစ်ပြီး ဂျင်းအတိုကိုဝတ်ဆင်လျှင် သူတို့ကသင့်ကို ပိုအရပ်ပုစေနိုင်ပါတယ်။ ဒေါက်ဖိနပ်မြင့်နှင့် Crap topကို ဂျင်းဘောင်းဘီများနဲ့ ပေါင်းစပ်ဝတ်ဆင်ပါ။ ခါးအမြင့်ဂျင်းဘောင်းဘီတွေက သင့်အရပ်ကို ပိုပြီးမြင့်တယ်လို့ ထင်ရစေပါတယ်။
သင့်အိတ်အရွယ်အစားကို အထူးဂရုပြုပါ။ ကျစ်လစ်သေးသွယ်တဲ့ မိန်းကလေးများအတွက် အကောင်းဆုံးရွေးချယ်မှုက အကျယ်10လက်မထက်မပိုတဲ့ အိတ်သေးသေးလေးတွေဖြစ်ပါတယ်။ ဖက်ရှင်ဈေးဝယ်အိတ်တွေက သင့်ပုံရိပ်ကို လေးလံစေပါလိမ့်မယ်။
၎။ Palazzo ဘောင်းဘီများကို ၀တ်ဆင်ကြည့်ပါ
Palazzoဘောင်းဘီများက သင့်ကိုကြည့်ရင် အရပ်မြင့်တယ်လို့ထင်စေရန် ဒေါက်မြင့်ဖိနပ် ၊ခုံထူဖိနပ်တွေကို ဖုံးကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ရိုးရှင်းတဲ့ဒီဇိုင်းများကို ရွေးချယ်ရာမှာ ကြိုးစားပါ။ ခါးမြင့်ဘောင်းဘီနဲအတူ ခါးတိုအကျီ င်္တွေက ဘယ်အချိန်မဆို ဖက်ရှင်ဖြစ်စေတာကြောင့် ပေါင်းစပ်မှုတစ်ခုဖြစ်ပါတယ်။ ဒီလှည့်ကွက်က သင့်ရဲ့ အထက်အောက်ခန္ဓာကိုယ်အချိုးအစားကို ထိန်းသိမ်းဖို့နှင့် သင့်ခြေထောက်ကို ရှည်တယ်လို့မြင်စေပါတယ်။ ဆွယ်တာအကျီ င်္၊ဘလောက်အကျီ င်္ကိုရွေးချယ်လျှင် ခါးပတ်ပါးပါးတစ်ခုကို ၀တ်ဆင်နိုင်ပါတယ်။
၅။ ခဲတံစကတ်များကို လျစ်လျူမရှုထားပါနဲ့
ခဲတံစကတ်များကို အထူးသတိပြုသင့်ပါတယ်။ သူတို့က သင့်ကိုအများကြီး သွယ်လျှစေပါတယ်။ အပေါ်အကျီ င်္ကအတိုမဟုတ်လျှင် ရှပ်အဖြူ ဒါမှမဟုတ် ဘလာက်အကျီ င်္က သင့်ကိုကူညီပါလိမ့်မယ်။ အကျီ င်္ကအရှည်ဖြစ်လျှင် စကတ်ထဲကို ထည့်ဝတ်တာက ပိုကောင်းစေပြီးသင့်ကို သွယ်လျတယ်လို့မြင်စေပါတယ်။
၆။ ရှပ်ဂါဝန်တွေကို မှန်ကန်စွာဝတ်ဆင်ပါ
ရှပ်ဂါဝန်တွေက စိတ်ဝင်စားစရာကောင်းတဲ့ ဒီဇိုင်းရှိပြီး ပေါ့ပေါ့ပါးပါးရှိစေပါတယ်။ ကျစ်လျစ်သေးသွယ်တဲ့ မိန်းကလေးတွေဝတ်ဆင်ရင်တော့ ကြည့်ရတာအဆင်မပြေဖြစ်ပါလိမ့်မယ်။ ဒါတွေက အသက်ကြီးတဲ့ လူတွေအတွက် ဒီဇိုင်းဖြစ်တာကြောင့် ဖြစ်ပါတယ်။ ဒီရှပ်ဂါဝန်တွေကို ၀တ်ဆင်မယ့်ဆိုရင်တော့ ခါးပတ်ကို ၀တ်ဆင်ပေးနိုင်ပြီး အကျီ င်္လက်ရှည်ဆိုရင် ခေါက်တင်ထားတာက ပိုကြည့်ကောင်းစေပါတယ်။
Source:life style