သင့်အဝတ်ဗီရိုက သင့်အကြောင်း ပြောပါတယ်။ သင် ဝတ်နေကျ ဖက်ရှင်ဟာ သင့်ပုံရိပ်နဲ့ သင့်အမှတ်လက္ခဏာ ဖြစ်ပါတယ်။ ဒီလိုပြောလို့ သင့်ဗီရိုထဲမှာ နောက်ဆုံးပေါ် အဝတ်အစားတွေချည်း ထည့်ထားဖို့ မပြောပါဘူး။ Minimalist လည်းဖြစ် အခြေခံကျပြီး ဖက်ရှင်လည်း မိတဲ့ အဝတ်ဗီရိုထဲက အသုံးအဆောင် တချို့စာရင်းပဲ မျှဝေသွားမှာပါ။
(၁) Brown Boots

ယောက်ျားလေးတိုင်းမှာ အရည်အသွေးကောင်းတဲ့ အညိုရောင် Brown Boots တစ်စုံတော့ ရှိသင့်ပါတယ်။ Boot ကောင်းကောင်းတစ်ရံဟာ ပွဲတက်လည်း စီးနိုင်သလို Jeans နဲ့ တွဲပြီး ပေါ့ပေါ့ပါးပါးလည်း စီးလို့ ရပါတယ်။
(၂) Oxford Shirt

Formal ကျတဲ့ ဖက်ရှင်အဖြစ် သားသားနားနား ဝတ်မယ်ဆိုရင် Oxford Shirt လေးတော့ ဝယ်ထားသင့်ပါတယ်။ Oxford Shirt ကို အပြာရောင်က Classic ကျပါတယ်။
(၃) Chinos

ယောက်ျားလေးအများစုက Jeans ဝတ်ကြပါတယ်။ ဒါပေမယ့် ပိုခန့်ချင်ရင် Chino ဖက်ရှင် ဝတ်သင့်ပါတယ်။ Chino က Smart Casual ကျသလို ကြည့်လို့လည်း ပိုကောင်းပါတယ်။
(၄) Bomber Jacket

Bomber Jacket ကတော့ လူငယ်တွေအကြိုက်ဖက်ရှင်တစ်ခုပါ။ အရောင်အနေနဲ့ အနက် ၊ နက်ပြာတွေ ရွေးသင့်ပါတယ်။
(၅) Jogger

Joggers ကလည်း Dress Code ဝတ်ပြီး သွားစရာမလိုတဲ့ နေရာတွေမှာ ဝတ်ဖို့ ရွေးချယ်စရာ ဖြစ်ပါတယ်။ Joggers တွေကို ခရီးသွားရာမှာ၊ သူငယ်ချင်းတွေနဲ့ တွေ့ရဦးမှာ ၊ Gym ရုံကို သွားရာမှာ စတဲ့ ပေါ့ပေါ့ပါးပါး သွားစရာပေါ်လာရင် ဝတ်သင့်ပါတယ်။
Myanmar Textile & Garment Guide
Source: kwee.co





