မိုးတွင်းလည်းရောက်ပြီဆိုတော့ သင့်မှာ မိုးတွင်းစီးဖိနပ်တစ်ရံလောက်တော့ ရှိထားသင့်ပါတယ်။ မိုးတွင်းကာလကြီးမှာ ကတ္တီပါဖိနပ်တွေ၊ ဒေါက်မြင့်ဖိနပ်တွေက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။
ဒါကြောင့် မိုးတွင်းစီးလို့ကောင်းတဲ့အပြင် ဘယ်အဝတ်အစားမျိုးနဲ့မဆို လိုက်ဖက်ပြီး သင့်ကို အထာကျစေမယ့် မိုးတွင်းစီးဖိနပ် (၇) မျိုးကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
1. Black Rain Boots

Boot ဖိနပ်ထဲမှာ အမည်းကို ရွေးပြောရတာက ရွှံ့တွေဗွက်တွေစင်တဲ့အခါ အပေခံလို့ ဖြစ်ပါတယ်။ ဒါ့အပြင် Boot တွေဆိုတာ ဘောင်းဘီတို/အရှည်၊ စကတ်တို/အရှည် ဘာလေးနဲ့ဖြစ်ဖြစ် မိမိုက်နေစေမှာမို့ ချန်ထားခဲ့လို့မရပါဘူး။
2. Dad Sandals

ရာဘာသားနဲ့လုပ်ထားတာမလို့ မိုးရာသီနဲ့ အလိုက်အဖက်ဆုံးဖြစ်ပြီး စီးရတာလည်း သက်တောင့်သက်သာရှိပါတယ်။
မိန်းကလေးဆန်တာ အရမ်းမကြိုက်တဲ့ မဒီလေးတွေအတွက်ကတော့ Dad Sandals လေးတွေ ရွေးသင့်ပါတယ်။
3. Jelly Sandals/Shoes

PVC ပလတ်စတစ်သားနဲ့ လုပ်ထားတာမို့ မိုးစိုခံပါတယ်။ Glitter အမှုန်လေးတွေပါတဲ့ Jelly ဖိနပ်လေးတွေဆို မိန်းကလေးဆန်ဆန် လှချင်သူတွေအတွက် လုံး၀ကွက်တိပါဘဲ။
4. Slide Slipper

ဒါလေးကတော့ မိုးရာသီအတွက် အထူးထုတ်လုပ်ထားတဲ့ ဖိနပ်လေးပါ။ ပေါ့ပေါ့ပါးပါးရှိပြီး ဖိနပ်ပေါ်မှာ အရုပ်လေးတွေပါတာမလို့ ချစ်ဖို့လည်းကောင်းပါတယ်။
5. Crocs Clogs

ထိပ်ပိတ်ဖိနပလေးမို့ ခြေချောင်းလေးတွေ မိုးစိုမှာ မပူရတော့ဘူးပေါ့။ မိုးတွင်းစီးဖိနပ်လေးမို့ စီးရတာ ပေါ့ပေါ့ပါပါးနဲ့ သက်တောင့်သက်သာရှိပါတယ်။
6. Wedge Thin Flip Flop

ကြိုးသိုင်းဖိနပ်မကြိုက်တဲ့သူတွေကတော့ ဒီမိုးတွင်းစီး ခြေညှပ်ဖိနပ်လေးကို ရွေးချယ်နိုင်ပါတယ်။ ဖိနပ်အထူက မနိမ့်မမြင့်လေးမို့ စီးရတာ သက်တောင့်သက်သာရှိပါတယ်။
7. Sneakers

Sneakers ကတော့ နွေ၊မိုး၊ဆောင်း ဥတုသုံးပါးလုံးနဲ့ လိုက်ဖက်ပါတယ်။ မိုးတွင်းမှာ ခြေထောက်ပေမှာကြောက်ရင် Sneaker သာစီးပါ။ မြန်မာဝတ်စုံကလွဲရင် ဘယ် Outfit မျိုးနဲ့မဆို လိုက်ပါတယ်။
Reference - Mystylemyanmar
			    
					
		  	



