What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ရေစီးကြောင်းမှာ ခေတ်စားလာဦးမယ့် Fanny Pack အိတ်များ

သင်ကဖက်ရှင်ကျတဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေဖို့ ဘာတွေ ခေတ်စားနေလဲ၊ဘာတွေ နေရာယူလာဦးမလဲ၊တစ်နှစ်နဲ့တစ်နဲ့ ဘာတွေ ခေတ်စားပြီး ဘာတွေ အသုံးချမှာလဲဆိုတာ အမြဲတွေးနေဖို့လိုတယ်ဆိုတာ သိပါရဲ့လား။ဖက်ရှင်ရေစီးကြောင်းဆိုတာက အမြဲပြောင်းလဲနေပြီး ကျွန်မတို့လိုက်မမှီနိုင်အောင် စီးဆင်းနှုန်းကလည်း မြန်ဆန်ပါတယ်။။


နောက်ထပ်ခေတ်စားလာဦးမယ့် Fashion Trend ထဲမှာ Fanny Packs လို့လည်း ခေါ်ကြပြီး ခါးမှာပတ် ဖက်ရှင်လုပ်လို့ ရတဲ့ Waist Bag တွေက လူတိုင်းလိုလိုဆီကို ရောက်လာပြန်ပြီ။တကယ်တော့ ဒီ Waist Bag တွေကို Gucci က စလိုက်တာဖြစ်ပြီးတော့ SS18 Fashion Week တည်းက Streetstyles တွေနဲ့အတူတူ ဂယက်ထခဲ့တာပါ။
စတိုင်လ်ကျတဲ့ Fanny Pack တွေဟာဆိုရင် Gucci လို Logo အသားပေးတွေလည်း ပါဝင်သလို ကတ္တီပါတွေ၊ လယ်သာတွေနဲ့ အတူ ကျောက်မျက်ရတနာတွေနဲ့ပါ အလှဆင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ဒီထဲမှာမှ Guuciရဲ့ Logo ပါတဲ့ ခါးပတ်အိတ်တွေနဲ့ ရွှေရောင် Accessories တွေ ပါတဲ့ ခါးပတ်အိတ်တွေကတော့ လူသုံးအများဆုံး၊Streetstyle တွေနဲ့အတူ တွေ့ရမြင်ရအများဆုံးပါပဲ။
ဒီလိုရေပန်းစားလွန်းတဲ့ Fanny Pack တွေကို ဘယ်လိုပုံစံအမျိုးမျိုးနဲ့ ရှိုးထုတ်နိုင်မလဲဆိုတာတော့ အောက်မှာ နမူနာပုံကောင်းတွေနဲ့အတူ ကြည့်လိုက်ပါ။သင့်အတွက် Idea တွေ ရလာမှာ အမှန်ပါပဲ။

21

34

65

 

Source:moda

 

Read 1200 times
Rate this item
(1 Vote)