လေယာဉ်နဲ့ခရီးသွားတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ဖို့လိုပါတယ်။ခရီးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုခရီးမထွက်ခင်မှာကြိုတင်ပြင်ဆင်သလို လေယာဉ်ပေါ်မှာလှပနေဖို့အတွက်ကိုလည်း အဝတ်အစားရွေး ချယ်ထားဖို့လိုပါတယ်နော်။
လယာဉ်ပေါ်မှာပဲ အရေးမကြီးပါဘူးဆိုပြီး ဒီလိုပဲထသွားလိုက်တာမျိုးမလုပ်ပါနဲ့။ တချို့ ကျတော့လည်းဘာဝတ်ရင်အဆင်ပြေမလဲဆိုတာကို မရွေးချယ်တတ်ကြပြန်ပါဘူး။ ဒါ့ကြောင့်လေယာဉ်ခရီးသွားမယ့် သူတွေ အနေနဲ့ ဘယ်လိုဖက်ရှင်မျိုးကို ဝတ်သင့်လဲ၊ မဝတ်သင့်ဘူးလဲဆိုတာကို အကြံပြုချင်ပါတယ်။
(၁) ရှုပ်ထွေးနေတဲ့အဝတ်အစား
ချွတ်ရ၊ဝတ်ရလွယ်တဲ့အဝတ်အစားမျိုးကို ရွေးချယ်ဖို့လိုပါတယ်။ အထက်အောက်တွဲရက်ဝတ်စုံ၊ ကြယ်သီးများလွန်းတဲ့ အဝတ်အစားနဲ့ဇစ်မြောက်မြားစွာပါဝင်တဲ့ အဝတ်အစားတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။ ဘာ့ကြောင်လဲဆိုတော့ လေယာဉ်ထိုင်ခုံကျဉ်းကျဉ်းလေးမှာ ကြာရှည်စွာထိုင်မှာဖြစ်တာကြောင့် သက်တောင့်သက်သာရှိဖို့လည်း လိုသလို၊ အပူအအေးမမျှတဲ့အခါတွေမှာ အကျီင်္ဝတ်ရ၊ ချွတ်ရလွယ်တာမျိုးက ပိုလို့အဆင်ပြေစေပါတယ်။
(၂) တန်ဖိုးကြီးမားပြီး သင်အကြိုက်နှစ်သက်ဆုံးဖြစ်တဲ့ အဝတ်အစား
ခရီးသွားတော့မယ်ဆိုတာနဲ့ ခရီးစဉ်အတွက် အဝတ်အစားအသစ်များကို ဝယ်ကြတဲ့သူတွေ ရှိမှာပါနော်။ အချို့ဆိုရင် လေယာဉ်ပေါ်ဝတ်ဖို့၊ လည်ပတ်တဲ့အခါဝတ်ဖို့ အစရှိသဖြင့် စေ့စပ်သေချာစွာ စီစဉ်တတ်ကြပါတယ်။ ဒီလိုပြုလုပ်တဲ့ အခါမှာ အကြံပြုချင်တာက သင်ကြိုက်နှစ်သက်ပြီး ဈေးကြီးပေးဝယ်ထားရတဲ့ အဝတ်အစားကို လေယာဉ်ပေါ် မှာဝတ်ဖို့မရွေးချယ်မိပါစေနဲ့။ လည်ပတ်မယ့်အဝတ်အစားစာရင်းထဲသာ ထည့်လိုက်ပါ။ ဘာလို့လဲဆိုတော့ လေယာဉ် ပေါ်မှာ ဝိုင်၊ အအေး၊ အစားအစာ စတာတွေကို စားပွဲအသေးလေးနဲ့ စားသုံးတဲ့အခါမှာ ပေကျံသွားနိုင်ပါတယ်။ သင်ကိုယ်တိုင်နမော်နမဲ့နိုင်သွားလို့ပဲဖြစ်ဖြစ်၊ ဘေးခုံကလူရဲ့လက်နဲ့မတော်တဆဖြစ်သွားတာပဲဖြစ်ဖြစ်သင့်ရဲ့အ ကြိုက် ဆုံးအကျီင်္က ပေကျံသွားနိုင်တဲ့အတွက်ကြောင့်ပါ။
(၃) အမွှေးပွချည်သားနဲ့ပြုလုပ်ထားတဲ့စွယ်တာအကျီင်္
လေယာဉ်ပေါ်မှာ အေးမှာစိုးပြီး အနွေးထည်ဝတ်သွားတဲ့အခါမှာ အမွှေးပွများနဲ့ပြုလုပ်ထားတဲ့ စွယ်တာအကျီင်္ကို မဝတ်သင့်ပါဘူး။ လေယာဉ်ပေါ်မှာ ပူလိုက်၊ အေးလိုက်ဖြစ်တတ်တဲ့အပြင် ဝတ်နေကျမဟုတ်ရင် စွယ်တာအကျီင်္က အမွှေးများနဲ့ ယားယံလာတတ်ပါတယ်။ ဒါ့အပြင် ပူလာတဲ့အခါမှာ ချွတ်လိုက်၊ အေးသွားရင်ဝတ်လိုက်လုပ်တဲ့အခါမှာ စွယ်တာအကျီင်္နဲ့ဆိုရင် လွယ်လွယ်ကူကူမပြုလုပ်နိုင်ပါဘူး။ ဒါ့အပြင် တချို့စွယ်တာအကျီင်္ဆိုရင် လည်ပင်းအပိတ် ဒီဇိုင်းမျိုးတွေ ရှိပါသေးတယ်။ ဒါဟာ တကယ့်ကိုသက်တောင့်သက်သာမဖြစ်တဲ့ အဝတ်အစားမျိုးဖြစ်တာကြောင့် သတိထားသင့်ပါတယ်။
(၄) စကတ်၊ ဂါဝန်အတို
ဒီအချက်ကတော့ မိန်းကလေးတွေ သတိထားသင့်တဲ့အချက်ပါပဲ။ သင်သွားမယ့်ခရီးစဉ်က အပူပိုင်းဒေသဖြစ်တာ ကြောင့် နွေရာသီဖက်ရှင်လေးဝတ်ပြီး သွားလိုက်မိမှာပါပဲ။ ဒီလိုစကတ်တို၊ ဂါဝန်တိုနဲ့ လေယာဉ်ပေါ်မှာ အချိန်အ ကြာကြီး ကုန်ဆုံးရမယ်ဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ လေယာဉ်ပေါ်မှာ ချမ်းစိမ့်စိမ့်ဖြစ်လာတာ၊ စကတ်တို ကြောင့် ခုံပေါ်ခြေထောက်တင်မရလို့ သက်တောင့်သက်သာထိုင်မရတာတွေ ဖြစ်တာကြောင့် ကြာလာရင်လူပင်ပန်း၊ စိတ်ပင်ပန်းလာတတ်ပါတယ်။ဒါ့ကြောင့်နာရီပေါင်းများစွာ လေယာဉ်စီးရမယ့် နိုင်ငံရပ်ခြားခရီးစဉ်မျိုးမှာ လွတ်လွတ် လပ်လပ်မရှိတဲ့ စကတ်တို၊ ဂါဝန်တိုကိုလုံးဝ မဝတ်ဆင်သင့်ပါဘူးနော်။
source:myanmaplatform