What's new

×

Warning

JUser: :_load: Unable to load user with ID: 845


White Button Down Shirt ကို ဒီလို ဖက်ရှင်ကျအောင် ဝတ်ဆင်ကျမယ်

အဖြူရောင် ရှပ်အင်္ကျီလေးတစ်ထည်ကသင့်ကိုဘယ်လိုဖက်ရှင်နဲ့ဝတ်ဆင်ဝတ်ဆင်လိုက်ဖက်သလို ဘယ်လို Occasion နဲ့ဖြစ်ဖြစ်လည်းအဆင်ပြေတာကြောင့် မိန်းကလေးတိုင်းရဲ့  Wardrobe Essential လေးဖြစ်နေတာဆိုလည်းမမှားပါဘူး။

White buttoned-down shirt လေးတွေနဲ့ဝတ်လို့ရတဲ့ Style တွေအများကြီးရှိသလို Accessories နဲ့ဖိနပ်တွေကိုလည်းစိတ်ကြိုက် matchလုပ်ပြီးတွဲဖက်ကြည့်လို့ရပါတယ်။ ဒီတစ်ခါမှာတော့ White Button-down shirt တွေကိုထသွားထလာstyleထက် Fashionista တစ်ယောက်လို Formal ကျကျဝတ်လို့ရမယ့်နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

1.တကယ်လို့ သင့်ရဲ့ White shirt လေးကPyjamas လိုအသားပြောင်ပြောင်လေးနဲ့အနားသတ် Lineတွေပါတယ်ဆိုရင် အောက်မှာပြထားသလိုSkinny Jeans ဝတ်ပြီး Loafer shoes လေးနဲ့တွဲဖက်လိုက်ပါ။ ရိုးရိုးရှင်းရှင်းလေးကတစ်ခါတစ်လေပိုဆွဲဆောင်မှုရှိပါတယ်။

1

2. Pointed-Heels လေးတွေနဲ့အလိုက်ဖက်ဆုံးကလည်းဒီ Shirt လေးတွေပါပဲ။ Shirt ကိုလက်ခေါက်ဝတ်ပြီး Denimကိုအနက်ရောင်ခါးပတ်လေးနဲ့တွဲကြည့်လိုက်ပါ။

2

3. Overall တွေကို T-Shirt တွေနဲ့ချည်းဝတ်ရတာရိုးလာရင် White shirt လေးတွေနဲ့ Try ကြည့်ဖို့အသင့်တော်ဆုံးနော်။ 

3

4. Leather Skirt အတိုတွေကိုလည်းဝတ်ကြည့်ဖို့ချန်မထားသင့်ပါဘူး။ အရမ်းအထာကျသလို ဆွဲဆောင်မှုလည်းရှိပါတယ်။ အပြင်သွားမယ်ဆို Sunglasses တစ်လက်တပ်လိုက်ရင်လုံးဝ Perfect ပဲနော်။

11

5. Denim Short နဲ့ White Shirtကလည်းဘယ်အချိန်ဝတ်ဝတ်ရိုးမသွားတဲ့အတွဲအစပ်တစ်ခုဆိုလည်းမမှားပါဘူး။ သင့်စတိုင်ကိုကိုရှင်းရှင်းလေးနဲ့ပေါ်လွင်စေမှာပါ။ Accessories ကိုတော့ နာရီလေးတွေSunglassesလေးတွေနဲ့အားဖြည့်လို့ရပါတယ်။

5

6. Blazer Suit နဲ့ Long Pants တွေကတော့အရင်တည်းကအရမ်းလိုက်ဖက်တဲ့ Formal Outfit ဖြစ်တာမို့အထူးတလည်းရှင်းပြနေစရာမလိုတော့ပါဘူးနော်။

9

7. White shirt ကို Floral Print ပါတဲ့ Pencil Skirt နဲ့ဝတ်ကြည့်လိုက်ပါ။ မိန်းကလေးဆန်ဆန်ဆွဲဆောင်မှုရှိနေတော့ Dating သွားဖို့ Ready ပဲပေါ့။

12

 

Source:moda

Read 1296 times
Rate this item
(2 votes)