အ၀တ်အစားအဟောင်းတွေကို ငြီးငွေ့ပြီး အသစ်တွေ ထပ်ထပ်လိုချင်တဲ့၊ ခေတ်ပေါ်ဖက်ရှင်တွေ နောက်တကောက်ကောက်လိုက်နေတဲ့ ပျိုမေတို့အနေနဲ့ ဖက်ရှင်အတွက် ဘတ်ဂျက်အရမ်းထိနေပြီလား။
ဒါဆိုရင်တော့ အခုဖော်ပြမယ့် ချစ်စရာကလေးသုံးယောက်ရဲ့ ဒီဇိုင်နာမေမေဖန်တီးထားတဲ့ ဖက်ရှင်လေးတွေကို သိပ်သဘောကျသွားပါလိမ့်မယ်။ Sarah Tyau လို့ အမည်ရတဲ့ အမျိုးသမီးဟာ မိသားစုသုံးငွေကို လျှော့ချဖို့အတွက် အင်္ကျီအဟောင်းတွေကို ပုံစံအသစ်နဲ့ အခုလိုဆန်းသစ်ပြီး ပြန်ချုပ်ခဲ့ပါတယ်။ အရမ်းကိုချစ်စရာကောင်းပြီး ပျိုမေတို့လိုက်လုပ်လို့လည်း မခက်တဲ့ ပုံစံလေးတွေမို့ ကြည့်ကြည့်ပါဦးနော်။

(၁) ပြောင်စနဲ့ချုပ်ထားတဲ့ အင်္ကျီရိုးရိုးကြီးကို ဇာကပ်ပန်းလေးတွေနဲ့ ပြန်ဆန်းသစ်လိုက်တဲ့အခါ..

(၂) ဖေဖေ့ရှပ်အင်္ကျီက မီးမီးအတွက် ဂါဝန်လှလှလေးဖြစ်သွား..

(၃) မေမေ့ရဲ့ အပေါ်ဝတ်ရိုးရိုးကြီးကနေ မီးမီးအတွက် ချစ်စရာဂါဝန်လေးအဖြစ်..

(၄) မေမေကိုယ်တိုင်အတွက်လည်း dress လှလှလေး

(၅) ဖို့ရို့ဖားယားအင်္ကျီကနေ ချစ်စရာ jumpsuit လေးရလာ..

အများအမြင်မှာ အားကျ ငေးယူဖွယ် ကောင်းလောက်အောင် ဖြစ်သွားစေမယ့် ဖက်ရှင်အပြင်အဆင်တွေ
(၆) ရှေးခေတ်က ဂါဝန်ကြီးဟာ အခုလိုခေတ်မီလှပလာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ

(၇) မီးမီးနဲ့ကျမှ သိပ်လှသွားတဲ့ ဖေဖေ့ရှပ်အင်္ကျီ

(၈) လှလိုက်တဲ့အဖြူရောင် dress လေး

(၉) ပုံမကျပန်းမကျအင်္ကျီ၊ ဘောင်းဘီတွေလည်း မေမေနဲ့တွေ့ရင် ဒိုးလိုက်တော့..

(၁၀) လုံးဝဆွဲဆောင်မှုမရှိတဲ့ပုံစံကနေ ဆန်းသစ်လှပသွားတဲ့ denim dress လေး

အင်္ကျီလေးတွေကို ဆန်းသစ်တဲ့စိတ်ကူးတွေနဲ့ဖန်တီးခဲ့တဲ့ ခေးတို့မေမေ …

Source:aunty may
			    
					
		  	



