What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စတိုင်ကျပြီး အသုံးဝင်စေမယ့် အိတ်အမျိုးအစားများ

နေ့စဉ်အပြင်ထွက်တဲ့အခါ၊ ကျောင်းသွားတဲ့အခါ၊ အလုပ်သွားတဲ့အခါတွေမှာ မိန်းကလေးတွေအတွက် မပါမဖြစ်ပါရမယ့်ပစ္စည်းလေးကတော့ အိတ်တွေပါပဲ။

မိန်းကလေးတွေ အိတ်မပါပဲအပြင်သွားရင်တောင် ကြည့်ရတာတစ်ခုခုလိုနေသလိုဖြစ်နေတတ်ပါတယ်။ မိန်းကလေးနဲ့ အိတ်ဆိုတာလည်း အမြဲတမ်းတွဲနေတဲ့အရာတစ်ခုပါပဲနော်။ ချစ်သူမပါပဲအပြင်သွားရင်သွားဖြစ်မယ့် အိတ်မပါပဲတော့အပြင်သွားကြမှာ မဟုတ်ပါဘူး။ အိတ်ဆိုတာကလည်း လူတစ်ယောက်ရဲ့ဖက်ရှင်ကို ထိန်းထားပေးနိုင်ပါတယ်။ ဒီတော့ နေ့စဉ်အသုံးပြုရမယ့် အိတ်အမျိုးအစားနဲ့ သွားမယ့်နေရာနဲ့လိုက်ဖက်မယ့် အိတ်အမျိုးအစားတွေကို ပျိုမေတို့အတွက် ဖော်ပြပေးလိုက်ပါတယ်နော်…။

၁. ရုံးသွား၊ ကျောင်းသွားအတွက် အိတ်

11
မိန်းကလေးတွေအတွက် ရုံးသွားတယ်၊ ကျောင်းသွားတယ်ဆိုတာက နေ့စဉ်နေ့တိုင်းအသုံးပြုရမယ့် အိတ်လေးကလည်းလိုပါတယ်နော်။ အလုပ်သွားတဲ့အခါ၊ ကျောင်းသွားတဲ့အခါတွေမှာ ပျိုမေတွေဆိုတော့ အလှပြင်ပစ္စည်းတစ်ချို့ရော၊ တစ်ခြားလိုအပ်တဲ့အရာတွေလည်းထည့်ရတော့ အိတ်သေးသေးလေးတွေနဲ့ဆိုရင် အဆင်မပြေပါဘူး။ ဒီတော့ သင့်တင့်တဲ့အရွယ်လောက်ရှိတဲ့ အိတ်မျိုးကိုရွေးချယ်သင့်ပါတယ်။ ဒါမှလည်း လိုအပ်တဲ့ပစ္စည်းတွေ ရေမွှေးသေးသေးလေးတွေ၊ ပိုက်ဆံအိတ်တွေလည်းထည့်ရတော့ ပိုပြီးအဆင်ပြေတာပေါ့။

၂. လက်ကိုင်အိတ်

2
ကျောက်တွေနဲ့လုပ်ထားတဲ့ အိတ်သေးသေးလေးတွေ၊ အပြောင်အလက်တွေပါတဲ့ လက်ကိုင်အိတ်တွေကဆိုရင် တစ်ခြားနေရာမှာ သွားကိုင်လို့မသင့်တော်ပါဘူး။ ပွဲတက်တဲ့အခါတွေ၊ ဘွဲ့ယူတဲ့အခါတွေ၊ ညစာစားပွဲတွေ၊ မင်္ဂလာဆောင်တွေသွားတဲ့အခါတွေမှာ ဒီလိုအိတ်မျိုးလေးတွေက သင့်တော်ပါတယ်။ ဖုန်းထည့်လည်းဆန့်သလို၊ ပိုက်ဆံရော လိုအပ်တဲ့အလှပြင်ပစ္စည်း အနည်းငယ်ထည့်ဖို့လည်း ဆန့်တဲ့အိတ်လေးဖြစ်ပါတယ်။

၃. ဘေးလွယ်အိတ်သေးသေးလေးတွေ

3
ပိတ်ရက်တွေမှာ သူငယ်ချင်းနဲ့အပြင်ပဲသွားသွား၊ ချစ်သူနဲ့ပဲလျှောက်လည်လည် ဒီအိတ်လေးက အဆင်ပြေပါတယ်။ အရမ်းလည်းမကြီးနေသလို အရမ်းလည်းမသေးတာကြောင့် အဆင်ပြေတဲ့ လွယ်အိတ်လေးဆိုလည်းမမှားပါဘူး။ ချစ်စရာကောင်းတဲ့ ဖက်ရှင်ဒီဇိုင်းမျိုးနဲ့လည်း လိုက်ဖက်တာကြောင့် အဆင်ပြေစေမယ်ထင်ပါတယ်။

၎. အိတ်အကြီး

4
အိတ်အကြီးတွေကတော့ ဖက်ရှင်လည်းကျသလို ပစ္စည်းတွေလည်းများများဆန့်ပါတယ်။ ခရီးသွားတဲ့အခါတွေမှာ ကိုယ့်ရဲ့အိတ်အကြီးထဲမှာလည်း ပစ္စည်းတွေထပ်ထည့်လို့ရသေးတာကြောင့် များများယူသွားလို့ရတာပေါ့။

၅. အနေတော်အရွယ်အိတ်

4
လှပပြီးသပ်ရပ်တဲ့ အိတ်ဒီဇိုင်းမျိုးကိုတော့ မိန်းကလေးဆန်ဆန်အပြင်သွားတဲ့အခါမျိုးတွေမှာ အသုံးပြုသင့်ပါတယ်။ အရေးကြီးတဲ့မိတ်ဆွေတွေနဲ့ချိန်းထားတာတို့ ခမ်းနားတဲ့နေရာတွေကို သွားမယ့်အချိန်တွေမှာဆိုရင်တော့ ဒီလိုမျိုး ကောင်းမွန်ပြီး ကျော့မော့တဲ့အိတ်မျိုးလေးတွေကို ကိုင်ဆောင်သင့်ပါတယ်။

 

Source:we media

Read 1347 times
Rate this item
(1 Vote)