အမေများနေ့ဟာ မကြာခင် ကျရောက်လို့ လာပါတော့မယ်။ အ၀တ်လျှော် ချက်ပြုတ် ကျွေး မွေးရတဲ့အပြင် သားသမီးတွေရဲ့ ၀တ်တရားမှန်သမျှကို လိုက်လံဖြည့် ဆည်းရင်း အိမ်စီးပွားရေးအတွက်ပါ ရှင်သန်ရုန်းကန်နေကြရတဲ့ ခေတ် သစ်မိခင်တွေရဲ့ ဘ၀ဟာ တကယ် တော့ မလွယ်လှပါဘူး။
အင်မတန်မှ မွန်းကျပ်စရာကောင်းလှတဲ့ ခေတ် သစ်ကြီးထဲမှာ မိမိကိုယ်ကို လှပတင့် တယ်အောင် ဆင်ယင်ရတာက လည်း အနုပညာတစ်ရပ်ပါပဲ။ ဒီတစ်ပတ်အတွက်ကတော့ အလုပ် များတဲ့ မေမေတွေအတွက် စတိုင်လ် လန်းတဲ့ ကနေဒါက ခပ်ထက်ထက် မေမေတစ်ယောက်ရဲ့ ဖက်ရှင် အကြောင်းလေး ဖော်ပြပေးလိုက် ရပါတယ်။
မယ်လီဆာဂရီလို
(The Social အစီအစဉ်တွဲ ဖက်တင်ဆက်သူ၊marQ တည် ထောင်သူ၊ ကလေးနှစ်ယောက် အမေ)
Q. အမေဖြစ်လာပြီးတဲ့ နောက်မှာ အလုပ်သွားတဲ့ စတိုင်လ်က ဘယ်လိုမျိုးဖြစ်မလဲ။
A. ကျွန်မကံကောင်းတဲ့တစ် ချက်က ကျွန်မအလုပ်နဲ့ပတ်သက် တဲ့ အ၀တ်အစားတွေက ကျွန်မ ဆီမှာ ရှိနှင့်နေပြီးသားလေ။ ကျွန်မ အလုပ်သွားတဲ့ အ၀တ်အစားနဲ့ ရုံးပိတ်ရက် တနင်္ဂနွေသွားတဲ့ အ၀တ် အစားတွေက အတူတူပဲ။ Q. ခင်ဗျားရဲ့ မရှိမဖြစ် မပါ မဖြစ် အလှကုန်ပစ္စည်းလေးတွေ ပြောပြပါဦး။
A. ကျွန်မက သဘာဝပစ္စည်း တွေနဲ့ ပြုလုပ်ထားတဲ့Organicအလှကုန်တွေကိုပဲ သုံးတာ နှစ်ချီနေ ပြီ။ အဲဒါတွေပဲ ကြိုက်တယ်။ အရေ ပြားအတွက်ဆိုရင် ကနေဒါကုမ္ပဏီConsonant က ထုတ်တဲ့ ပစ္စည်း မှန်သမျှ အကုန်ကြိုက်တယ်။ သုံး တယ်။Cleanser, Masks, Moisturizers အကုန် သုံးပါတယ်။ မိတ် ကပ်အတွက်ကတော့ Charlotte Tilbury က ထုတ်တဲ့ hightlight kits တွေကို ကြိုက် တယ်။ မမေ့မဖြစ်Lip gloss ကတော့L' Oreal's Nude Ballet ပါပဲ။
Q. ညဘက်အပြင်ထွက်တဲ့ စတိုင်လ်ကရော ...
A. အားလပ်ရက်နေ့လို မျိုးမှာ တော့ ညဘက်အပြင်ထွက်တဲ့အခါ ရုံးထဲကနေ ပြင်လာတဲ့ ဆံပင်နဲ့မိတ် ကပ်အပေါ် မူတည်ပြီး ထွက်ပါ တယ်။ အိမ်ပြန်ပြီး ပြင်ဖို့ အချိန်ရ တယ်ဆိုရင်တော့ အပြင်ထွက်ဖို့ သိပ်အချိန်များကြီး ပေးလေ့ မရှိပါ ဘူး။ မိသားစုအတွက်ပဲ ပေးလေ့ ရှိတယ်။ ကျွန်မအ၀တ်ဗီရိုထဲမှာ ရှိတဲ့ အ၀တ်အစားတွေက သက်သောင့် သက်သာနဲ့ အလွယ်တကူ ၀တ်ဆင် နိုင်တဲ့ အ၀တ်အစားတွေ များပါ တယ်။ ည ဘက်အပြင်ထွက်ဖို့ ဆက် ဆီကျတဲ့ အ၀တ်အစားတွေလည်း ရှိပါတယ်။
Q. ခင်ဗျားရဲ့ ဖက်ရှင်ပိုင်း ဆိုင်ရာIcon Mom တွေရော မရှိဘူးလား။
A. အရင်တုန်းကတော့ ဂျနီဖာ လိုပက်ဇ်ပါ။ အခုရော၊ နောက်ရော လည်း ဂျနီဖာလိုပက်ဇ်ပါ။ သူက ကျွန်မရဲ့ Cele Icon Mom ပါ။ သူက အ၀တ်အစားဝတ်ရင် အရမ်း ပနံရတယ်။ အ၀တ်အစားကြောင့် လူက ထင်းသွားတာမျိုး မဟုတ်ဘဲ လူကြောင့် အ၀တ်အစားက ထင်း သွားတာ။ သူဝတ်တဲ့ အ၀တ်အစား အပေါ်မှာလည်း ယုံကြည်မှု ရှိ တယ်။ သက်သောင့်သက်သာလည်း ရှိတယ်။ မျိုးစုံလည်း ၀တ်ပေမယ့် အကုန် စတိုင်လ်ကျတယ်။
Q. အမေတစ်ယောက်ဖြစ် ရခြင်းရဲ့ အကောင်းဆုံးအချက်က ....
A. ရှုထောင့်၊ မြင်ထောင့်တွေ ပါပဲ။ မိခင်တစ်ယောက်ဖြစ်ပြီးတဲ့ အချိန်ကစပြီး ကျွန်မ ပိုပြီးတော့ ကိုယ်ချင်းစာတတ်လာတယ်။ ခံစား တတ်လာတယ်လို့ ထင်မိပါတယ်။ ကျွန်မရွေးချယ်တဲ့ ရွေးချယ်မှုတွေ၊ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး တော့လည်း ပိုပြီး သတိထားမိလာ တယ်။ ကျွန်မဘ၀နဲ့ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်တာတွေကအစ ပေါ့။ ကျွန်မသမီးဟာ ကျွန်မလုပ် တာကို အကုန်လိုက်ကြည့်ပြီး သင် ယူနေတာကိုလည်း သတိထားမိတာ မို့ ကျွန်မလုပ်တာကိုင်တာတွေ အပေါ်မှာလည်း ပိုပြီး စည်းရှိလာ တယ်။ ကျွန်မသမီးအတွက် ကျွန်မ ဟာ အကောင်းဆုံး စံပြအမေတစ် ယောက် ဖြစ်ချင်တယ်လေ။
source: 8days journal