What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်နှင့် စတိုင်ရဲ့ကွာခြားချက်

ဖက်ရှင်ဟာ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့သက်ဆိုင်တဲ့ အခြေခံဖြစ်တယ်။

သင့်ရဲ့ခန္ဓာကိုယ်၊ ခံစားချက်၊ အသက်အရွယ်၊ အသားအရေ၊ အရပ်၊ တန်ဖိုးများနှင့်အညီ ရွေးချယ်ပါ။ မှန်ကန်တဲ့ အဝတ်အစား၊ ဖိနပ်၊ အိတ် နှင့် မိတ်ကပ်ခြယ်သမှုတွေကို ရွေးချယ်ရာမှာလည်း အရေးကြီးလှပါတယ်။

ဖက်ရှင်နှင့် စတိုင်ဆိုတာဘာလဲ?

1
ဖက်ရှင်ဆိုတာဟာ လူကြိုက်များတာ သို့မဟုတ် ခေတ်ရှေ့ပြေးနေတဲ့ အဝတ်အစား အသုံးအဆောင်တွေဖြစ်ပြီး ဖက်ရှင်ကနေဆင်းသက်လာတဲ့ ကိုယ်ရည်ကိုယ်သွေးတွေကနေတဆင့် ပြောပြနေတဲ့အရာကို စတိုင်လို့ခေါ်ပါတယ်။

Budget

5
ဈေးကွက်မှာ အသစ်ပေါ်လာတဲ့ ဖက်ရှင်trend တွေကို အမြဲတမ်းလိုက်နိုင်ဖို့ဆိုတာဟာ လုအများအားလုံးအတွက်တော့ မဖြစ်နိုင်လှပါဘူး။ ဖက်ရှင်ရေစီးကြောင်းအသစ်တွေနဲ့အတူသွားဖို့ လိုလားတဲ့သူတွေအနေနဲ့ Budget ဘက်မှာလည်း အာရုံစိုက်ဖို့ရှိရမယ်။ ဒါကြောင့်မို့ ကိုယ့်နဲ့ကိုက်ညီမှုရှိပြီး ဈေးနှုန်းသင့်တင့်တဲ့အရာတွေကို ရွေးချယ်ပါ။ မူရင်းကို ဝယ်ယူမယ့်အစား ပုံစံတူ အဝတ်အစားတွေကို ဆင်ယင်ကူးယူပြီး ဖက်ရှင်အဟောင်းတွေနှင့်အတူ ရောနှောပေါင်းစပ်ပါ။

ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိစေဖို့လိုအပ်တယ်

5
အဝတ်အစားတွေဟာ သင်တို့ရဲ့ခန္ဓာကိုယ်ကို လွှမ်းခြုံပေးဖို့ဖြစ်တယ်။ သင်တို့ရွေးချယ်လိုက်တဲ့ ဆင်မြန်းမှုတွေဟာ သင်တို့ရဲ့ အတွေးအခေါ်အနေအထားနဲ့ ခံစားချက်တွေကို ဖော်ကျူးပြသနေတယ်။ ဒါကြောင့် အဝတ်အစားတစ်ခုကိုရွေးချယ်ရာမှာ trend နောက်ကိုမလိုက်ပဲနဲ့ သင့်ရဲ့စိတ်ကူးအာရုံထဲမှာရှိတဲ့ အရာတွေနဲ့ သင့်ရဲ့ကိုယ်ပိုင်စတိုင်ကို ဖော်ထုတ်လိုက်ပါ။

အကြံဥာဏ်ကောင်းတွေနဲ့အတူ သင့်ရဲ့စတိုင်ကိုဖော်ထုတ်ပါ

7
သင့်ရဲ့ပြီးပြည့်စုံပြီး ထူးခြားလှတဲ့ အသွင်အပြင်တွေနဲ့ ဖက်ရှင်ကမ္ဘာကြီးကို ပြသလိုက်ပါ။ သင်တို့အနေနဲ့ အရောင်ရွေးချယ်မှုနှင့် အထည်စတွေကိုရွေးချယ်ရာမှာ အာရုံစူးစိုက်မှုရှိရမယ်။ ဘယ်လိုအဝတ်အစားတွေဟာ သင့်ရဲ့ရုပ်သွင်နဲ့ကိုယ်ရည်ကိုယ်သွေးကိုဖော်ပြမလဲဆိုတာကို ရှာဖွေစမ်းသပ်ပါ။

 

Author:TDA

Read 1040 times
Rate this item
(1 Vote)