converse ဖိနပ်တွေဟာ သက်တောင့်သက်သာလည်းရှိပြီး အထာလည်းကျတာကြောင့် လူတော်တော်များများက နှစ်ခြိုက်ကြပါတယ်။
သင့်အနေနဲ့ ဂျင်းဘောင်းဘီရှည်ဝတ်မှ၊ sport wear တွေ ၀တ်မှ converse ဖိနပ်တွေကို စီးရမယ်လို့ ထင်နေရင်တော့ မှားနေပါပြီ။ converse ဖိနပ်တွေနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တွေအများကြီးထဲကမှ လူငယ်ဆန်ပြီး ဆန်းသစ်တဲ့ ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) လွတ်လပ်တဲ့မိန်းကလေး

ဘောင်းဘီတိုနဲ့ crop top နဲ့ အပေါ်ထပ်အင်္ကျီနဲ့ အရမ်းကိုလွတ်လပ်တဲ့ပုံစံပေါက်နေမှတော့ ဖိနပ်ကို converse ပဲစီးတော့တာပေါ့။
(၂) plus size မမလှလှ

ဒေါက်ဖိနပ်နဲ့ဆို ခြေထောက်နာနေဦးမယ်။ converse နဲ့ဆိုတော့ ပိုတောင်အထာကျနေသေး…။
(၃) စကတ်နဲ့လက်ပြတ်

အင်္ကျီလက်ပြတ် ၊ စကတ်အတိုနဲ့ converse ဖိနပ်နဲ့…သိပ်လန်းနေတဲ့ မိန်းကလေး…။
(၄) Hot Short

fashion အလန်းလေးနဲ့ converse ဖိနပ်လေးနဲ့တွဲပြီးတဲ့နောက် ဦးထုပ်လေး ဆောင်းလိုက်တော့ perfect ဖြစ်သွားပြီပေါ့…။
(၅) Festival သွားဖို့…

edm ပွဲတွေကြိုက်တဲ့ ပျိုမေတို့အနေနဲ့ ပွဲသွားတဲ့အခါ walking shoe ထူထူထဲထဲကြီးတွေစီးမယ့်အစား ပေါ့ပေါ့ပါးပါး converse ပဲစီးမယ်ဆိုရင် ပိုအဆင်ပြေပါလိမ့်မယ်။ ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ ဖက်ရှင်နဲ့ converse ဖိနပ်နဲ့ တခြား accessories လေးတွေနဲ့ပေါင်းလိုက်မယ်ဆို festival အတွက် ပြီးပြည့်စုံတဲ့ ဖက်ရှင်ဖြစ်ပါလိမ့်မယ်။
အမိုက်စား Suit ဖက်ရှင်ဒီဇိုင်းတွေ
(၆) မိန်းကလေးဆန်ရအောင်

ဂါဝန်အတိုအကပ်လေးနဲ့ ဂျင်းရှပ်နဲ့ converse ဖိနပ်နဲ့ဆို မိန်းကလေးဆန်ချင်သူလေးတွေနဲ့ကိုက်ညီမယ့် ဖက်ရှင်ပါ။
(၇) ဂျင်းဘောင်းဘီနဲ့…

ဘယ်တော့မှ မရိုးမယ့် အတွဲအစပ်ပေါ့။ ဂျင်းဘောင်းဘီနဲ့ Tee လေးတွေနဲ့ converse က အမြဲတမ်းအတွက် အလိုက်ဖက်ဆုံးပါပဲ။
Source:aunty may
			    
					
		  	



