Next Generation ဆိုင်ကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ Junction Mawtin ၏ ပထမထပ်တွင်
ဖွင့်လှစ် ထားကြောင်း သိရပါတယ်။
Next Generation ရဲ့ ရန်ကုန်မြို့ရှိ ဆိုင်ခွဲများမှာ Myanmar Plaza, Tawwin Center, Junction Square, Junction Mawtin, Junction-8, Junction Zawana, ဂမုန်းပွင့် (စံရိပ်ငြိမ်), လှည်းတန်း Center, Dagon Center, Yankin Center နှင့် City Market Supermarket (Pinlon) တို့တွင် ဖွင့်လှစ်ထားကြောင်း သိရပါတယ်။
ယင်းဆိုင်တွင် နောက်ဆုံးပေါ် ယောက်ျားလေးဝတ် စပို့ရှပ်အင်္ကျီများ၊ ရှပ်အင်္ကျီလက်တို၊ လက်ရှည်၊ ဘောင်းဘီအရှည်၊ အတို၊ ဦးထုပ်၊ ခါးပတ်နှင့် ပွဲတက်ရှူး ဖိနပ်များကိုလည်း ရနိုင်ပါတယ်။
၎င်းအပြင် နောက်ဆုံးပေါ် မိန်းကလေးဝတ် စပို့ရှပ်အင်္ကျီများ၊ အခြားလက်တို၊ လက်ရှည်အင်္ကျီများ၊ ဂါဝန်များ၊ ဘောင်းဘီရှည်/တို၊ စကတ်အရှည်/အတိုများ၊ မိန်းမလက်ကိုင်အိတ်များနှင့် ဖိနပ်များကိုလည်း ရနိုင်ပါတယ်။
ဆိုင်ရှိ အထည်များနှင့် ပစ္စည်းများကို ယိုးဒယားနှင့် တရုတ်ပြည်မှ တင်သွင်းပြီး အထည်များကို S, M, L, HL ဆိုဒ် လေးမျိုးအစားစားရှိကြောင်း သိရပါတယ်။
ဆိုင်ရှိ ပစ္စည်းဈေးနှုန်းမှာ အရမ်းတန်ပြီး ပေါ့ပေါ့ပါးပါးရှိတာကြောင့် ၀တ်လို့ကောင်းတယ်လို့ ၀ယ်ယူသူများ၏ ပြောကြားချက်အရ သိရပါတယ်။ ဈေးနှုန်းများမှာလည်း ၁၀၀၀၀ ကျပ်နှင့်အထက် ဈေးနှုန်းအစားစား ရှိကြောင်း သိရပါတယ်။
ဆိုင်ကိုသွားဖို့ မအားလပ်သူများများအတွက် Next Generation Online Shop တွင်လည်း မှာယူနိုင်ကြောင်း သိရပါတယ်။ နယ်မှ မှာယူလိုသူများ ကားဂိတ်အရောက်ပို့စနစ်ဖြင့်လည်း ၀န်ဆောင်မှုပေးထားကြောင်း သိရပါတယ်။ ၎င်းအပြင် Online ကနေ မှာယူချင်တယ်ဆိုရင်တော့ အောက်ပါဖုန်းနံပါတ်ကိုလည်း ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။
09-458046112, 09-458046113, 09-458046114
Junction Mawtin – 1st Floor
01-655829