ကိုယ်ချစ်ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်း၊ ဆွေမျိုးများထဲမှ မင်္ဂလာဆောင်တဲ့အခါ မင်္ဂလာပွဲကို တက်ရောက်ဖို့ ဖိတ်ကြားတာဟာ တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ အရာပါပဲ။ အဲ့လို ပျော်ရွှင်စရာကောင်းတာတွေနဲ့အတူ မင်္ဂလာပွဲမှာ ဘယ်လို လှပကျော့ရှင်းအောင် ဝတ်ဆင်သွားရမလဲဆိုတာလဲအရေးကြီးလှပါတယ်။
မိန်းကလေးများအတွက် အင်္ကျီချုပ်ဖို့အချိန်ကလဲမရှိတဲ့အခါ ဘယ်လို ဝတ်စုံမျိုးကို ရွေးချယ်ရမလဲ စဉ်းစားရတာဟာ ခေါင်းရှုပ်စရာတစ်ခုပါပဲ။ ဒီလို ပြဿနာတွေကို ဖြေရှင်းနိုင်အောင် ဖက်ရှင်လည်းကျပြီး လှပနေမယ့် မင်္ဂလာပွဲတက်ဖက်ရှင်လေးတွေကို ပြောပြပေးချင်ပါတယ်။
၁။ အရောင်နုနု dress
ဒီိလို အရောင်နုနု bodycon dress တွေကို ရွေးချယ်ခြင်းဟာ သင့်ကို ပိုငယ်ရွယ်စေပြီး လှပနေမှာအမှန်ပါပဲ။ ဖိနပ်ကိုတော့ ဘော်ကြယ်ထိုးထားတဲ့ heel ဒါမှမဟုတ် nude ကာလာ heel လေးတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင် ပြီးပြည့်စုံတဲ့ outfit လေးဖြစ်သွားမှာပါ။
၂။ အတွန့်အဖတ်တွေပါတဲ့ midi dress
တကယ်လို့ သင်ဟာ ကိုယ်ဝန်ဆောင်နေတဲ့သူ တစ်ယောက်ဆိုလျှင် ဒီဝတ်စုံလေးကို ရွေးချယ်မယ်ဆိုရင် သင့်အတွက် သက်တောင့်သက်သာရှိပြီး လှပကြော့ရှင်းနေမှာပါ။ ပလက်ဖောင်း heel လေးနဲ့ ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ ငွေရောင်လက်ကိုင်အိတ်နဲ့ ရိုးရှင်းတဲ့ပုလဲလည်ဆွဲ လေးနဲ့သာ ဝတ်ဆင်လိုက်မယ်ဆိုရင် ဖက်ရှင်ကျပြီး လှပနေမှာ အမှန်ပါပဲနော်။
၃။ အစိမ်းရောင် mini dress
အစိမ်းရောင်ဟာ ထူးကဲလှတဲ့ မင်္ဂလာပွဲတက်အရောင်ဖြစ်ပြီး တောက်ပမှုတွေကို သင်ဆီသို့ ချက်ချင်းယူဆောင်လာပေးမှာပါ။ ဖိနပ်၊ accessories၊ ပြောင်လက်တဲ့ ကတ္ထီပါ အိတ်တွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင် စတိုင်ကျနေမှာ အသေချာပါပဲ။
၎။ စကပ်နှင့် Crop Top
ဒီ outfit ကိုတော့ အမျိုးသမီးတွေ အကြိုက်နှစ်သက်ဆုံး ဖြစ်ပြီး တကယ်လို့ သင်နှစ်သက်တယ်ဆိုရင် စမ်းကြည့်သင့်ပါတယ်။ pantsuit ၊ crop top၊ peplum skirt တွေဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ dress ကိုမတူညီတဲ့ accessories တွေနဲ့ ဆင်မြန်းပြီး ကျားသစ်ရောင်ပုံစံရှိတဲ့ အိတ်တွေနဲ့ တွဲဖက်လိုက်မယ်ဆိုရင် သင်ဟာ အလွန် လှပကြော့ရှင်းနေမှာနော်။
၅။ အပြာရောင် off shoulder pantsuit
တကယ်လို့ သင်ဟာ မင်္ဂလာပွဲသွားဖို့ ဆုံးဖြတ်ထားပြီဆိုရင် ဒီ outfit က သင့်ကို စမတ်ကျစေမှာအသေချာပဲ။ ကြိုးသိုင်းဒေါက်တွေနဲ့ တွဲဖက် ဝတ်ဆင်နိုင်ပါတယ်။ အကယ်၍ သင်ဆံပင်ဟာ ရှုပ်ပွနေခဲ့ရင် ဆံပင်ကို အပြောင်သိမ်းထုံးလိုက်မယ်ဆိုရင်တော့ သင်မျက်နှာ ပေါ်လွင်လှပနေမှာပါနော်။
၆။ Maxi Dress
maxi dress လေးကိုရွေးချယ်လိုက်မယ်ဆိုရင် လွင့်လွင့်လေးနဲ့ ချစ်စရာကောင်းပြီး လှပနေမှာနော်။ ကြိုးသိုင်းဒေါက်လေးနဲ့ တွဲဖက်စီးနိုင်ပါတယ်။
၇။ ပိုးသားနဲ့ပြုလုပ်ထားတဲ့ဂါဝန်
ဒီဝတ်စုံ ကတော့ လှပ ထည်ဝါစေပြီးတော့ စိန်မှုန်လေးတွေနဲ့စီခြယ်ထားတာဖြစ်ပါတယ်။ လည်ပင်းဒီဇိုင်းလေးက ဆန်းသစ်ပြီး သင့်ကိုဆွဲဆောင်မှု ရှိစေမှာ အသေချာပဲနော်။ ပြောင်လက်တဲ့ အိတ်လေးနဲ့အတူ ကြိုးသိုင်းဒေါက်လေးနဲ့ပါ ရွေးချယ်ဝတ်ဆင် နိုင်ပါတယ်။
၈။ဒီဇိုင်းဆန်း ရွှေရောင် Dress
ရွှေရောင် dress တွေကို လွန်ခဲ့သောနှစ်များစွာတွေထဲက ဝတ်ဆင်သူများ ရုံသာမက ဆွဲဆောင်မှုရှိပြီး လှပတင့်တယ်စေတဲ့ အရောင်ပဲဖြစ်တယ်။ သင့်အနေနဲ့ ဒီလို dress တစ်ခု ပိုင်ဆိုင်ထားသင့်ပါတယ်။ ပြင်ဆင်ခြယ်သမှုတွေနဲ့အတူ အနီရောင် နှုတ်ခမ်းနီ ရင့်ရင့်လေးသာဆိုးလိုက်မယ်ဆိုရင် မြင်သူတကာ ငေးလောက်အောင် ဆွဲဆောင်မှုရှိနေမှာနော်။
၉။ အပြာရင့်ရောင် ရေသူမပုံစံ maxi dress
အကယ်၍ မင်္ဂလာပွဲနေရာဟာ ခမ်းနားထည်ဝါလှတဲ့ နေရာဆိုရင် သင့်အတွက် ဒီ dress က မဖြစ်မနေ လိုအပ်ပါတယ်။ ခန္ဓာကိုယ် ပေါ်လွင်လှပတဲ့ dress တစ်ခုပါပဲ။ accessories တွေ ဝတ်ဆင်စရာမလိုပဲ ဒီဝတ်စုံကနေ သင့်ရဲ့အလှတရားတွေကို ပြောပေးပါလိမ့်မယ်။
၁ဝ။ ဇာဒီဇိုင်း off shoulder Dress
မင်္ဂလာပွဲနဲ့ ဇာဟာ အလိုက်ဖက်ညီဆုံး outfit တစ်ခုပါပဲ။ ပခုံးလျှော ဒီဇိုင်းလေးနဲ့ ဝတ်ဆင်လိုက်မယ်ဆိုရင် ပြောနေစရာမလိုလောက်အောင် လှပနေမှာအမှန်ပဲလေ။
၁၁။ Pencil Skirt
pencil skirt ကို ခန္ဓာကိုယ် ကျစ်လျစ်သွယ်လှတဲ့သူတွေ၊ ပြည့်ပြည့်ဝဝ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူများ၊ သတ်လတ်ပိုင်းအမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေအတွက် မင်္ဂလာပွဲတက်ရာမှာ ရှိသင့်တဲ့ skirt လေးပါပဲ။ pencil skirt ဟာဖက်ရှင်ရေစီးကြောင်းမှာလဲ ခေတ်ရှေ့ပြေးနေပြီး ခန္ဓာကိုယ် ပေါ်လွင်လှပစေတဲ့ skirt ပါပဲ။ အဖြူရောင် sandal လေးနဲ့ တွဲဖက်လိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ အလှတရားကို ရရှိမှာပါ။
အခုပြောပြပေးလိုက်တဲ့ မင်္ဂလာပွဲတက် ဝတ်စုံလေးတွေက သင့်အတွက် အဆင်ပြေပြီး လှပနေမယ်လို့ထင်ပါတယ်နော်။
TDA