တချို့ကောင်မလေးတွေက ကိုယ့်ကိုယ်ကိုဝတယ်ဆိုပြီး ဘယ်လိုအဝတ်အစားမျိုးတွေဝတ်ရမှန်းမသိ ဖြစ်နေကြပါတယ်။ အတိုတွေဝတ်ရင်လည်း ခြေသလုံးကြီးလို့ဆိုပြီး မဝတ်ရဲပဲဖြစ်နေကြတာတွေ့ရပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေဖို့က အဓိကပါပဲ။ ဒါကြောင့် ဝတုတ်မလေးတွေအတွက် ချစ်စရာကောင်းနေစေမယ့် ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဝတဲ့ကောင်မလေးတွေက ဘောင်းဘီကိုကျပ်တာတွေမဝတ်ပဲ နည်းနည်းပွတဲ့ဘောင်းဘီတိုလေးတွေကို ဝတ်ဆင်ပါ။ ဒီလိုဘောင်းဘီမျိုးကိုဝတ်ရင်တော့ အင်္ကျီကို ကိုယ်ကျပ်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပေးပါ။ ဒီဖက်ရှင်လေးက သင့်ကိုကြည့်ရမဆိုးစေပဲ ချစ်စရာကောင်းစေမှာ သေချာပါတယ်။

ဝတဲ့ကောင်မလေးတွေက ဂါဝန်တိုလေးတွေဝတ်ရင် အရမ်းချစ်စရာကောင်းပါတယ်။ ဒါပေမယ့် ဂါဝန်ကို အရမ်းကားတာတွေ အရမ်းပွတာတွေတော့ မဝတ်သင့်ပါဘူး။ ဒါတွေက လူကိုပိုဝစေပါတယ်။ ဒါကြောင့် ချစ်စရာကောင်းပြီးလှပတဲ့ ဂါဝန်တိုလေးတွေကို ဝတ်ဆင်ပေးတာဟာ သင်နဲ့လိုက်ဖက်မှုပိုရှိစေပါတယ်။

Jumpsuit လေးတွေကလည်း ဝတဲ့ကောင်မလေးတွေနဲ့ လိုက်ဖက်ပါတယ်။ ဒီဖက်ရှင်လေးကျတော့ အရမ်းလည်းမကျပ်သလို၊ အရမ်းလည်းမပွပါဘူး။ ဝတ်ရတာလည်း သက်တောင့်သက်သာရှိစေတော့ အရမ်းအဆင်ပြေစေမှာပါ။ ဒါကြောင့် ဝတဲ့ကောင်မလေးတွေအနေနဲ့ ဒီဖက်ရှင်လေးကိုလည်း ရွေးချယ်သင့်ပါတယ်။

All Black Fashion လေးကလည်း ဝတဲ့သူတွေဝတ်ရင် ပိန်သွားသလို ဖြစ်စေပါတယ်။

Source: We Media
			    
					
		  	



