What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ထွင်းဖောက်မြင်သာ ဖက်ရှင်

ထွင်းဖောက်မြင်သာ ဖက်ရှင်ဟာ ရှေးခတ်ကတည်းက ရှိနေခဲ့တာ ဖြစ်ပြီး ပျောက်ချီတစ်ခါ ပေါ်ချီတစ်လှည့်ဖြင့် ဖက်ရှင်သမိုင်းမှာ တည်တံ့နေခဲ့ပါတယ်။
ထွင်းဖောက်မြင်သာ ဖက်ရှင်မှာ အသုံးများကြတာ ဇာပါလွှားနဲ့ ငါးဖမ်းပိုက်ကွန်တို့ ဖြစ်ပါတယ်။


အလှူပွဲ တက်ရောက်တာ ထွင်းဖောက်မြင်သာဇာသားထည် ဆင်မြန်းတဲ့ နာမည်ကျော် သရုပ်ဆောင်တစ်ဦးကို ရင်ညွှန့်ပေါ်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်သံတွေ ထွက်ပေါ်ခဲ့တယ်။ အဓိက ထောက်ပြကြတာကတော့ နေရာနဲ့ အ၀တ်အစား မကိုက်ညီတဲ့အချက် ဖြစ်ပါတယ်။
ထွင်းဖောက်မြင်သာ အ၀တ်အစားတွေကို အမျိုးသမီးတွေ ၀တ်ဆင်တဲ့အခါ ယခုလို ဝေဖန်သံတွေ ထွက်ပေါ်လေ့ ရှိတယ်။


ဖက်ရှင်ဝတ်တဲ့အခါ လွန်လွန်ကဲကဲ အဆန်းထွင်တဲ့ စူပါမော်ဒယ် အဆိုတော် ရီဟားနား လည်း ဝေဖန်ခံရဖူးတယ်။
Council of Fashion Designers of America (CFDA) ရဲ့ ၂၀၁၄ ခုနှစ် ဆုပေးပွဲကို ရီဟားနား တက်ရောက်ပြီး ဆုယူတော့ ၀တ်ဆင်လာတဲ့ ၀တ်စုံက ဇာပါးဝတ်စုံလို့ ထင်ကြရတယ်။ တကယ်တော့ ငါးဖမ်းပိုက်မှာ ခရစ္စတယ်ပွင့်တွေ အစီအရီ ကော်ကပ်ပေးထားတာ ဖြစ်ပါတယ်။

rihannarihanna2

 

Swarovski ခရစ္စတယ် လက်ဝတ်ရတနာလုပ်ငန်းမှ ခရစ္စတယ်အပွင့်ပေါင်း
တစ်သိန်းသုံးသောင်းကျော်ကို ငါးဖမ်းပိုက်ကွန်မှာ ကပ်ပေးထားတယ်။ ခရစ္စတယ်ပွင့်တွေကို တစ်ပွင့်ချင်းစီ ဇာဂနာဖြင့် ယူပြီး ကပ်ပေးရတာ ဖြစ်ပါတယ်။

crystal

သွေးတူမွေးတူ လက်အိတ်တွေကိုလည်း အလားတူပင် ဖန်တီးပေးတဲ့အပြင် ခေါင်းအုပ်ပုဝါကိုပါ စီစဉ်ပေးထားတယ်။ အသားရောင် အတွင်းခံဘောင်းဘီကလွဲရင် ပိုက်ကွန်ဝတ်စုံအောက်မှာ တခြားဘာမှ ၀တ်မထားတဲ့အတွက် ရီဟားနား အပြင်းအထန် ဝေဖန်ခံရပြီး အဲဒီပိုက်ကွန်ဝတ်စုံဟာ နာမည်ဆိုးဖြင့် ကျော်ကြားသွားခဲ့ပါတယ်။

adam selman
ဒီဇိုင်နာ Adam Selman ရဲ့ စိတ်ကူးစိတ်သန်း ဖြစ်ပါပြီး ရှေးယခင်ကလည်း ဟောလီဝုဒ်မှာ အခုလို စိတ်ကူးနဲ့ ဒီဇိုင်ထုတ်ထားတဲ့ ဖက်ရှင် ရှိခဲ့ဖူးပါတယ်။

အဲဒီအလို အပြကြမ်းတဲ့ ၀တ်စုံမျိုးတွေကို Naked dresses လို့ ခေါ်ကြတယ်။ ဗလာဝတ်စုံလို့ ဘာသာပြန်ရမယ် ထင်တယ်။ ၀တ်စားထားတာမှန်ပေမဲ့ အရေပြားကို မြင်သာနေတဲ့နေရာက ပိုများနေတယ်။ derrière လို့ ပြောကြတဲ့ ကျောဘက်ပိုင်းမှာ ဖော်ပြထားတဲ့နေရာ များပြားနေတယ်။

အခုလို ၀တ်စုံမျိုးကို မ၀တ်ဆင်သင့်ဘူးလို့ ပြောဆိုတာဟာ အမျိုးသမီးများကို ခွဲခြားနှိမ်ချပြီး ဆုံးဖြတ်တာလို့ ယခုအခါ ယူဆလာကြတယ်။ ဒီတော့ တန်းတူလွတ်လပ်မှု ရရှိဖို့ free the nipple movement လိုမျိုး campaign လှုပ်ရှားမှု ပြုကြတာတွေလည်း ရှိနေတယ်။

 

ဝတ်ဆင်တဲ့ အမျိုးသမီးအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု အပြည့်ရှိဖို့ လိုတယ်။ ရဲတင်းရတယ်။ စိတ်ထဲမှာ မလုံမလဲ ဖြစ်နေရင် မ၀တ်တာ ကောင်းမယ်။ ပြီးတော့ ဓာတ်ပုံတွေထဲမှာ လှပတင့်တယ်နေမယ်ဆိုတာ သေချာနေဖို့ လိုပါတယ်။

အစွန်းမရောက်တဲ့ ဖြေရှင်းနည်းတစ်ခုကတော့ ထင်ယောင်ထင်မှား illusion ဖက်ရှင် နည်းလမ်း ဖြစ်ပါတယ်။ ထွင်းဖောက်မြင်သာတာကို အတွင်းမှ အသား တစ်ထပ်ခံထားပြီး ၀တ်ဆင်တာပဲ ဖြစ်ပါတယ်။

moe

Designer Kaung Myat
Photographer. Nay Min Tun 
Retouched. Nay Min Tun 
Amazing Grace 
09793441739

Read 1163 times
Rate this item
(4 votes)