ဖက်ရှင်ဆိုတဲ့ ရေစီးကြောင်းက ခေတ်တွေဘယ်လိုပြောင်းပြောင်း တကျော့ပြန် ပြန်ရောက်လာကြတာပါ။ ဇာဝတ်စုံတွေကို အမျိုးသမီးတိုင်းက နှစ်သက်မြတ်နိုးစွာ ၀တ်ဆင်တတ်ကြပါတယ်။
ထသွားထလာ ၀တ်စုံကနေ ပွဲတတ်မင်္ဂလာဝတ်စုံအထိ မရိုးနိုင်တဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ ဇာဝတ်စုံက ၀တ်ဆင်သူကို ကျက်သရေရှိစေပြီး မိန်းကလေးဆန်စေပါတယ်။ ဇာဝတ်စုံတွေကို မြန်မာဆန်ဆန်ချုပ်ဝတ်ရတာ ရိုးနေလို့ မ၀တ်ချင်တော့တဲ့ ပျိုမေတွေအတွက် ခေတ်ဆန်ဆန်လေးဖက်ရှင်ကျအောင် ၀တ်ဆင်ဖို့ ဒီဇိုင်းလေးတွေပါ။
အနက်နဲ့အဖြူရောင်ဇာဝတ်စုံက အမြဲတမ်း ခေတ်မှီပြီး လူကြိုက်များပါတယ်။ ဒါပေမယ့် တခြားအရောင်များကိုလည်း ၀တ်ဆင်ကြည့်ဖို့ မကြောက်ပါနဲ့။ ဒီဝတ်စုံတွေက အရောင်အဆင်းအမျိုးမျိုးရှိပြီး လက်ကိုင်အိတ်၊ ဖိနပ်တွေနဲ့လည်း ကိုက်ညီနိုင်ပါတယ်။ ဇာဝတ်စုံကို စကတ်၊ ကုတ်အကျီ င်္၊ဂျင်း၊ ဘောင်းဘီကျပ်ကျပ်စတာတွေနဲ့ ၀တ်ဆင်လို့ရပါတယ်။
ဇာအနက်ရောင် ဂါဝန်အတို
ဇာအကျီ င်္ခါးတိုနှင့် စကတ်ရှည်
ဇာဝမ်းဆက်နှင့် ဘွပ်ဖိနပ်အရှည်
ဇာဂါဝန်နဲ့ ကုတ်အကျီ င်္
ဇာဂါဝန်တိုနှင့် ဒေါက်အမြင့်
ဇာကုတ်အကျီ င်္
ဇာစကတ်တိုဒီဇိုင်း
ဇာဂါဝန်တိုနဲ့ ဆွယ်တာ
ဇာဝတ်စုံနဲ့ ဂျင်းဂျက်ကက်
လယ်သာဘောင်းဘီနက်နဲ့ ဇာအကျီ င်္အဖြူ
ဇာခါးတိုနဲ့ ပြီးပြည့်စုံတဲ့ ဦးထုပ်
ဇာဂါဝန်နဲ့ ပွဲတတ်ဒီဇိုင်း
အနက်ရောင်ဇာဂါဝန်ရှည်
ဗီလည်ပင်းပုံစံ အကျီ င်္ဆိုရင် လည်ဆွဲမ၀တ်ဆင်ပါနဲ့။ ဒါကအကြည့်ရဆိုးစေပါတယ်။ ၀တ်စုံနဲ့အတူ ရိုးရှင်းတဲ့ ပုတီး ၀တ်ဆင်နိုင်ပါတယ်။
Source:Lifestyle Myanmar