Overall ဂျင်းအင်္ကျီဟာ မိန်းကလေးတွေအတွက် လွတ်လပ်ပြီး လူငယ်ဆန်တဲ့ ဖက်ရှင်တစ်ခုပါပဲ။ကလေးတွေ လူငယ်တွေအတွက်မှမဟုတ်ပါဘူး။ သင်လည်း ပေါ့ပေါ့ပါးပါး နဲ့ ချစ်စရာကောင်း တဲ့ overall ဂျင်းလေးကို ရွေးချယ်နိုင်ပါတယ်။
လွန်ခဲ့တဲ့ရာစုနှစ်တွေထဲက overall ဂျင်းဟာ ရေပန်းစားခဲ့ပြီး လူများအပြား ဝတ်ဆင်ခဲ့ကျပါတယ်။ ဒါကြောင့် သင်လည်း overall ဂျင်းကို ဝတ်ဆင်ဖို့ ကြိုးစားသင့်တယ်နော်။ Overall ဂျင်းအင်္ကျီကို ဘယ်လိုပုံစံတွေနဲ့ တွဲဖက်ဝတ်ဆင်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။
1.Overall with Off Shoulder

ဂီတ ဖျော်ဖြေပွဲတွေ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ night out ထွက်တဲ့အခါမျိုးတွေမှာ off shoulder လေးနဲ့ တွဲဖက် ဝတ်ဆင်လိုက်မယ်ဆိုရင် လူအများကြား ချစ်စရာကောင်းပြီး ပေါ်လွင်နေမှာပါ။
2.White mini Overall

အဖြူရောင် mini overall ဂျင်းလေးဟာ သင့်ကို ပေါ့ပေါ့ပါးပါး နဲ့ သက်တောင့်သက်သာ ရှိစေပြီး စတိုင်ကျနေမှာ အမှန်ပါပဲ။ တီရှပ်ပြောင်နဲ့ sneaker လေးသာ ဝတ်လိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ outfit တစ်ခုဖြစ်သွားမှာပါ။
3.Overall with Crop Top

မိန်းကလေးတိုင်း crop top ကို စကပ်၊ short pant လေးတွေနဲ့ တွဲဖက်ဝတ်ဆင်လေ့ ရှိကျမှာပါ။ အခု တစ်ခါမှာလဲ overall ဂျင်းနဲ့ ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ အထာကျပြီး မိုက်နေမှာနော်။
4.Overall skirt

overall skirt ကို converse shoe နဲ့သာ ဝတ်လိုက်မယ်ဆိုရင် ကလေးလေး တစ်ယောက်လို ချစ်စရာကောင်းနေမှာပါ။
5.Torn Overall Dress

overall ဂျင်းပြဲ ဒီဇိုင်းဟာ သင့်ကို ဖက်ရှင်ကျပြီး မိုက်နေပါလိမ့်မယ်။ ပါတီပွဲ သွားဖို့ ဝတ်ဆင်ချင်ရင်တော့ ပြောင်ပြောင်လက်လက် crop top လေးနဲ့ ဝတ်လိုက်ရင်တော့ အမိုက်စားဖြစ်နေမှာနော်။
6.Short Overall Dress

short overall ကို t-shirt လေးနဲ့ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။ ပေါ့ပါးပြီး ချစ်စရာကောင်းနေမှာပါ။
7.Denim Overall with Ruffle Top

လက်နားမှာ အတွန့်အဖတ်လေးတွေ ပါတဲ့ top လေးကို overall ဂျင်းလေးနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ထူးခြားပြီး ချစ်စရာကောင်းနေပါလိမ့်မယ်။
8.Complete Denim Overall

jumpsuit ပုံစံ ရှိတဲ့ overall ပုံစံလေးက သင့်ကို မယုံကြည်နိုင်လောက်အောင် တစ်မူ ထူးခြားစေမှာ ဖြစ်ပါတယ်။
9.Striped Overall Dress

အစင်းအကွက် ဒီဇိုင်း overall ကို t-shirt လက်ရှည်အပြည့်၊ ကြိုးသိုင်းဒေါက် နှင့်အတူ smokey eye ကိုပါ ခြယ်သ လိုက်မယ်ဆိုရင်တော့ လုံးဝ အံ့အားသင့်ဖွယ် ဖြစ်သွားပါလိမ့်မယ်။
TDA





