တခါတရံမှာ လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးဘဲ နေချင်တဲ့ ကောင်မလေးတွေအတွက် ဖက်ရှင်ပုံစံအမျိုးအစားတွေထဲကမှ ဘောင်းဘီအတိုလေးတွေလည်း မပါမဖြစ်ပါပဲနော်။ ဘောင်းဘီတိုဝတ်ရင် အများအမြင်မှာ ရိုင်းသလို ထင်ရပေမယ့် နေလို့ထိုင်လို့ ကောင်းစေတာတော့ အမှန်ပါပဲ။
ကိုယ်တွေ မြန်မာနိုင်ငံလို ရာသီဥတုမှာ ဖရိုဖရဲရှည်ရှည်လျားလျားတွေ တစ်ချိန်လုံး ဝတ်ထားဖို့က သိပ်တော့ အဆင်မပြေလှပါဘူး။ အရပ်ပုတဲ့ကောင်မလေးတွေဆိုအတွက်ဆို Short လေးတွေက ခန္ဒာကိုယ်အချိုးအစားကို ဘယ်လိုဆန့်ထုတ်ပေးလဲဆိုတာ ပိုသိစေမှာပါ။ ဒါပေမယ့် အတိုတွေ ဝတ်လို့ အိမ်က ဆူနေပြီလား။ လူကြီးတွေရှေ့မှာ အမြင်မရိုင်းပဲ အဆင့်အတန်းရှိရှိလှနိုင်ဖို့ ဒီလို Outfit Idea လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်...။
Blazer


ခပ်ပွပွ လီနင်သား ဘောင်းဘီတိုလေးတွေကို Blazer လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ပုံမှန် Suit တွေထက် ပိုပြီး လူငယ်ဆန်စေတဲ့အပြင် Classic လည်းဖြစ်တာမို့ အတိုဝတ်ထားလည်း Smart ဖြစ်နေရောပဲ။ အောက်ကနေ Sneaker အဖြုလေးဖြစ်ဖြစ်၊ Heel လေးနဲ့ ဖြစ်ဖြစ် ကိုယ်သဘောကျတဲ့ပုံစံ ပြန်တွဲစပ်နိုင်တယ်နော်။
Turtle Neck

အောက်က အတိုလေးဝတ်ထားဖို့ အပေါ်ကနေ ဒီလို လည်ပင်းအပိတ် လည်ရှည်အင်္ကျီလေးနဲ့ ပြန်ထိန်းလိုက်ပါ။ ကြည့်ရမရိုင်းတဲ့အပြင် ခပ်မိုက်မိုက် အထာလည်းဖြစ်စေတာမို့ Try ကြည့်သင့်တဲ့ အတွဲအစပ်လေးပါ။
White Tee


ဂျင်းပြာနဲ့ အဖြုရောင် တီရှပ်ဆိုတာက ဘယ်တော့မှ မရိုးသွား၊ မဟောင်းသွားမယ့် Outfit Look လေးပါ။ ပေါ့ပေါ့ပါးပါး သူငယ်ချင်းတွေနဲ့ တွေ့တဲ့အချိန်မျိုးဖြစ်ဖြစ်၊ ကိုယ် သိပ်ပြီး အလှမပြင်ချင်တဲ့အချိန်မျိုးတွေမှာ ရှိုးထုတ်စရာမလိုပဲ အမိုက်စားဖြစ်နေစေမှာပါ။
Shirt


ခုနောက်ပိုင်း ခေတ်စားလာတဲ့ Floral Shirt ကနေ ရိုးရိုးရှင်းရှင်း White Shirt တွေနဲ့ပါ တွဲစပ်နိုင်တယ်နော်။ ကြည့်လိုက်တိုင်း ဈေးကြီးတဲ့ပုံစံပေါက်စေတဲ့အပြင် အချိန်အခါတိုင်းနဲ့ လိုက်ဖက်လို့ ဘာဝတ်ရမလဲ ခေါင်းကိုက်နေစရာမလိုတော့ဘူးပေါ့။
Myanmar Textile & Garment Guide





