ခုလို ရာသီဥတုအေးလာပြီဆိုရင် Casual Jacket တွေ ဝတ်ရတာ အတော်လေး အဆင်ပြေပါတယ်။ မနက်ခင်း နှင်းငွေ့မှုန်တွေအကြားမှာ Jacket ဝတ်ပြီး လျှောက်သွားရတာကလည်း Feel တစ်မျိုးပါပဲ။
လူငယ်တွေအတွက် Casual Jacket တွေက Brand မျိုးစုံ ရှိသလိုပဲ စတိုင်တွေကလည်း ကွဲပါတယ်။ လူငယ်ဆန်ပြီး အကြိုက်များတဲ့ Jacket ဒီဇိုင်းတွေထဲမှာ အခုပြောမယ့် Jacket တွေကို မေ့ထားလို့ မရပါဘူးနော်...။
(၁) Bomber Jacket


Bomber Jacket တွေ စပြီး ထွက်လာတာ ၁၉၅၀ ပြည့်လွန်နှစ်တွေက ဖြစ်ပါတယ်။ ဥရောပနဲ့ အမေရိကန်စစ်တပ်အတွက် စပြီး ထုတ်ခဲ့တာပါ။ Bomber Jacket တွေကို ပေါ့ပ်ယဉ်ကျေးမှုနဲ့လည်း တွဲတွေ့လေ့ရှိပြီး ကျော်ကြားသူတွေနဲ့ အားကစားသမားတွေလည်း အဝတ်များပါတယ်။
ပုံမှန်အားဖြင့် Bomber Jacket ကို Monochrome ကာလာတွေနဲ့ တွဲဝတ်လေ့ ရှိပါတယ်။ ပေါ့ပေါ့ပါးပါး ဝတ်ချင်ရင် T-Shirt / Hoodie တို့နဲ့ တွဲဝတ်နိုင်ပါတယ်။ ဆောင်းတွင်းဖြစ်လို့ Boot နဲ့ တွဲစီးရင် ပိုလိုက်ပါတယ်။
(၂) Leather Jacket


Leather Jacket ဆိုတာနဲ့ Biker တစ်ယောက်ကို မြင်ယောင်မိပါလိမ့်မယ်။ အသားလတ်သူအဖို့ Leather Jacket ကို အညိုရောင်/အနက်ရောင်တွေရွေး ဝတ်တာ ပိုကောင်းပါတယ်။ All Black Outfit ဆိုရင်တော့ ဆွဲဆောင်မှုပိုရှိပါတယ်။ Leather Jacket ဝတ်မယ်ဆိုရင် တီရှပ်နဲ့အပြင် ဆွယ်တာပါ အောက်က ခံဝတ်လို့ ရပါတယ်။
(၃) Denim Jacket

Classic အကျဆုံး Jacket တွေထဲမှာ Denim Jacket တွေလည်း ပါပါတယ်။ Denim Jacket တွေရဲ့ အားသာချက်က ပုံမှန်ရာသီဥတုမျိုးမှာပါ ဝတ်လို့ရတာ ဖြစ်ပါတယ်။ တအားမအေးတဲ့ အချိန်မျိုးမှာ Denim Jacket လေးကို တီရှပ်လောက်နဲ့ ဝတ်လို့ ရသလို ရာသီဥတုအအေးပိုလာပြီဆိုရင်တော့ အောက်မှာ Turtleneck ဆွယ်တာနဲ့လည်း ဝတ်နိုင်ပါတယ်။
Myanmar Textile & Garment Guide
Source:kwee.co
			    
					
		  	



