၂၀၂၀ ခုနှစ်အတွက် အမေရိကန် တေးဂီတဆုပေးပွဲအတွက် နောက်ဆုံးအပိုင်းကိုတော့ စိတ်လှုပ်ရှားဖွယ်ဖျော်ဖြေမှုတွေနဲ့အတူ Social-distancing အတိုင်းပဲ ဖျော်ဖြေကျင်းပခဲ့ကြပါတယ်။
ဒီနှစ်ဆုချီးမြှင့်ပွဲအခမ်းအနားဟာ အရင်က နှစ်တွေနဲ့ မတူတာလေးတွေ ရှိခဲ့ပါတယ်။ AMAs Winner တစ်ယောက်ဖြစ်တဲ့ Bad Bunny ဟာ ကိုဗစ်ကူးစက်မှုကြောင့် အခမ်းအနားကို မတက် ရောက်နိုင်ခဲ့သလို ဖျော်ဖြေမှုတွေကိုလည်း လက်လွတ်ခဲ့ရပါတယ်။ ဒါပေမယ့် ပွဲတက်ဖက်ရှင်တွေကတော့ တကယ့်ကို တန်ဖိုးကြီးပြီး လှပနေကြတာ တွေ့မြင်ရပါတယ်။ အခု ဖော်ပြပေးမှာကတော့ AMAs ပွဲရဲ့ အကောင်းဆုံး ပွဲတက်ဖက်ရှင်တွေပဲ ဖြစ်ပါတယ်...။
၁။ Laverne Cox

Laverne Cox ကတော့ သူမရဲ့ ရှည်လျားပြီး ဆွဲဆောင်မှု ရှိလွန်းတဲ့အရပ်နဲ့ လိုက်ဖက်ညီတဲ့ outfit တစ်မျိုးကို ဝတ်ဆင်ခဲ့ပါတယ်။ အချိုးအစားမညီတဲ့ bodysuit နဲ့အတူ ဘွဲ့ဝတ်ရုံလိုမျိုး ဂါဝန်ကို ဝတ်ဆင်ထားတာပါ။
၂။ Megan Fox & Machine Gum Kelly

ထူးခြားပြီး တော်တော်လေး ထင်ရှားတဲ့ ဝတ်စုံကို ဝတ်ဆင်လာတဲ့ Hot အဖြစ်ဆုံး စုံတွဲကတော့ Megan Fox နဲ့ Machine Gum Kelly တို့ပဲ ဖြစ်ပါတယ်။
၃။ Ciara
![]()
Red Carpet ပေါ်က အနီရောင်နှင့် အနက်ရောင်ပေါင်းစပ်ထားတဲ့ သတိမေ့မြောသွားစေမယ့် ဖက်ရှင်နဲ့ Ciara က လှပနေတာ တွေ့ရပါတယ်။
၄။ Christian Serratos

Selena ရဲ့ ကြယ်ပွင့်ဖြစ်တဲ့ Christian Serratos ကတော့ စနစ်ကျလွန်းတဲ့ စိန်ပွင့်ဝတ်စုံနဲ့ တောက်ပနေခဲ့ပါတယ်။
၅။ Maluma

ကိုလံဘီယာအဆိုတော် Maluma ကတော့ Red Carpet ပေါ်မှာ ထက်မြက်နေတဲ့အသွင်အပြင်မျိုးပေါ်လွင်နေပါတယ်။ J-Lo နဲ့အတူ စတိတ်စင်မှာပေါ် တွဲဖက်ဖျော်ဖြေခဲ့ပါသေးတယ်။
၆။ Jennifer Lopez

၇။ The Weeknd (Favorite Male Artist- Soul/R&B)

Winner ဆုရှင်က မတော်တဆမှုဖြစ်ပွားခဲ့သလိုမျိုး ၎င်းရဲ့ ဖက်ရှင်ကြောင့် ပရိသတ်တွေ အံ့အားသင့်ပြီး စိတ်ပူခဲ့ရပေမယ့် ၎င်းဖက်ရှင်နောက်ကွယ်မှာ အဓိပ္ပာယ်တစ်ခု ရှိနေပါတယ်။ လွန်ခဲ့တဲ့ လပေါင်း များစွာက The Weeknd ရဲ့ ဂီတဗီဒီယိုအသစ်အတွက် promote လုပ်ရင်း ဖြစ်ပွားခဲ့ဖူးတဲ့ တခုခုကြောင့် အရက်သောက်ပြီး မောင်းနှင်ခြင်းကို ဆန့်ကျင်တဲ့ message ကို ပေးချင်တာကြောင့် ဒီဖက်ရှင်ကို ဝတ်ဆင်လာတာပါတဲ့နော်..။
၈။ Dua Lipa

၉။ Shawn Mendes
![]()
၁၀။ Megan Thee Stallion (Favorite Song-Rap/Hip Hop)
![]()
၁၁။ BTS (Favorite Duo of Group-Pop/Rock),Favorite Social Artist

၁၂။ Becky G

၁၃။ Taraji P.Henson


၁၄။ Bebe Rexha

By Myanmar Textile & Garment Guide
Ref:panatimes,usmagazine





