ပျိုမေတွေအားလုံး ကိုယ့် ခန္ဓာကိုယ်အမျိုးအစားပေါ် လိုက်ပြီး ဘယ်လိုမျိုး အင်္ကျီလည်ပင်း ပုံစံတွေကို ရွေးချယ်သင့်ပြီး အင်္ကျီလည်ပင်းတွေဟာ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဘယ်လိုမျိုး ပြောင်းလဲစေတယ်ဆိုတာတွေကို ဝေမျှပေးလိုက်ရပါတယ်..။
The Halter Top

Halter ပုံစံကတော့ ဘယ်လိုခန္ဓာကိုယ်မျိုးကို မဆို မျှသွားအောင် လုပ်ပေးနိုင်စွမ်း ရှိနေတဲ့ လည်ပင်း ပုံစံမျိုးလေးတွေပါ။ ရင်သားကို လှပစေပြီးတော့ ခါးကိုလည်း သိမ်စေပါတယ်။
V-Neck

V-Neck ကတော့ အင်္ကျီလည်ပင်းပုံတွေ အကုန်လုံးထဲမှာ perfect အဖြစ်ဆုံး လို့ဆိုရမှာပါပဲ။ ဘယ်လို ရင်သားပုံစံ ၊ ဘယ်လို လည် ပင်းနဲ့ ဘယ်လို ခန္ဓာကိုယ်ပုံစံမျိုးနဲ့ မဆို လိုက်ဖက်ညီလှပါတယ်။
Off Shoulder

ပခုံးလျှောအင်္ကျီလေးတွေဟာ ရင်သားကြီးတဲ့လူတွေ၊ ရင်သားသေးလွန်းတဲ့ လူတွေနဲ့တော့ သိပ်အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် သူ့ကို ဝတ် မယ်ဆိုရင် ပုံမှန် ရင်သားနဲ့ ပခုံးသားရှိတဲ့လူတွေနဲ့ ပိုပြီးလက်ဖက်စေမှာပါ။
Turtle Neck

turtle neck ဟာ လည်ပင်းအရမ်းရှည်တဲ့လူတွေနဲ့ ရင်သားသေးတဲ့လူတွေအတွက် သူတို့ရဲ့အခက်အခဲကို ဖြေရှင်းပေးမှာပါ။ လည်ပင်းကနေ ခန္ဓာကိုယ်အထိ တစ်ဆက်တည်းဖြစ်နေတာကြောင့် ရင်သားကို ရှိတာထက် ပိုပြီး ဝံ့စေသလို ခံစားရမှာပါ။
Sweetheart Neckline
ကကြီးပုံ ရင်ဘတ်နဲ့ ရင်ပြတ်လေးကတော့ ခန္ဓာကိုယ်တိုင်းနဲ့ လိုက်ဖက်တဲ့ လည်ပင်းပုံစံမို့လို့ သူ့ကိုဝတ်တော့မယ်ဆိုရင်တော့ ဘာမှသိပ်မစဉ်းစားပါနဲ့။ ဒါပေမဲ့လည်း အရမ်းမကြပ်စေဖို့တော့ သတိထားပါ။
#auntymay





