ခန္ဓာကိုယ် သေးသေးသွယ်သွယ် ရှိသော ပျိုမေတို့ရေ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေး ဖြစ်နေလို့ စိတ်မညစ်နေပါနဲ့နော်။ ပိန်ပိန်သွယ်သွယ်လေး ဖြစ်နေပေမယ့် Outfits လှလှလေးတွေသာ ဝတ်လိုက်ရင် အရမ်းလှပတဲ့ မိန်းကလေး ဖြစ်နေမှာ သေချာပါတယ်။
သေးသွယ်တဲ့ ခန္ဓာကိုယ်လေးနဲ့ လိုက်ဖက်တဲ့ ဝတ်စုံလေးတွေက ဘာဖြစ်မလဲ၊ ဘယ်လိုရွေးချယ်တွဲဖက် ဝတ်ဆင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။
မီနီစကတ်

မီနီစကတ်လေးတွေက ချစ်စရာကောင်မလေးအသွင်ကို ပြောင်းပေးမှာပါ။ မီနီစကတ်လေးတွေ ဝတ်မယ်ဆိုရင်တော့ အပေါ်အင်္ကျီကို တီရှပ်လေးနဲ့ပဲ ဖြစ်ဖြစ် တွဲဝတ်ပါ။ မီနီစကတ်ကို ပေါင်အလယ်လောက်အနေအထားဆိုရင် ပိုပြီးတော့ လှမှာပါ။ မီနီစကတ် တစ်ထည်လောက်တော့ အနည်းဆုံး ရှိသင့်တယ်နော်။
ဂါဝန်တို

ဂါဝန်တိုလေးတွေကလည်း သေးသွယ်တဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်တဲ့ Outfits တစ်စုံပါပဲ။ လက်ပြတ်ပဲဖြစ်ဖြစ်၊ လက်တိုလေးပဲ ဖြစ်ဖြစ်လှမှာပါ။ သေးသွယ်တဲ့ ခါးလေးပေါ်ပြီး ဂါဝန်တိုလေးနဲ့ တကယ့်ကို ချစ်စရာကောင်းတဲ့ အပြင်အဆင် ဖြစ်မှာပါ။
Jean Jacket

Jean Jacket ကလည်း သေးသွယ်တဲ့ ကောင်မလေးတွေနဲ့ လိုက်ဖက်တဲ့ Outfit တစ်စုံပါပဲ။ ဂါဝန်တိုလေးတွေကို Jean Jacket လေးအပေါ်ထပ်ပြီး တွဲဖက်ဝတ်ဆင်လိုက်ရုံပါပဲ။
အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီတို

အင်္ကျီလက်ရှည်၊ ဘောင်းဘီတိုကိုမှ Sport Type ပုံစံမျိုးပါ။ အင်္ကျီလက်ရှည် Crop Top ပုံစံလေးတွေကို ဘောင်းဘီတိုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်တာကလည်း ခန္ဓာကိုယ်သေးတဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်တဲ့ Outfit တစ်မျိုးပါပဲ။
Lines

Lines ပါတဲ့ ဝတ်စုံတွေကလည်း ခန္ဓာကိုယ်ကို ပြည့်သယောင်ယောင် ဖြစ်စေပါတယ်။ ပခုံးတွေ ပိုကျယ်လာတယ်လို့ ထင်ရပြီး အရပ်ပိုရှည်တယ်လို့လည်း ထင်ရနိုင်ပါတယ်။ ခန္ဓာကိုယ် ထွားတဲ့ပုံစံလေး လိုချင်ရင်တော့ အစင်းများများ ပါတဲ့ ဝတ်စုံတွေကိုသာ ရွေးချယ်ပါ။
ခန္ဓာကိုယ် သေးသွယ်တဲ့ မိန်းကလေးတွေတိုင်းမှာ ရှိသင့်တဲ့ Outfits လေးတွေနော်။ မြန်မြန်သာ ဝယ်ထားလိုက်ပါတော့။
Myanmar Textile & Garment Guide
Source:brandedgirls.com





