ဒီတစ်ပတ်မှာ ပျိုမေတို့အတွက် Styling Tips Category အတွက် ပြောပြပေးမဲ့ အကြောင်းအရာကတော့ Fashionista လေးတွေရဲ့ Outfit တွေကို ပိုပြီး Glam Up ဖြစ်သွားစေမဲ့ Accessories လေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ နာမည်ကျော်မင်းသမီးကြီးတစ်ဦးဖြစ်တဲ့ Marilyn Monroe ပြောခဲ့တဲ့ “Diamonds are the girl’s best friend ဆိုတဲ့ စကားလေးအတိုင်းပါပဲ။
ပြီးပြည့်စုံတဲ့ Stylish look တစ်ခုကို ပေးစွမ်းနိုင်ဖို့သာမက Glamorous ဖြစ်တဲ့ ခံစားချက်ကို ရစေဖို့အတွက် Sparkling Accessories တွေဟာ အရေးပါပါတယ်။ အဲ့ဒါကြောင့်မို့ ဘယ်လို Accessories တွေကို ရွေးချယ်မယ်ဆိုရင် ပိုပြီး Glam and Glow ဖြစ်နေစေမယ်ဆိုတာကို ကြည့်လိုက်ကြရအောင်။
HEELS

Heels တွေဟာ အမျိုးသမီးတွေအတွက် Fashionable and stylish ဖြစ်စေဖို့ အလွယ်ကူဆုံးနဲ့ အကောင်းဆုံး Item လေးတွေပါ။ ဒါပေမဲ့ Stilettos တွေနဲ့ Animal-skin Heels တွေကတော့ သင့်ရဲ့ Look ကို ပိုပြီး Glam Up ဖြစ်စေဖို့ အကူအညီပေးမဲ့ အဖော်မွန်လေးတွေပါပဲ။
BAGS


သင်အသုံးပြုတဲ့ Bag တွေကို ပြောင်းလဲပေးခြင်းအားဖြင့်လဲ သင့်ရဲ့ Everyday Look ကို ပိုပြီးStylish ဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။ Crystal နဲ့ Sequin တို့လို Shining Embellishments တွေပါတဲ့ အိတ်တွေအပြင် Exotic Skins တွေနဲ့ပြုလုပ်ထားတဲ့ Leather Bag တွေဟာလဲ သင့်ကို Glamour Chic ဖြစ်စေဖို့ ပြောင်းလဲပေးနိုင်ပါတယ်။
BELTS

Fashion Accessory တစ်ခုအနေနဲ့သာမက သင့်ရဲ့ Body shape ကို define လုပ်ဖို့အတွက်လဲ ခါးပတ်တွေဟာ အသုံးဝင်ပါတယ်။ Shining and Eye-catching ဖြစ်စေမဲ့ Belt တွေကို ရွေးချယ်အသုံးပြုခြင်းဟာလဲ သင့်ရဲ့ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေရုံသာမက သင့်ကို ပိုပြီးတောက်ပနေစေမှာပါ။
JEWELERY

သေးငယ်တဲ့ အပိုင်းအစလေးတစ်ခုပဲဖြစ်နေရင်တောင် ပြီးပြည့်စုံတဲ့ခံစားမှုကို ပေးစွမ်းနိုင်တာ Jewelery တွေပါ။ Gold၊ Silver တို့လို Metal တွေကိုသာမက Statement Accessories တွေကို ဝတ်ဆင်ခြင်ဟာလဲ သင့်ရဲ့ Style ကို Sparkling ဖြစ်စေမှာ အမှန်ပါပဲ။
SUN-GLASSES

Over-sized Sunglasses တွေဟာလဲ သင့်ရဲ့ look ကို ပိုပြီး Stylish ဖြစ်စေတဲ့အပြင် Bold and Daring ဖြစ်စေတာမို့ ခပ်ချေချေနဲ့ Glamorous Vibe ကို ရချင်သူများအတွက်တော့ Sunglasses တွေဟာလဲ မမေ့ထားသင့်တဲ့ Item တွေပဲဖြစ်ပါတယ်။
Myanmar Textile & Garment Guide
Ref: lushmagazine





