မိန်းကလေးတိုင်းမှာ ဂျင်းအင်္ကျီလေးတစ်ထည်က ရှိထားသင့်ပါတယ်။ ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် ဂျင်းအင်္ကျီက အရမ်းကိုအသုံးဝင်ပါတယ်။
ဒါ့အပြင် ဂျင်းအင်္ကျီလေးတစ်ထည်ရှိရုံနဲ့တင် Outfits အမျိုးမျိုးကို ဖက်ရှင်ကျစွာနဲ့ ၀တ်ဆင်နိုင်ပါတယ်။
1.With Shorts

ဂျင်းအင်္ကျီလေးတွေကို ဘောင်းဘီတိုလေးတွေနဲ့ ဖက်ရှင်ကျကျတွဲဝတ်နိုင်ပါတယ်။
2.With Skinny Jeans

အတိုမ၀တ်ချင်တဲ့သူတွေဆိုရင်လည်း ဂျင်းအင်္ကျီကို Skinny Jeans လေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။
3.With Sheath Dress

မိန်းကလေးဆန်တဲ့ Sheath Dress လေးတွေကိုဝတ်တဲ့အခါမှာလည်း အပေါ်ကနေ ဂျင်းအင်္ကျီလေးတွေ ထပ်ဝတ်လို့ရပါတယ်။
4.With Culottes

အခုနောက်ပိုင်းမှာခေတ်စားလာတဲ့ Culottes ဘောင်းဘီလေးတွေကိုလည်း ဂျင်းအင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်လို့ရပါတယ်။
5.With Mini Skirt

Mini Skirt လေးတွေဝတ်တဲ့အခါမှာလည်း အပေါ်ကနေဂျင်းအင်္ကျီလေးတွေထပ်ဝတ်ရင် ပိုပြီးဖက်ရှင်ကျပါတယ်။
6.With Colored Pants

အရောင်နဲ့ဘောင်းဘီလေးတွေဖြစ်တဲ့ Colored Pants တွေကိုဝတ်တဲ့အခါမှာ ဘယ်လိုဖက်ရှင်မျိုးဝတ်ရမှန်းမသိရင် ဂျင်းအင်္ကျီလေးတွေနဲ့သာ တွဲဖက်ဝတ်ဆင်ပါ။
7.With Maxi Dress

ဂါဝန်ရှည်လေးတွေဖြစ်တဲ့ Maxi Dress လေးတွေကိုဝတ်တဲ့အခါမှာလည်း အပေါ်ကနေ ဂျင်းအင်္ကျီလေးတွေ ထပ်ဝတ်လို့ရပါတယ်။
8.With Midi Skirt

ဒူးလောက်ရှိတဲ့ Midi Skirt လေးတွေကိုဝတ်တဲ့အခါမှာလည်း အပေါ်ထပ်အနေနဲ့ ဂျင်းအင်္ကျီလေးတွေကို ၀တ်ဆင်နိုင်ပါတယ်။
9.With Leather Pants

Leather Pants လေးတွေဝတ်ရင်လည်း ထွေထွေထူးထူးစဉ်းစားနေစရာမလိုပါဘူး။ ဂျင်းအင်္ကျီလေးတွေနဲ့သာ တွဲဖက်ဝတ်ဆင်လိုက်ပါ။
10.With Formal Trousers

Business Women ပုံစံလေးဝတ်ဖို့စဉ်းစားထားရင်လည်း ဂျင်းအင်္ကျီလေးတွေကို Formal Trousers လေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပါ။
Source:My Style Myanmar
			    
					
		  	



