ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ အများပြည်သူ အလုပ်ပိတ်ရက် ၄ ရက်ဆက်တိုက်
ပိတ်မည်ဖြစ်ရာ ဘဏ်များလည်း ဘဏ်များလည်း ၄ ရက် ဆက်ပိတ်မည် ဖြစ်သည်။
ဩဂုတ်လ ၁ ရက်မှာ ဘက္ကရီအစ်နေ့ ဖြစ်ပြီး စနေနေ့ ရုံးပိတ်ရက်တွင် ကျရောက်နေသဖြင့် အစားထိုးပိတ်ရက်အဖြစ် ဇူလိုင်လ ၃၁ ရက်နေ့ကို ရုံးပိတ်ရက် သတ်မှတ်သည်။
ဩဂုတ်လ ၂ ရက်သည် တနင်္ဂနွေနေ့ ဖြစ်သဖြင့် ရုံးပိတ်ရက် ဖြစ်သည်။
ဩဂုတ်လ ၃ ရက် တနင်္လာနေ့သည် ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဖြစ်သဖြင့် အလုပ်ပိတ်ရက် ဖြစ်သည်။
သို့ဖြစ်ရာ ဇူလိုင်လ ၃၁ ရက်မှ ဩဂုတ်လ ၃ ရက်အထိ ၄ ရက်ဆက်တိုက် ဘဏ်များ ပိတ်မည် ဖြစ်သည်။