What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အီးယူေဈးကြက္ ၀င္လမ္းသာေစတဲ့အခ်က္မ်ား အီးယူဈေးကွက် ဝင်လမ်းသာစေတဲ့အချက်များ

(Zaw+Uni)ဥေရာပ ေဈးကြက္ကုိ ဝင္ဖုိ႔ ခက္တာမွန္ေပမဲ့ ဝင္လမ္းသာေနေစတဲ့ အခ်က္ေတြလည္း ျဖစ္ေပၚေနတယ္။

ဆက္စပ္ဖတ္႐ႈရန္လင့္မ်ား

ဥေရာပ အဝတ္အစားေဈးကြက္ CSR အေရးပါပုံ
http://www.textiledirectory.com.mm/articles/item/689-eu-market.html


ဥေရာပ အဝတ္အစားေဈးကြက္ Suppliers’ Manual အေရးႀကီးပုံ
http://www.textiledirectory.com.mm/articles/item/686-eu-suppliers%E2%80%99-manual.html

 

EU ေဈးကြက္ GSP EU ဈေးကွက် GSP
http://www.textiledirectory.com.mm/articles/item/705-eu-market-gsp.html

အြန္လုိင္းမွာ ေရာင္းခ်ၿပီး အိမ္တုိင္ယာေရာက္ ပုိ႔တဲ့နည္းလမ္းေတြ ေခတ္စားလာေနတယ္။ ဝက္ဘ္ဆုိင္ေတြ၊ ေရာင္းဝယ္ေဖာက္ကားတဲ့ ပလက္ေဖာင္းေတြ အင္တာနက္မွာ ေပၚထြက္လာေနတယ္။
ေနာက္တစ္ခုက ဆုိင္ႀကီးထဲမွာ ကုိယ့္ brand ဆုိင္ခန္းသီးျခား ဖြင့္လွစ္ ေရာင္းခ်တာလည္း တြင္က်ယ္လာတယ္။ ဒီေတာ့ နာမည္ရၿပီးသား ဆုိင္ႀကီးကုိ လာတဲ့သူေတြက နာမည္မရေသးတဲ့ လုပ္ငန္းသစ္ရဲ႕ အဝတ္အစားေတြကုိ ျမင္ၾကေတြ႕ၾကတယ္။ ေလ့လာခြင့္ရတယ္။ ဆင္ျဖဴေတာ္ကုိ မီၿပီး ကုိယ့္အဝတ္အစားေတြ လူသိေအာင္ လုပ္လုိ႔ရတယ္။ ေရာင္းလုိ႔ရတယ္။
အထည္ခ်ဳပ္တဲ့ လုပ္ငန္းေတြက ခ်ဳပ္ထည္ထုတ္လုပ္သူမ်ားအျဖစ္ျဖင့္ အဖြဲ႕အစည္းေတြ ထူေထာင္ၿပီး အဝတ္အစား ဝယ္ဝတ္မယ့္သူေတြကုိ တုိက္႐ုိက္ေရာင္းခ်တာေတြ လုပ္လာၾကတယ္။ အင္တာနက္ကုိ သုံးတယ္။ ဆုိရွယ္မီဒီယာေတြ သုံးတယ္။ သမား႐ုိးက် ေျမျပင္မွာ ဆုိင္ဖြင့္တာေလာက္ ကုန္က်စရိတ္ မမ်ားဘဲ ဝယ္ဝတ္သူေတြကုိ ထိေတြ႕လုိ႔ ရေနတယ္။ ဒါေပမဲ့ လုပ္ငန္းက ေသးငယ္ေတာ့ စုစုစည္းစည္းနဲ႔ လုပ္ဖုိ႔ လုိအပ္တာေၾကာင့္ အသင္းအဖြဲ႕ေတြ ဖြဲ႕ၿပီး လုပ္ၾကတယ္။ ဝယ္လက္ဆီကုိ ေရာင္းတဲ့ စီးပြားရွာလုပ္ငန္းမွ စီးပြားရွာလုပ္ငန္းသုိ႔ (business-to-business (B2B)) အစား စီးပြားရွာလုပ္ငန္းမွ စားသုံးသူသုိ႔ (business-to-consumer (B2C)) ေရာင္းခ်တဲ့ ပုံစံကုိ လုပ္ကုိင္ၾကတာ ျဖစ္ပါတယ္။
အဝတ္အစားထုတ္လုပ္တဲ့ ႏုိင္ငံေတြမွာ တ႐ုတ္ႏုိင္ငံအပါအဝင္ အေရးပါတဲ့ႏုိင္ငံေတြမွာ လုပ္သားခေတြ ျမင့္တက္ေနတယ္။ ကုန္ၾကမ္းေဈးနႈန္းလည္း ျမင့္တက္ေနတယ္။ ဒီေတာ့ ဥေရာပဝယ္လက္ေတြက ေပးသြင္းသူ အသစ္ေတြကုိ အၿမဲ ရွာေဖြေနၾကတယ္။
နည္းလမ္း အမ်ဳိးမ်ဳိး သုံးၿပီး ဘက္စုံေထာင့္စုံမွ ရွာေဖြေနတယ္။
ဒီေတာ့ တစ္ခ်ိန္တုန္းက လူသိနည္းတဲ့ ရင္းျမစ္ျပဳလုိ႔ရတဲ့ ႏုိင္ငံေတြမွာ စိတ္ဝင္စားမႈေတြ ပုိရလာတယ္။ ဘဂၤလားေဒ့ရွ္နဲ႔ အိႏိၵယႏုိင္ငံတုိ႔လုိ လူသိမ်ားၿပီးသား ႏုိင္ငံေတြမွာလည္း ခ်ဳပ္ထည္လုပ္ငန္းအသစ္ေတြကုိ ဝယ္လက္ေတြက မ်က္စိက်ၾကတယ္။ ဥေရာပ ဝယ္လက္ေတြက အသစ္ျဖစ္ၿပီး ကုန္က်စရိတ္နည္းပါးတဲ့ ႏုိင္ငံေတြမွာ ေျပာင္းေရႊ႕လုပ္ကုိင္တာ ပုိမ်ားလာေနတယ္။ အဲဒီႏုိင္ငံေတြမွာ လုပ္သားခ သက္သာတယ္။ အဲဒီႏုိင္ငံေတြက ဥေရာပရဲ႕ အေကာက္ခြန္ကင္းလြတ္ခြင့္ေပးတဲ့ Generalised Scheme of Preferences (GSP) ခံစားခြင့္ ရရွိထားတဲ့ ႏုိင္ငံေတြ ျဖစ္ပါတယ္။

ဥေရာပ ေဈးကြက္မွာ GSP ရထားတဲ့ ႏုိင္ငံေတြ မ်က္ႏွာပြင့္တယ္။ အဲဒီအေၾကာင္းကုိ ဆက္လက္တင္ျပပါဦးမယ္။

Unicode

ဥရောပ ဈေးကွက်ကို ဝင်ဖို့ ခက်တာမှန်ပေမဲ့ ဝင်လမ်းသာနေစေတဲ့ အချက်တွေလည်း ဖြစ်ပေါ်နေတယ်။

 

ဆက်စပ်ဖတ်ရှုရန်လင့်များ

ဥရောပ အဝတ်အစားဈေးကွက် CSR အရေးပါပုံ
http://www.textiledirectory.com.mm/articles/item/689-eu-market.html


ဥရောပ အဝတ်အစားဈေးကွက် Suppliers’ Manual အရေးကြီးပုံ
http://www.textiledirectory.com.mm/articles/item/686-eu-suppliers%E2%80%99-manual.html

 

EU ေဈးကြက္ GSP EU ဈေးကွက် GSP
http://www.textiledirectory.com.mm/articles/item/705-eu-market-gsp.html

အွန်လိုင်းမှာ ရောင်းချပြီး အိမ်တိုင်ယာရောက် ပို့တဲ့နည်းလမ်းတွေ ခေတ်စားလာနေတယ်။

ဝက်ဘ်ဆိုင်တွေ၊ ရောင်းဝယ်ဖောက်ကားတဲ့ ပလက်ဖောင်းတွေ အင်တာနက်မှာ ပေါ်ထွက်လာနေတယ်။
နောက်တစ်ခုက ဆိုင်ကြီးထဲမှာ ကိုယ့် brand ဆိုင်ခန်းသီးခြား ဖွင့်လှစ် ရောင်းချတာလည်း တွင်ကျယ်လာတယ်။

ဒီတော့ နာမည်ရပြီးသား ဆိုင်ကြီးကို လာတဲ့သူတွေက နာမည်မရသေးတဲ့ လုပ်ငန်းသစ်ရဲ့ အဝတ်အစားတွေကို မြင်ကြတွေ့ကြတယ်။

လေ့လာခွင့်ရတယ်။ ဆင်ဖြူတော်ကို မီပြီး ကိုယ့်အဝတ်အစားတွေ လူသိအောင် လုပ်လို့ရတယ်။ ရောင်းလို့ရတယ်။
အထည်ချုပ်တဲ့ လုပ်ငန်းတွေက ချုပ်ထည်ထုတ်လုပ်သူများအဖြစ်ဖြင့် အဖွဲ့အစည်းတွေ ထူထောင်ပြီး အဝတ်အစား ဝယ်ဝတ်မယ့်သူတွေကို တိုက်ရိုက်ရောင်းချတာတွေ လုပ်လာကြတယ်။

အင်တာနက်ကို သုံးတယ်။ ဆိုရှယ်မီဒီယာတွေ သုံးတယ်။ သမားရိုးကျ မြပြေင်မှာ ဆိုင်ဖွင့်တာလောက် ကုန်ကျစရိတ် မများဘဲ ဝယ်ဝတ်သူတွေကို ထိတွေ့လို့ ရနေတယ်။

ဒါပေမဲ့ လုပ်ငန်းက သေးငယ်တော့ စုစုစည်းစည်းနဲ့ လုပ်ဖို့ လိုအပ်တာကြောင့် အသင်းအဖွဲ့တွေ ဖွဲ့ပြီး လုပ်ကြတယ်။ ဝယ်လက်ဆီကို ရောင်းတဲ့ စီးပွားရှာလုပ်ငန်းမှ စီးပွားရှာလုပ်ငန်းသို့ (business-to-business (B2B)) အစား

စီးပွားရှာလုပ်ငန်းမှ စားသုံးသူသို့ (business-to-consumer (B2C)) ရောင်းချတဲ့ ပုံစံကို

လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
အဝတ်အစားထုတ်လုပ်တဲ့ နိုင်ငံတွေမှာ တရုတ်နိုင်ငံအပါအဝင် အရေးပါတဲ့နိုင်ငံတွေမှာ

လုပ်သားခတွေ မြင့်တက်နေတယ်။ ကုန်ကြမ်းဈေးနှုန်းလည်း မြင့်တက်နေတယ်။

ဒီတော့ ဥရောပဝယ်လက်တွေက ပေးသွင်းသူ အသစ်တွေကို အမြဲ ရှာဖွေနကြေတယ်။
နည်းလမ်း အမျိုးမျိုး သုံးပြီး ဘက်စုံထောင့်စုံမှ ရှာဖွေနေတယ်။
ဒီတော့ တစ်ချိန်တုန်းက လူသိနည်းတဲ့ ရင်းမြစ်ပြုလို့ရတဲ့ နိုင်ငံတွေမှာ စိတ်ဝင်စားမှုတွေ ပိုရလာတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ အိနိဒယနိုင်ငံတို့လို လူသိများပြီးသား နိုင်ငံတွေမှာလည်း ချုပ်ထည်လုပ်ငန်းအသစ်တွေကို ဝယ်လက်တွေက မျက်စိကျကြတယ်။

ဥရောပ ဝယ်လက်တွေက အသစ်ဖြစ်ပြီး ကုန်ကျစရိတ်နည်းပါးတဲ့ နိုင်ငံတွေမှာ ပြောင်းရွှေ့လုပ်ကိုင်တာ ပိုများလာနေတယ်။

အဲဒီနိုင်ငံတွေမှာ လုပ်သားခ သက်သာတယ်။ အဲဒီနိုင်ငံတွေက ဥရောပရဲ့ အကောက်ခွန်ကင်းလွတ်ခွင့်ပေးတဲ့ Generalised Scheme of Preferences (GSP) ခံစားခွင့် ရရှိထားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

ဥရောပ ဈေးကွက်မှာ GSP ရထားတဲ့ နိုင်ငံတွေ မျက်နှာပွင့်တယ်။ အဲဒီအကြောင်းကို ဆက်လက်တင်ပြပါဦးမယ်။

Read 1107 times
Rate this item
(0 votes)