၁၉၈၀ ပြည့်နှစ် ဖက်ရှင်စတိုင် တွေထဲက အဓိကကျတဲ့ အချက် (၇) ချက်ကို ရွေးထုတ် ရေးပေးထားပါတယ်။
ကဲ တစ်ပတ်လည်နေတဲ့ ဖက်ရှင်ရေစီး ကြောင်းအရ ပြန်ခေတ်စား လာတဲ့ ၉၀ပြည့်နှစ် လောက်က ဖက်ရှင်အတွဲ အစပ်တွေဆီ သွား လိုက်ကြရအောင်။
(၁) mom jeans တွေကို ရွေးချယ်ဝတ်ပါ။
mom jeans လို့ ပြောလို့ ချစ်တို့ နည်းနည်း ခေါင်းစားသွားရင် ဆောရီးပါ။
အဲ့ခေတ်က အမျိုးသမီးတွေက skinny jean ထက် ခါးအမြင့်နဲ့ fitting သိပ်မကျပဲ ခပ်ပွပွဂျင်း တွေ ဝတ်တတ်ကြပါတယ်။
ဒါကို mom jeans လို့ ခေါ်တာပါ။ ဒါမျိုး လိုက်မရှာနိုင်၊သိပ်ခေါင်းစားမခံ နိုင်ရင်တော့ boyfriend jean ရွေးနိုင်ပါတယ်။
(၂)ကာလာစုံစုံလေး ရွေးချယ်ဝတ်ပါ။
အဲ့ခေတ်တုန်းက အမျိုးသမီးတွေက ကာလာ တောက်တောက်၊ အရောင်စုံစုံ အပေါ်အောက် ဝတ်တတ်ကြပါတယ်။
အပေါ်ကအစိမ်း အောက်က အနီရောင် တွဲဖို့ ဝန်မလေးသလို၊ တစ်ကိုယ်လုံး အရောင်လေးငါးမျိုးလည်း ဝတ် တတ်တာမို့
ကာလာအဆန်းလေးတွေ၊ အတောက်လေးတွေ တွဲဖက်ဆင်မြန်းခြင်းက လည်း အဲ့ခေတ်ဖက်ရှင် အတွဲအစပ်ပုံစံပါပဲ။
(၃) jacket အပွကြီးတွေ ဆင်မြန်းပါ။
ဆိုက်ကြီး jean jacket တွေ၊ cardigan ခေါ်တဲ့ ရှေ့ကွဲဆွယ်တာ အပွကြီးတွေ၊
တခြား jacket အပွတွေကို အပေါ်ထပ်ဝတ်တာကလည်း ၁၉၈၀ ပြည့်နှစ် ဖက်ရှင်စတိုင် တစ်ခုပါ။
(၄) ခါးပတ်ကို ပေါ်အောင် ပတ်ပါ။
အဲ့ခေတ်က တီရှပ်၊ ရှပ်အကျီတွေကို ခါးမြင့် ဂျင်းအပွတွေထဲ ထည့်ဝတ်ပြီး
ခါးမှာ ခါးပတ် ပတ်တာ နာမည်ကြီးပါ။ တစ်ချို့က crop top နဲ့ jean အပွကို ရွေးချယ်ပြီး ခါးပတ် ပတ်တတ် ကြပြန်ပါတယ်။
(၅) ခါးပတ်အိတ်တွေ ပြန်ဆင်မြန်းပါ။
ခါးပတ်အိတ်တွေကို သိုင်းလွယ်တာ၊ ခါးမှာ ပတ်တာမျိုးတွေ
အဲ့ခေတ်က ခေတ်စားခဲ့သလို ခုလည်း တကျော့ပြန်ခေတ်စားလာတယ်။
(၆) ဘလေဇာတွေနဲ့ ဂျင်းတွဲဝတ်ပါ။
ဒီဖက်ရှင်ကတော့ လွန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ် လောက်ကတည်းက ခေတ်စားခဲ့ပြီးသားပါ။
ဘလေဇာတွေနဲ့ ဂျင်ဘောင်းဘီအတို အရှည် တွေနဲ့ တွဲဝတ်ဖက်ရှင်ထုတ်ခြင်းကလည်း ၁၉၈၀ပြည့်နှစ် ဖက်ရှင်တစ်ခုပါပဲ။
(၇) Crop Top တွေ ဆင်မြန်းပါ။
Crop top တွေနဲ့ mom jeans တွဲဝတ်တာမျိုးဟာ ၁၉၈၀ပြည့်နှစ်က အတော့်ကို ခေတ်စားတဲ့ အတွဲအစပ်ပါ။
Crop Top မှာလည်း အကျပ် လေးတွေ အပွလေးတွေ ကိုယ်နှစ်သက်ရာ ရွေးနိုင်ပါတယ်နော်။
ပုံလေးတွေနဲ့ တွဲကြည့်ရင်တော့ ပိုရှင်းသွားပါလိမ့်မယ်နော်။ ၁၉၈၀ပြည့်နှစ် ပုံမျိုး ပြန်ဝတ်ချင်သူတွေအတွက်
အခြေခံ အကျဆုံး အချက်တွေ ရေးပေးထားတာကြောင့် ဒီအချက်တွေကို အဓိကထားပြီး
ကိုယ် ဆင်မြန်းချင်တဲ့ accessory တွေ၊ ခု လတ်တ လော ကိုယ်ဝတ်ထားတဲ့ အဝတ်အစားတွေနဲ့ လိုက်ဖက်အောင် တွဲစပ်ကြည့်လိုက်ပါလို့။
sourceး I am Fashion