What's new

×

Warning

JUser: :_load: Unable to load user with ID: 845


မိန်းကလေးတိုင်း မရှိမဖြစ် ပိုင်ဆိုင်ထားသင့်တဲ့ Accessories များ

အမျိုးသမီးတိုင်း ပွဲတစ်ခုခုကို သွားလို့ပဲဖြစ်ဖြစ်၊ အပြင်ထွက်တဲ့ အခါမှာပဲဖြစ်ဖြစ် ဖက်ရှင်ကျပြီးလှပအောင် အဝတ်အစားတွေကို ဝတ်ဆင်ကျပါတယ်။အဲ့လို ဝတ်ဆင်ရုံနဲ့ မပြီးသေးပါဘူး။ ကိုယ့်သွားမယ့်နေရာပေါ်မူတည်ပြီးတော့ ဒီဆင်ယင်မှုတွေကို ပြီးပြည့်စုံအောင်လို့ accessory တွေကို ဝတ်ဆင်ကျရပါတယ်။

အဲ့လို ဝတ်ဆင်မှသာလျှင် ပိုပြီးစတိုင်ကျလှပနေမှာဖြစ်ပါတယ်။ Acessory တွေဟာ အမျိုးသမီးတွေသာမက အမျိုးသားတွေအတွက်ပါ လိုအပ်ပါတယ်။ မိန်းကလေးတိုင်း မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေက ဘာတွေလည်းဆိုတာကို ပြောပြပေးချင်ပါတယ်။

1.လက်ပတ်နာရီ

1
နာရီဟာဆိုရင် ဖက်ရှင်ကျဖို့ ဝတ်ဆင်ရုံ သက်သက်သာမဟုတ်ပဲနဲ့ သင်နေ့စဉ်လှုပ်ရှား သွားလာနေရတဲ့အခါတွေမှာ အချိန်တိကျမှန်ကန်ဖို့ လိုအပ်လှပါတယ်။ဒါဟာ မရှိမဖြစ် အရေးပါတဲ့ အရာဆိုလဲ မမှားပါဘူး။ နာရီကောင်းကောင်းလေး တစ်လုံးသာရှိထားမယ်ဆိုရင် သင့်အတွက် အသုံးဝင်ပြီးတော့ အချိန်ကြာကြာလည်း ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။

2.Cross Body Bag

2
cross body bag က သင် ထသွားထလာသွားတဲ့ အခါတွေ ဒါမှမဟုတ် ဈေးဝယ်ထွက်တဲ့ အခါတွေမှာ သက်တောင့်သက်သာရှိပြီး ပေါ့ပေါ့ပါးပါး လွယ်လို့ရတဲ့ အိတ်လေးပါပဲ။ မိန်းကလေးတိုင်း ဆောင်ထားသင့်တဲ့ ပစ္စည်းပါပဲနော်။

3.ခါးပတ်

3
အကယ်၍ သင့်ဂျင်းဘောင်းဘီ ချောင်နေလို့ပဲဖြစ်ဖြစ်၊ အင်္ကျီကပွနေလို့ပဲဖြစ်ဖြစ် ခါးပတ်လေးတစ်ခုသာရှိနေရင် သင့်အတွက် အဆင်လည်းပြေပြီး ဖက်ရှင်ကျနေမှာ အမှန်ပဲပေါ့။

4.နားကပ်

4
မိန်းကလေးတစ်ယောက်အတွက် နားကပ် ဝတ်ဆင်ခြင်းဟာ အလွန်အရေးပါလှပါတယ်။ တကယ်လို့ သင်ဟာ party ပွဲလို နေရာမျိုးသွားမယ်ဆိုရင် တစ်ခြားaccessory တွေ မဝတ်ဆင်ဘဲ နားကပ်လေးတစ်ခုသာဝတ်မယ်ဆိုရင် ရှင်းရှင်းလေးဖြစ်နေပြီး လူအများကြားမှာ သင့်အလှဟာ ပို ပေါ်လွင်သွားမှာပါ။

5.ဦးထုပ်

5
ဦးထုပ်ဟာဆိုရင် ခရီးသွားတဲ့အခါတွေ ဒါမှမဟုတ် နွေရာသီလိုရာသီတွေမှာ ဆိုလည်း အသုံးတည့်ပြီး စတိုင်ကျ မိုက်နေမှာပဲလေ။

6.အနက်ရောင်shoe တစ်ရံ

10
ဒီဖိနပ်လေးကလဲ သင့်အတွက် လိုအပ်တဲ့ အရာတစ်ခုပါပဲ။ အနက်ရောင်ဖြစ်တာကြောင့် သင်ဘယ်လိုအင်္ကျီအရောင်ကိုပဲ ရွေးရွေး လိုက်ဖက်နေမှာပါ။ ဘယ်ဘဲသွားသွား လွတ်လပ်ပေါ့ပါးစွာ စီးနိုင်ပြီးတော့ ဖက်ရှင်ကျနေမှာဖြစ်ပါတယ်။

7.Sunglasses

7
ခရီးသွားတဲ့အခါ မဖြစ်မနေ ယူသွားသင့်တဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး သင် ဖက်ရှင်ကျပြီး မိုက်နေမှာ အသေချာပဲနော်။

8.ပွဲတက်လက်ကိုင်အိတ်

8
မင်္ဂလာဆောင်ပွဲတွေ၊ ပါတီပွဲတွေ တက်တဲ့အခါမှာ ဝတ်စားဆင်ယင်မှုတွေပြီးရင် သူက ဒုတိယအရေးပါတဲ့ အရာတစ်ခုပေါ့။ ရွှေရောင် သို့မဟုတ် ငွေရောင်လေးက သင့်ကို ပေါ်လွင်လှပ နေမှာဖြစ်ပါတယ်။

9.High Heel

9
သူလည်းပဲ ပွဲအခမ်းအနားတွေ သွားတဲ့အခါ အရေးပါလှတဲ့ အရာဖြစ်ပါတယ်။ ဒေါက်မြင့်ဖိနပ် လှလှလေးတွေက သင့်ကို လှပတဲ့ နေရာလေးတွေကို ခေါ်ဆောင်သွားနိုင်ပြီးတော့ ခြေလှမ်းတိုင်းမှာလဲ လှပကျော့ရှင်းနေမှာပါ။

ခုပြောပြပေးလိုက်တဲ့ Acessory တွေက သင့်အတွက် အသုံးဝင်ပြီး ဖက်ရှင်ကျလှပ နေမယ်လို့ ထင်ပါတယ်။

 

TDA

Read 1226 times
Rate this item
(1 Vote)