မိုးရွာရင် မိုးကာဝတ်တယ်။
အဲဒီအခါ စတိုင်လ်ဖုံးတယ်။
မိုးတွင်းမှာ မိုးကာအင်္ကျီဟာ ဖက်ရှင်စတိုင်လ်ကို ဖုံးကားနေတယ်။
လှတပတ ၀တ်ထားတာတွေကို မိုးကာက ဖုံးကာပစ်တယ်။
အဲဒီမကျေနပ်စရာရဲ့ အဖြေက အကြည်သား ပလတ်စတစ်မိုးကာ ဖြစ်ပါတယ်။
ပလတ်စတစ်အကြည်သား မိုးကာကို အပေါ်ကထပ်ဝတ်ထားပေမဲ့ အတွင်းမှာ လှတပတ ၀တ်ဆင်ထားတာတွေကို အတိုင်းသား မြင်နေရတယ်။ ကိုယ်ခန္ဓာ အချိုးအစား ရူပါအလှကိုလည်း ပိုထင်ရှားသွားစေတယ်။
အဲဒါကြောင့် ၀တ်ထားပေမဲ့ မ၀တ်ထားသလိုပဲ မြင်ရတွေ့ရလို့ naked dress ခေါင်းစဉ်အောက်မှာ စာရင်းထည့်ထားတယ်။ သူ့ချည်းသက်သက်ဝတ်ရင် ၀တ်လစ်စလစ် ဖြစ်နေတဲ့အတိုင်း မြင်နေရမယ်လို့ ဆိုလိုတယ်။
အကြည်မိုးကာ Clear raincoat တွေကို သားသားနားနား ဒီဇိုင်းထုတ်လုပ်ပြီး ခိုင်ခိုင်ခန့်ခန့် ချုပ်ပေးထားကြတယ်။ အထင်သေးစရာ ပလတ်စတစ်မိုးကာ မဟုတ်တော့ဘူး။ ငါ့မှာလည်း တစ်ထည်လောက် ရှိချင်လိုက်တာလို့ တောင့်တမိစေတယ်။
တချို့ပလတ်စတစ်မိုးကာတွေက အရောင်ထည့်ပြီး မမြင်သာမြင်သာအောင် လုပ်ပေးထားတယ်။
အဖြူရောင်ထည့်တာ ရှိသလို တခြားအရောင်ထည့်ပေးထားတာတွေလည်း ရှိတယ်။
ပလတ်စတစ်နည်းပညာ မြင့်မားကောင်းမွန်လာတဲ့အတွက် ပလတ်စတစ်မိုးကာတွေဟာ တစ်ရာသီသာ ခံတဲ့ အရည်အသွေး မဟုတ်တော့ဘူး။ ဒီတော့ ၀ယ်ဝတ်ရတာ တန်တယ်။
မိုးကာကြောင့်နဲ့တော့
ခါးအလှ မမြင်ရ မဖြစ်စေရဘူး။
မိုးရွာထဲ မိုးကာဝတ်ပြီး သွားတဲ့အခါ လက်ထဲ ဆွဲထားတဲ့အိတ်က မိုးစိုမှာမို့ လက်ဆွဲအိတ်အတွက် အကြည်သားမိုးကာတွေလည်း ဒီဇိုင်းထုတ်ပြီး ချုပ်လုပ်ရောင်းချကြပါတယ်။ ဈေးဝယ်အိတ်အတွက်လည်း ရှိတယ်။
ယုတ်စွအဆုံး ဒေါက်ဖိနပ်အတွက်လည်း ရှိနေပါတယ်။