ပိန်တဲ့ကောင်မလေးတွေကလည်း ပိန်တဲ့အလျောက်၊ ဝတဲ့ကောင်မလေးတွေကလည်းဝတဲ့အလျောက် မိမိနဲ့ သင့်တော်တဲ့ ဖက်ရှင်ကိုရွေးချယ်ဝတ်ဆင်လို့ရပါတယ်။
ဒါပေမယ့် အရပ်ပုပြီးသေးသွယ်တဲ့ မိန်းကလေးတွေကျတော့ အဝတ်အစားလှလှလေးတွေတွေ့ရင် အကျီင်္ကလူထက်ကြီးနေတာတွေ၊ လူကပျောက်သွားပြီး အဝတ်အစား ပဲမြင်ရတယ်ဆိုတာတွေကြောင့် ဘာဝတ်ရမှန်းမသိ ခေါင်းစားလာရပါတယ်။ ဒါ့ကြောင့် အရပ်ပုပြီး သေးသေးသွယ် သွယ် ကောင်မလေးတွေအတွက်လည်း ဒီလိုလှပတဲ့ဖက်ရှင်လေးတွေကို ဝတ်ဆင်လို့ ရတယ်ဆိုတာကို ဖော်ပြပေး မှာပါနော်။
(၁) ချစ်စရာကောင်းတဲ့ စကတ်တို၊ ဂါဝန်တိုကို ရိုးရှင်းတဲ့ ဒီဇိုင်းမျိုးမဝတ်ဘဲ ပန်းပွင့်၊ ပန်းခတ်နဲ့ ခပ်ရှုပ်ရှုပ်ဒီဇိုင်း လေးတွေပါဝင်တဲ့ ဂါဝန်၊ စကတ်တွေက ပုသေးနေတာကို မသိသာစေပါဘူး။ အရပ်ပုတဲ့ကောင်မလေးတွေအနေနဲ့ ဖိနပ်ရွေးချယ်မှုမှန်ကန်ဖို့ကလည်း အဓိကကျလှပါတယ်။ သက်တောင့်သက်သာဖြစ်ပြီးအတော်မြင့်တဲ့ခုံထူ ဖိနပ်လေး တွေနဲ့ဆိုလွန်စွာလိုက်ဖက်မှုရှိလှပါတယ်။ ပန်ဆယ်လ်ဒေါက်ဖိနပ်တွေအစား ခုံထူဒေါက်ဖိနပ်လေးနဲ့ကပိုလို့ကြည့် ကောင်းမှာပါနော်။
(၂) ဂျင်းဘောင်းဘီအကြပ်၊ ဘောင်းဘီခြေရှူးတွေကို ဝတ်ဆင်မယ့်အစား ခပ်ပွပွဒီဇိုင်းနဲ့ ရှည်လျားတဲ့ဘောင်းဘီကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဒီလိုဘောင်းဘီအရှည်အပွလေးကို ဒေါက်ဖိနပ်အမြင့်လေးနဲ့ တွဲဖက်ဝတ်ဆင်လို့ရပါ တယ်နော်။ ဒီလိုဆိုရင်တော့ ခြေတံရှည်သလိုထင်ရပြီး ဖက်ရှင်ကျလှပစေမှာပါ။
(၃) ဂျင်းဘောင်းဘီကို ခြေရှူးတွေဝတ်မယ့်အစား အောက်အပွပုံစံကို ရွေးချယ်ဝတ်ဆင်ပါ။ အကျီင်္ကိုလည်းခပ်ပွပွ လေးနဲ့တွဲဖက်ဝတ်ဆင်မယ်ဆိုရင်တော့ လွတ်လပ်ပေါ့ပါးတဲ့ စတိုင်လေးဖြစ်ပြီပေါ့။
(၄) ကုတ်အကျီင်္ဝတ်တဲ့အခါမှာလည်း မတို၊ မရှည်ပုံစံက အရပ်ပုသူတွေအတွက် သင့်တော်ပါတယ်။ ဖိနပ်ကိုလည်း အမြင့်ကြီးတွေစီးစရာမလိုဘဲ ရှူးအပါးလေးစီးလိုက်ရုံနဲ့ ပြီးပြည့်စုံတဲ့ဖက်ရှင်ဖြစ်နေပါပြီ။
(၅) ဗီ(V)လည်ပင်းပုံစံအကျီင်္တွေကလည်း အရပ်ပုတဲ့ကောင်မလေးတွေအတွက် ဖက်ရှင်ကျလှပစေပါတယ်။ ရုံးသွားတဲ့အခါမှာ ဝတ်လို့ရသလို ဒီလိုဖက်ရှင်က စမတ်ကျပြီး အမြင်မရိုင်းစေပါဘူး။
(၆) ဒူးဖုံးဂါဝန်ရှည်၊ စကတ်ရှည်လေးနဲ့လည်း လိုက်ဖက်မှုရှိပါတယ်။ အရမ်းကားထွက်နေတာမျိုး၊ ကပ်လွန်းနေ တာမျိုးမဟုတ်ဘဲ အေ(A)ပုံစံဒီဇိုင်းလေးတွေကိုသာ ရွေးချယ်ဝတ်ဆင်ဖို့ လိုပါတယ်နော်။
source:myanmaplatform
read more:http://www.textiledirectory.com.mm/articles/item/771-short-girl-fashion.html"အရပ်ပုတဲ့သူတွေ ရှောင်ရမယ့်အရာများ"