What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ညှို့အားပြင်းတဲ့ Nude Color တွေဝတ်တော့မယ်ဆိုရင်

အရောင်တွေနဲ့ပတ်သက်ပြီးပုံမှန် အစိမ်း၊ အဝါ၊ အနီစသဖြင့် တိကျတဲ့အရောင်တွေကိုသာလူသိများပေမယ့် color creationတွေကြောင့် ဖက်ရှင်ရေစီးကြောင်းမှာ အသစ်အသစ်သော အရောင်တွေပေါ်ထွက်လာတာကိုတော့ လက်လှမ်းမီသေးတဲ့သူတွေရှိပါတယ်။

တချို့အရောင်တွေဆိုရင် နာမည်ဘယ်လိုပေးရမှန်းမသိအောင်ကို ထူးခြားတဲ့ Attractionရှိနေတာပါ။အဲ့ဒီလိုအရောင်တွေထဲမှာမှ ထူးထူးခြားခြား ညှို့အားပြင်းတဲ့ Nude Color တွေအကြောင်းပြောပြပေး ချင်ပါတယ်။
Nude Color ကိုအခြေခံတဲ့ Nude ဖက်ရှင်ဆိုတာကတော့ လူတစ်ယောက်မှာရှိတဲ့ နဂိုအသားအရေပေါ်မူတည်ပြီး အသားအရေနဲ့ထပ်တူကျတာ ဒါမှမဟုတ် လိုက်ဖက်ညီအောင်ဝတ်တဲ့ဖက်ရှင်မျိုးကိုခေါ်တာပါ။ တချို့ကလည်း Nude Colorကို အလွယ်ပဲ အသားရောင်လို့ခေါ်ကြပါတယ်။
ဒါပေမယ့်တချို့အသားရောင်တွေက အသားညိုတဲ့သူ၊ အသားမဲတဲ့သူ၊ အသားနီစပ်စပ်အရောင်ရှိတဲ့သူတွေနဲ့မ လိုက်ဖက်တာမျိုးရှိပါတယ်။ ဒါပေမယ့် အခုပြောပြပေးမယ့် အချက်လေးတွေသိထားရင် ညို့အားပြင်းတဲ့ nude colorဖက်ရှင်ဘယ်လိုဝတ်ရမယ်ဆိုတာသိသွားမှာပါ။

1501146605630

အသားညို၊ အသားမဲတဲ့သူတွေအတွက်
ကိုယ်ကအသားညိုတဲ့အထဲမှာပါတယ်၊ အသားမဲတဲ့သူဆိုရင်လည်း Nude Color ဝတ်ဖို့စိတ်မပျက်ပါနဲ့။ အညိုဖက်ဖေါက်တဲ့ nude colorမျိုးရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ အသားညိုပါတယ်ဆိုမှ အညိုပဲဝတ်ရမလားဆိုပြီး ဇဝေဇဝါဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အရမ်းဖျော့တဲ့အရောင်တွေဆိုရင် ကိုယ့်အသားညိုတာ ပိုပြီးသိ သာသွားနိုင်ပါတယ်။ ဒါကြောင့် အညိုပေါ်ကို အညိုဆင့်တဲ့ဖက်ရှင်မျိုးကိုရွေးချယ်စေခြင်းဖြစ်ပါတယ်။ တစ်မျိုး တည်းမဝတ်ချင်ဘူးဆိုရင် နို့နှစ်ရောင်၊ သနပ်ခါးရောင်စတဲ့အရောင်လေးတွေနဲ့တွဲစပ်ဝတ်ဆင်နိုင်ပါတယ်။

Nude ဖက်ရှင်ကိုပေါ်လွင်ပါစေ
Nude ဖက်ရှင်ရဲ့ အဓိကထူးခြားချက်က အရိုးရှင်းဆုံးကနေ ဆွဲဆောင်မှုရှိပြီး ဆက်စီကျသွားစေတဲ့ အချက်ဖြစ် ပါတယ်။ အဖြူ၊ ငွေရောင်၊ လိမ္မော်ရောင်တို့လိုလင်းနေစေမယ့် အရောင်တွေနဲ့တွဲစပ်ဝတ်နိုင်ပါတယ်။ Nude Colorတွေထဲမှာ အသားရောင်၊ အညိုရောင်၊ သစ်သားရောင်၊ ခရင်မ်မီရောင်၊ ထုံးခြောက်ရောင်၊ သနပ်ခါးရောင် စသဖြင့် သူကအရောင်ဖျော့ အုပ်စုဝင်အရောင်တွေပါဝင်ပါတယ်။
ဒီအရောင်တွေက အရောင်ဖျော့၊ အရောင်ပြေးတွေဖြစ်တာကြောင့် တော်ရုံဆိုမပေါ်လွင်ပါဘူး။ ဒါကြောင့် Nude ဖက်ရှင်တွေဝတ်မယ်ဆိုရင် သတိထားရမှာက ဒီဇိုင်းရှုပ်ရှုပ်ထွေးထွေး၊အဆင်ဆန်းဆန်းတွေနဲ့မဝတ်မိစေဖို့အရေး ကြီးပါတယ်။

source:myanmaplatform

Read 5912 times
Rate this item
(0 votes)