ဖက်ရှင် ရေစီးကြောင်းက အမြဲလိုပြောင်းလဲနေတတ်ပါတယ်။သင်ကမိန်းကလေးတစ်ဦးလည်းဖြစ်တယ်ဖက်ရှင်ကျတဲ့သူတစ်ဦးလည်းဖြစ်တယ်ဆိုရင် ရင်းနှီးမြုပ်နှံသင့်တဲ့ ဖက်ရှင် (၁၀) မျိုးကို မျှဝေပေးချင်ပါတယ်။
အဝတ်အစားတွေက ဝယ်ထားပြီး မဝတ်ဖြစ်ရင်လည်း အချည်းအနှီးမို့အသုံးလည်းဝင်ပြီး ရင်းနှီးမြုပ်နှံသင့်တဲ့ဖက်ရှင်တွေကတော့…..
၁။ Fit ဖြစ်တဲ့ Dress ဝတ်စုံ
သင်နဲ့ Fit ဖြစ်ပြီး ပုခုံးပုံစံ ခပ်ဆန်းဆန်းလေးချုပ်ထားတဲ့ Dress ဝတ်စုံလေး သင့်ဆီမှာ ရှိသင့်ပါတယ်။ အဲဒီDress လေးတွေက သင့်ကို တစ်မျိုးတည်းနဲ့ စတိုင်လ်ကျနေစေမှာပါ။
၂။ ကုတ်အင်္ကျီ ရှည်ရှည်
လည်သာ ကုတ်အင်္ကျီ ရှည်ရှည်လေးတွေကိုလည်း သင့်ကို ပိုပြီး စတိုင်လ်ကျစေလို့ သင့်ဆီမှာ ရှိသင့်ပါတယ်။
၃။ Jeans ဘောင်းဘီ
သင်နဲ့ Fitting ဖြစ်တဲ့ Jeans ဘောင်းဘီလည်း သင့်ဆီမှာ ရှိသင့်ပါတယ်နော်။ Jean ဖက်ရှင်က သင့်ကို ဘယ်လိုမှအမြင်ရိုးစေမှာမဟုတ်ပါဘူး။
၎။ လည္သာ ဂ်က္ကတ္အက်ႌ
လည်သာ ဂျက်ကတ်အင်္ကျီကလည်း သင့်ကို ပိုပြီး စတိုင်လ်ကျစေမှာပါ။ ဘယ်လို ဖက်ရှင်မျိုးနဲ့ တွဲဝတ်ဝတ်လိုက်ဖက်မှုရှိလို့ အဆင်ပြေတဲ့ ဖက်ရှင်မျိုးဖြစ်ပါတယ်။
၅။ ရိုးရိုးရှင်းရှင်း Pant ဘောင်းဘီ
သင့်ကို ပိုပြီး စမတ်ကျတဲ့ မိန်းကလေးတစ်ယောက်ဖြစ်စေဖို့ ဖက်ရှင်က ပံ့ပိုးပေးပါတယ်။ အဲဒီအတွက် ရိုးရှင်းတဲ့ Pant ဘောင်းဘီလည်း သင့်မှာ ရှိသင့်ပါတယ်။
၆။ Dress အင်္ကျီ အပြောင်လေးတွေ
ပြောင်ပြောင်လက်လက် Dress အင်္ကျီ လေးတွေကလည်း သင့်ကို ညဖက်မှာ နတ်သမီးတစ်ပါးလို ပေါ်လွင်စေမှာပါ။
၇။ Jeans Jacket
သင့်ကိုပိုပြီး စတိုင်လ်ကျစေမယ့် Jeans Jacket လည်း သင့်ဆီမှာ ရှိသင့်ပါတယ်နော်။
၈။ ခြေကျင်းဝတ်မှာ အပတ်လေးပါတဲ့ဒေါက်ဖိနပ်
အဲဒီလိုဖိနပ်တွေက သင့်ကို ဂါဝန်တိုတိုနဲ့ ဝတ်ဝတ် ဂါဝန်ရှည်ရှည်နဲ့ ဝတ်ဝတ်၊ ဘောင်းဘီနဲ့ ဝတ်ဝတ် စတိုင်ကျနေစေမှာဖြစ်ပါတယ်။
၉။ လွယ်အိတ်ကြီးကြီး
နောက်တစ်ခုက သင်ဘာပစ္စည်းထည့်ထည့်အဆင်ပြေတဲ့ လွယ်အိတ်ကြီးကြီးတစ်လုံးလောက် သင့်မှာ ရှိသင့်ပါတယ်နော်။
၁၀။ ဒေါက်ပါတဲ့ ဘွတ်ဖိနပ်
ဒေါက်ပါတဲ့ ဘွတ်ဖိနပ်တွေကလည်း ဝယ်ယူထားသင့်တဲ့ ပစ္စည်းတစ်မျိုးပါပဲ။
Source:mystyle