ကိုရီးယားဖက်ရှင်ဆိုတာ ချစ်စရာပုံစံလေးတွေနဲ့ ပျိုမေတွေရဲ့ အသည်းကို ချုပ်ကိုင်ထားနိုင်တဲ့ ဖက်ရှင်ပဲဖြစ်ပါတယ်။ ကိုရီးယားစတိုင်လ်လေးတွေ ၀တ်လိုက်တဲ့အခါ ရှိရင်းစွဲအသက်ထက် ပိုနုတဲ့အသွင်လေး ဖြစ်သွားတာ ငြင်းလို့မရတာအမှန်ပါ။ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ဖက်ရှင်လေးတွေကို inspired လုပ်လို့ရအောင် အခုလက်ရှိမှာ hot နေတဲ့ ကိုရီးယားဖက်ရှင်လေးတွေကို ဖော်ပြလိုက်တယ်နော်။
(၁) Short Sweater Over Lap

ခါးရှည်၊ လက်ရှည်ဆွယ်တာကို ရှပ်အင်္ကျီအပေါ်က ထပ်ဝတ်တာ ရိုးသွားပါပြီတဲ့။ လက်ပြတ်၊ခါးတို ဆွယ်တာလေးတွေကို ဒီလိုလေး တွဲဝတ်ကြည့်နော်။
(၂) Fairy Coat

အမွေးပွ ကုတ်အင်္ကျီက ရိုးရိုးကုတ်အင်္ကျီထက်တော့ ပိုမိုက်တာအမှန်ပါ။ ဂါဝန်အတိုနဲ့ အမွေးပွကုတ် တွဲဖက်ဝတ်ဆင်တာကို ကြိုက်နေကြပါတယ်။
(၃) Different Color in Same Hue

အရောင်တူတွေကို အနုအရင့် တွဲဝတ်တာမျိုးပါ။ အင်္ကျီက အရောင်နုဆို၊ ဘောင်းဘီ ဒါမှမဟုတ် စကတ်က အရောင်ရင့်၊ အဲ့ဒီလိုပဲ ဘောင်းဘီ ၊ စကတ်က အရောင်နုဆို အင်္ကျီက အရောင်ရင့် အဲ့ဒီလိုမျိုးတွဲဝတ်တာပါ။ အရောင်ကို ရှင်းရှင်းလေးဆင်ထားတော့ accessories တွေလွတ်လွတ်လပ်လပ်ရွေးလို့ရတာပေါ့။
(၄) Quarter Denim

ကွာတားဆိုရင် စတိုင်ပန်တွေအ၀တ်များပေမယ့် ကွာတားဂျင်းဘောင်းဘီတွေ ကိုရီးယားဖက်ရှင်မှာ တွေ့ရခဲပါတယ်။ တိုရင်တို ၊ မတိုရင် ရှည် … ဒါမျိုးပဲဝတ်ကြတာပါ။ အခုနောက်ပိုင်းတော့ ခြေအိတ်ဖော်ပြီး ကွာတားဂျင်းဘောင်းဘီလေးနဲ့ တွဲဝတ်လာပြီး အမြင်တမျိုးဆန်းပါတယ်။
လည်သာအနက်ရောင် ဂျက်ကက်နဲ့ ဖက်ရှင်ကျကျ လန်းကြမယ်
(၅) Party Look

party သွားတဲ့ပုံစံမျိုး အပြင်သွားတဲ့အခါ ၀တ်သွားဖို့ဆိုရင် တမျိုးတော့ဖြစ်နေမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး free style ဆန်ဆန်ဝတ်မယ်ဆိုရင်တော့ အရမ်းကိုလန်းနေမှာနော်။ ချည်ထည်ပေါ်က ပိုးဂါဝန်အတိုကို ထပ်ဝတ်ထားတာရယ်၊ country ဆန်တဲ့ boot ကို ခြေအိတ်ဖော်ပြီး ၀တ်ထားတာရယ်က မြင်တဲ့သူတိုင်းကို ရှော့ခ်ရသွားစေတဲ့ အတွဲအစပ်မျိုးပါ။
(၆) Barbie Doll

အင်္ကျီအဖြူပေါ်မှာ floral ဂါဝန်လေးတွေ ထပ်ဝတ်ရာက အခုလို ပြောင်ဂါဝန်လေးတွေကို အရုပ်မလေးလို ၀တ်ထားတာ တွေ့လိုက်ရတော့ မြင်နေကျနဲ့ လုံးဝကို ကွဲထွက်ပြီး ချစ်စရာကောင်းလွန်းနေပါတယ်။
(၇) Formal Freely

formal style လေးတွေကို walking shoe နဲ့ တွဲဝတ်ထားတော့ လွတ်လပ်ပြီး စမတ်ကျတဲ့ အသွင်မျိုးဖြစ်နေပါတယ်။ယုံကြည်မှုလည်း အပြည့်ပဲနော်။
Source:aunty may





