What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမျိုးသားတွေစမတ်ကျကျနေနိုင်ဖို့စွန့်လွှတ်သင့်တဲ့ဖက်ရှင်များ

ဖက်ရှင်ရေစီးကြောင်းအရ အမျိုးသမီးတွေသာမက အမျိုးသားတွေပါ ဖက်ရှင်ကိုစိတ်ပါဝင်စားလာကြပါပြီ။ဒါပေမယ့် တချို့ အမျိုးသားတွေကတော့ ဖက်ရှင်ဆိုတာ ဘာမှန်းမသိအောင် အူကြောင်ကြောင်နိုင်တဲ့ ၀တ်စားဆင်ယင်မှုမျိုးကို ခုထိ ကျင့် သုံးနေကြတုန်းပါပဲ။

လူတစ်ယောက်အတွက် အရည်အချင်းက အဓိက ဆိုပေမယ့် ဥပဓိရုပ်ကောင်းဖို့ကလည်း လူမှု ဆက် ဆံ ရေးနယ်ပယ်မှာ လိုအပ်ချက်တစ်ခုလိုဖြစ်နေပါပြီ။ ချောမောလှပနေဖို့မလို ခန့်ညားသပ်ရပ် ပြီး ကိုယ်နဲ့လိုက် ဖက်တဲ့ အ၀တ်အစားကို ရွေးချယ်ဝတ်ဆင်ရုံနဲ့ စမတ်ကျကျနေနိုင်ပါတယ်။
ဖက်ရှင်လို့ပြောတဲ့နေရာမှာ အမျိုးသမီးတွေအတွက် ဘယ်လို ပုံစံ် ၀တ်ဝတ်ဖက်ရှင်အမြင်နဲ့ သင့်တော်နိုင်ပေမယ့် အမျိုး သားတွေအတွက်ကတော့ စမတ်ကျပြီး သင့်တင့်လိုက်ဖက်တဲ့ဝတ်စားဆင်ယင်မှုမျိုးဖြစ်ဖို့အရေးကြီးပါတယ်။ဒါကြောင့် ကိုယ့်မှာ အခုချိန်ထိ မစွန့်လွှတ်နိုင်သေးတဲ့ ဖက်ရှင်အကျင့်ဆိုးတွေရှိနေရင်ပြုပြင်နိုင်အောင် မျှဝေပေးလိုက်ပါတယ်။
တီရှပ်၊ဘောင်းဘီအကျပ်ဖက်ရှင်

=================
ဒီဖက်ရှင်ကတော့ တော်တော်ကြည့်ရဆိုးပါတယ်။ယောက်ျားတစ်ယောက်အနေနဲ့ ခန္ဓာကိုယ် အလှအပကို ကြွားလုံးထုတ် စရာမလိုပါဘူး။ဘယ်လောက် အရည်အချင်းရှိတယ်ဆိုတာပဲ အဓိကအရေးကြီးပါတယ်။ဒါကြောင့် ခန္ဓာကိုယ်အလှပြနိုင်ဖို့ တီရှပ်အကျပ်ဝတ်တာတွေ ရပ်တန့်သင့်ပါပြီ။ဒါ့အပြင် ဒူးအတိ ရှော့ပင် အတို ဘောင်းဘီ က ပေါ့ပေါ့ပါးပါးရှိ တယ်ဆို ပေ မယ့် ဂျင်းအတိုကိုတော့ ရှောင်သင့်ပါတယ်။
တံဆိပ်ထင်ထင်ရှားရှား

===============
တံဆိပ် ထင်ထင်ရှားရှား ရိုက်နှိပ်ထားတဲ့ ဖက်ရှင်တွေဟာ ယောက်ျားတစ်ယောက်ကို ခန့်ညားစေဖို့ အထောက် အကူမပြုနိုင်ပါဘူး။ယောက်ျားလေးတစ်ယောက် အတွက် ဘယ်branded ဒီဇိုင်းဝတ်တယ်ဆိုတာ ကြွားလုံးထုတ် ဂုဏ်ယူခြင်းက လိုက်ဖက်မှုမရှိပါဘူး။
သားရေဘောင်းဘီ၊ တီရှပ်

=============
သားရေနဲ့ ပြုလုပ်ထားတဲ့ ဘောင်းဘီ၊ တီရှပ်၊ ဦးထုပ်တွေက နေ့စဉ် ဘ၀မှာ ၀တ်ဖို့ သင့်တော်တဲ့ အ၀တ်အ စားတွေ တော့မဟုတ်ပါဘူး။ဒီလို ၀တ်စားဆင်ယင်မှုမျိုး က အထိမ်းအမှတ်ပွဲ၊ပျော်ပွဲ ရွှင်ပွဲတွေမှာ ဆိုရင်တော့ သင့်ကို ဆွဲဆောင်မှုရှိသူတစ်ယောက်ဖြစ်စေနိုင်ပါတယ်။
အဖြူ ၊အ၀ါ၊ ပန်းရောင်၊ ခရမ်းရောင်

================
ဒီလို အရောင်တွေက ယောက်ျားတစ်ယောက်ရဲ့ ခန့်ညားမှု ဘုန်းကံ ထည်ဝါမှုတွေကို အရောင်မှိန်စေပါတယ်။ ဒါ့အပြင် ခွန်အားဗလကို ယုတ်လျော့သလို ထင်မြင်စေပါတယ်။အဖြူ ရောင်က ဘာနဲ့တွဲဖက်ဝတ်ပါစေ လိုက်ဖက်မှုရှိပေမယ့် ဂျင်းအမျိုးအစားကိုရှောင်သင့်ပါတယ်။ အညိုရောင်၊ အနက်ရောင်၊ မီးခိုးရောင်နဲ့ နက်ပြာရင့်ရောင် တို့ ကတော့ ယောက်ျားလေးတွေအတွက်အသင့်တော်ဆုံးအရောင်ဖြစ်ပါတယ်။
အိုဗာ ဆိုဒ် ၀တ်ခြင်း

=============
ပွပွချောင်ချောင်အကျီ င်္တွေက လွတ်လပ်ပေါ့ပါးမှုရှိပေမယ့်နေရာတိုင်းတော့ အဆင် မပြေနိုင်ပါဘူး။ကိုယ်နဲ့ လိုက်ဖက်မှုမရှိတဲ့အ၀တ်အစားတွေအပြင် ဆိုဒ်လွန်နေတာတွေ၊ အလွန်ရှည်လွန်းနေတဲ့ ဂျင်းဘောင်းဘီ၊ အိပ်ကပ်ခပ်ကြီးကြီး စသဖြင့် ဒီလို ဖက်ရှင်မျိုးဟာ လူတစ်ယောက်အတွက် ယုံကြည်မှု ကို လျော့ နည်း စေပါတယ်။
အရောင်အလွဲများ

=============
လိုက်ဖက်မှုမရှိတဲ့ အရောင်အတွဲအစပ်တွေကိုဝတ်တဲ့နေရာမှာ ရှူးဖိနပ်နဲ့ ခါးပတ်က အဓိကအရေးကြီး ပါ တယ်။ ယောက်ျား လေးတွေအနေနဲ့ ခါးနဲ့ ခါး အောက်ပိုင်းကို အရောင်အတွဲအစပ် မကွာလွန်းတဲ့ ဖက်ရှင်မျိုးကို ရွေး ချယ်သင့်ပါတယ်။
အောက်ခံ အကျပ်ဖက်ရှင်

==============
ခန္ဓ္ဓာကိုယ်နဲ့ အနီးကပ်ဆုံးမှာရှိတဲ့ အ၀တ်အစားက ကိုယ်ပေါ်မှာ သက်တောင့်သက်သာရှိနေဖို့လိုပါတယ်။ အောက်ခံဖြစ် လို့အရေးမကြီးဘူးလို့ မယူဆသင့်ပါဘူး။ကိုယ့်ရဲ့ ခန္ဓ္ဓာကိုယ် အနေအထားနဲ့ ကိုက်ညီပြီး အရည်အသွေးမြင့် တဲ့ အောက်ခံ အမျိုးအစားကို ကိုယ်တိုင်ရွေး ချယ် ၀ယ်ယူသင့်ပါတယ်။
လျှော်ဖွတ်လွန်းခြင်း

==============
အ၀တ်အစားတွေကို ကြမ်းကြမ်းတမ်းလျှော်ဖွတ်ခြင်းကလည်း အ၀တ်အစားအရည်အသွေးကို ကျဆင်းစေတဲ့အပြင် ပုံစံ အနေအထားကိုပါ ပျက်စီးစေတဲ့အတွက် ၀တ်ဆင်ဖို့ အံဝင်ခွင်ကျမဖြစ်တော့တာတွေရှိပါတယ်။လက်နဲ့ သေချာ ပွတ် တိုက်လျှော်ဖွတ်ခြင်းက အ၀တ်အစားတွေကို ရေရှည် ထိန်းသိမ်းနိုင်ပါတယ်။
မေမေ၀ယ်ပေးတာ

==============

တချိုက ယောက်ျားလေးတွေအနေနဲ့ အသက်အရွယ်ကြီးရင့်တဲ့အထိ အမေ ၀ယ်ပေးတာကိုပဲ ၀တ်ဆင်နေတတ်ကြပါ တယ်။သမီးမိန်းကလေးအတွက် အမေ့ရဲ့ ဆင်ယင်ပေးမှုက အဆင်ပြေနိုင်ပေမယ့် သားယောက်ျားလေးအတွက်က တော့ ကိုယ်ကျင်လည်နေရတဲ့ လုပ်ငန်းပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မယ့် အ၀တ်အစားမျိုးကို ကိုယ်တိုင်ရွေးချယ်ဝယ်ယူ သင့်ပါတယ်။
source:shwemom

Read 1130 times
Rate this item
(0 votes)