What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆောင်းရာသီဖက်ရှင် - ၂

ဆောင်းရာသီမှာ သင့်ကိုပိုပြီး လှပစေရန် ဆောင်းရာသီဖက်ရှင်ဖြင့်

အနွေးဓာတ်ရရှိစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ခြုံထည်ပ၀ါ

ခြုံထည်ပ၀ါအကြီးအသေးနဲ့လည်း စတိုင်ကျအောင် ပြုလုပ်နိုင်ပါတယ်။ ဖန်စီခါးပတ်လှလှကလေးနှင့်အတူ ခြုံထည်ပ၀ါအကြီးတွေကို အပေါ်ကနေ ခြုံကာ မိမိခါးနေရာနားမှာ ခါးပတ်နဲ့ပတ်ပြီး အ၀တ်အစားနှင့် လိုက်ဖက်တဲ့ အရောင်တွေကိုရွေးချယ်ပြီး အပေါ်ကနေ ခြုံပေးနိုင်ပါတယ်။

ခြေအိတ်၊ လက်အိတ်အလှများ

ခြေဖျားလက်ဖျားလေးတွေ မအေးအောင် ကာကွယ်နိုင်ပြီး သင့်ကို သက်တောင့်သက်သာနှင့် အအေးဒဏ်ခံနိုင်စေရန်အတွက် ခြေအိတ်လက်အိတ်များ ဆောင်ထားသင့်ပါတယ်။ Lather လက်အိတ်နှင့် ချည်သားလေးတွေက သင့်အရေပြားကို ထိခိုက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။

Read 2043 times
Rate this item
(0 votes)