What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Bra အတွင်းရေး Bra အတြင္းေရး

အံကိုက် မဖြစ်တဲ့ ဘရာတွေကို အမြဲ နေ့စဉ် ဝတ်နေမယ်ဆိုရင် ကျန်းမာရေး ထိခိုက်နိုင်တယ်။ ပြီးတော့ အမြင်လည်း မတင့်တယ်ဘူး။

များသောအားဖြင့် တော်၏ မတော်၏ ဆိုတာကို သေသေချာချာ အရေးမလုပ်ကြဘူး။ သေးလွန်းနေတာ ကြီးလွန်းနေတာတွေ ရှိနေတယ်။ ၇၀ ရာခိုင်နှုန်းလောက်က သေးနေတဲ့ဘရာတွေကို ဝတ်ဆင်ကြတယ်။ ၁၀ ရာခိုင်နှုန်းလောက်က ကြီးနေတဲ့ ဘရာတွေကို ဝတ်ဆင်ကြတယ်။ ၂၀ ရာခိုင်နှုန်းကျော်ပဲ size အမှန် အံကိုက်ကို ဝတ်ဆင်ကြတယ်လို့ စစ်တမ်းတွေအရ သိကြရတယ်။

fit မဖြစ်တဲ့ bra ကို ဝတ်ဆင်တဲ့အတွက် ရင်သားနှစ်မွှာကို ဆွဲတင်ပေးထားရတဲ့ ပခုံးသိုင်းကြိုးမှာ ပြဿနာ ရှိတတ်တယ်။ ပခုံးသားပေါ် မလိုအပ်ဘဲ ဖိထားတယ်။ အဲဒီအခါ အကြောတွေ ထိရာမှ ဇက်ကြောတက်တာ၊ သွေးလှည့်ပတ်မှုကို ဖိထားလို့ ခေါင်းကိုက်တာတွေ ဖြစ်တတ်တယ်။ fit ဖြစ်တဲ့ဘရာဆိုရင် ပခုံးသားအပေါ် ဖိအားသက်ရောက်မှု နည်းပါးတယ်။ ဘရာရဲ့ ရင်ဘတ်မှာ ကျပ်စည်းထားသလို ဖြစ်နေတာကြောင့် အသက်ရှူမဝတာ ဖြစ်တတ်တယ်။

ပခုံး သိုင်းကြိုးက ပခုံးသားထဲ နစ်ဝင်နေရင် အဲဒါ ခွက်က သေးလွန်းနေတာလား။
ရင်သားနှစ်မွှာက ခွက်ရဲ့နှုတ်ခမ်းအပြင်ဘက် အန်ထွက်နေရင် သိုင်းကြိုးမှာ အပိုအလေးချိန် ဖိစီးတယ်။ ကြိုးတင်းတင်းနဲ့ ပခုံးမှာ ဆွဲချသလိုဖြစ်နေစေတယ်။ အဲဒီလိုဆိုရင် ခွက်အရွယ်ပိုကြီးတဲ့ ဘရာကို သုံးစွဲသင့်ပါတယ်။
အခုလို အသားမှာ ကြိုးရာ ထင်တဲ့အထိ ဖြစ်နေရင် မသင့်တော်တဲ့ ဘရာကို ဝတ်မိတာလို့ သဘောပေါက်ရမှာ ဖြစ်ပါတယ်။ မှားယွင်းလွဲချော်တာအတွက် လက္ခဏာတွေ ပြသနေတာ ဖြစ်ပါတယ်။
ဖြစ်တတ်တာ တစ်မျိုးက ကိုယ်ခန္ဓာမှာ ဘယ်ခြမ်းနဲ့ ညာခြမ်း မတူတာကြောင့် သိုင်ကြိုး နှစ်ဖက်ကို အလျားတူ ထားပေမဲ့ တစ်ဖက်ဖက်မှာ တင်းလွန်းနေတာ ဖြစ်နေတတ်ပါတယ်။ အဲဒီလိုဆိုရင် စည်းကြိုး band ကို မှန်ထဲမှာ ကြည့်လိုက်ပါ။ ရေပြင်ညီအတိုင်း ရှိနေရဲ့လား။ ကိုယ့်ဘာသာကိုယ် ကြည့်တာ မသေချာရင် တခြားတစ်ယောက်ယောက်ကို ကြည့်ခိုင်းပါ။ တစ်ဖက်ကနိမ့်ပြီး တစ်ဖက်က မသိမသာ မြင့်နေသလား ဆိုတာ ကြည့်ပါ။ သိုင်းကြိုးအလျားတွေကို ချိန်ပေးလိုက်ပါ။

band size က ကိုယ့်ဝတ်ရမယ့် size အမှန်ထက် ကြီးနေတာလည်း ဖြစ်နိုင်တယ်။ cup size က ငယ်နေတာလည်း ဖြစ်နိုင်တယ်။ ချိတ်ကို ပိုတင်းမယ့်အနေအထားမှာ ချိတ်ပြီး ပခုံးကြိုးတွေကို လျှော့ပေးပြီး ဝတ်ကြည့်ပါ။
အခုလိုတွေ လုပ်ပေမဲ့ ပြဿနာက ရှိနေတုန်းဆိုရင်တော့ တော်မယ့်တန်မယ့် ဘရာ အသစ် ဝယ်ဝတ်ရပါလိမ့်မယ်။

စည်းကြိုး band နဲ့ ခွက် cup တို့ရဲ့ size အတွက် ပုံသေနည်း ရှိတယ်။

ကိုယ့်ရဲ့ size ကို အိမ်မှာ ကိုယ့်ဘာသာကိုယ် တိုင်းလို့ရတယ်။ အတိုင်းအတာ နှစ်မျိုး တိုင်းဖို့ လိုတယ်။

တစ်ကိုယ်လုံးကို ပတ်လည်တိုင်းတာမှာ ရင်သားနှစ်မွှာ အောက်ဖက်ကနေ တိုင်းတာက တစ်ခု။

ရင်သားထိပ် နို့သီးခေါင်းတွေ ရှိတဲ့နေရာကို ဖြတ်ပြီး တစ်ကိုယ်လုံး ပတ်လည်တိုင်းတာက တစ်ခု။

ပြီးရင် အဲဒီနှစ်ခုကို နုတ်ကြည့်လိုက်ရမယ်။ ဥပမာ ရင်သားနှစ်မွှာ အောက်ကနေတိုင်းတာက ၃၂ လက်မ၊ ရင်သားထိပ် နို့သီးတွေပေါ် ဖြတ်ပြီး တိုင်းတာက ၃၄ လက်မ ဆိုရင် ၃၅ ထဲကနေ ၃၂ ကို နုတ်ရင် ၃ ရမယ်။ A က ၁ ၊ B က ၂ ၊ C က ၃ ဆိုတော့ ခွက်cup ရဲ့ size က C ဖြစ်ပါတယ်။ ဒီတော့ ဘရာ size က 32 C ဖြစ်ပါတယ်။ 32 က ရင်သားအောက်ကေ တိုင်းလို့ရတဲ့ အတိုင်းအတာ ဖြစ်ပါတယ်။
၄။ ရင်သား နှစ်မွှာ ရှိနေတာမှာ တစ်ခုနဲ့တစ်ခု အရွယ်အစား မတူရင် ကြီးတာကို အတည်ယူလိုက်ပါ။
ရင်သား နှစ်မွှာ ရှိနေတာမှာ တစ်ခုနဲ့တစ်ခု အရွယ်အစား တူချင်မှ တူပါလိမ့်မယ်။ မတူ ဖြစ်နေကျ ဖြစ်ပါတယ်။ တစ်မွှာက ကျန်တစ်မွှာထက် ပိုကြီးနေတာ ဖြစ်နေကျပါ။ အဲဒီလိုဆိုရင် ကြီးတဲ့ဟာကို အတည်ယူပြီး သေးတဲ့ဘက်မှာ အခုအခံ ထည့်ပေးပြီး ဝတ်ဆင်နိုင်ပါတယ်။ ဘရာကို ဝတ်ကြည့်လိုက်တဲ့အခါ ကြီးတဲ့ဘက်မှာ အတော်အတိ ဖြစ်နေပြီး ကျန်တစ်ဘက်မှာ ချောင်နေရင် အဲဒီဘရာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

ခွက်(အုံ)က သေးနေရင် သိသာပါတယ်။ ရင်သားနှစ်မွှာက ခွက်အပြင်ဘက် လျှံထွက်နေမယ်။ အဲဒီလိုဆိုရင် ရင်သားကျန်းမာရေး ထိခိုက်စေတဲ့အပြင် အမြင်လည်း မတင့်တယ်တော့ဘူး။ ကြီးနေရင်လည်းသိသာပါတယ်။ ချောင်ချောင်ချိချိ ဖြစ်နေမယ်။
ကိုယ်ခန္ဓာ အပိန်အ၀ ပြောင်းလဲရင် ဘရာကိုလည်း အလိုက်သင့် size ပြောင်းပြီး ဝတ်ရမှာကို မဝတ်ရင် အခုလို ကိစ္စတွေ ဖြစ်ပေါ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ ရင်သားကြီးထွားတဲ့အခါမှာလည်း ဘရာကို size ပြောင်းပြီး ဝတ်ရမှာ ဖြစ်ပါတယ်။ ကလေးကို နို့တိုက်တဲ့ကာလမှာ ရင်သားနှစ်မွှာက အရင်တုန်းကထက် ပိုကြီးနေတယ်။ ဘရာ ခွက်(အုံ) size တစ်ခုပိုကြီးတာ နှစ်ခု ပိုကြီးတာကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။
နောက်တစ်ခုက ဓမ္မတာ လာချိန်မှာ ရင်သားတွေ တင်းတယ်။ နည်းနည်း ပိုကြီးသွားတယ်။ အဲဒီအခါမှာ ခွက်(အုံ) size တစ်ခုပိုကြီးတာကို ဝတ်သင့်ရင် ဝတ်ရမယ်။ သန္ဓေတားဆေးကတ်ကို မြားတွေ ညွှန်ထားတဲ့အတိုင်း သောက်သုံးတဲ့အခါမှာလည်း ဆေးတွေက ရင်သားနှစ်မွှာအပေါ် သက်ရောက်မှု ရှိတတ်ပါတယ်။ အရွယ်ပိုကြီးစေလေ့ရှိတယ်။ အဲဒီလို ဖြစ်နေရင် size ပိုကြီးတဲ့ ခွက်(အုံ) ကို ဝတ်ဆင်ပေးသင့်ပါတယ်။

 

 

zawgyi

အံကုိက္ မျဖစ္တဲ့ ဘရာေတြကုိ အၿမဲ ေန႔စဥ္ ၀တ္ေနမယ္ဆုိရင္ က်န္းမာေရး ထိခုိက္ႏုိင္တယ္။ ၿပီးေတာ့ အျမင္လည္း မတင့္တယ္ဘူး။

မ်ားေသာအားျဖင့္ ေတာ္၏ မေတာ္၏ ဆုိတာကုိ ေသေသခ်ာခ်ာ အေရးမလုပ္ၾကဘူး။ ေသးလြန္းေနတာ ႀကီးလြန္းေနတာေတြ ရွိေနတယ္။ ၇၀ ရာခုိင္ႏႈန္းေလာက္က ေသးေနတဲ့ဘရာေတြကုိ ၀တ္ဆင္ၾကတယ္။ ၁၀ ရာခုိင္ႏႈန္းေလာက္က ႀကီးေနတဲ့ ဘရာေတြကုိ ၀တ္ဆင္ၾကတယ္။ ၂၀ ရာခုိင္ႏႈန္းေက်ာ္ပဲ size အမွန္ အံကုိက္ကုိ ၀တ္ဆင္ၾကတယ္လုိ႔ စစ္တမ္းေတြအရ သိၾကရတယ္။

fit မျဖစ္တဲ့ bra ကုိ ၀တ္ဆင္တဲ့အတြက္ ရင္သားႏွစ္မႊာကုိ ဆြဲတင္ေပးထားရတဲ့ ပခုံးသုိင္းႀကိဳးမွာ ျပႆနာ ရွိတတ္တယ္။ ပခုံးသားေပၚ မလုိအပ္ဘဲ ဖိထားတယ္။ အဲဒီအခါ အေၾကာေတြ ထိရာမွ ဇက္ေၾကာတက္တာ၊ ေသြးလွည့္ပတ္မႈကုိ ဖိထားလုိ႔ ေခါင္းကုိက္တာေတြ ျဖစ္တတ္တယ္။ fit ျဖစ္တဲ့ဘရာဆုိရင္ ပခုံးသားအေပၚ ဖိအားသက္ေရာက္မႈ နည္းပါးတယ္။ ဘရာရဲ႕ ရင္ဘတ္မွာ က်ပ္စည္းထားသလုိ ျဖစ္ေနတာေၾကာင့္ အသက္ရွဴမ၀တာ ျဖစ္တတ္တယ္။

ပခုံး သုိင္းႀကိဳးက ပခုံးသားထဲ နစ္၀င္ေနရင္ အဲဒါ ခြက္က ေသးလြန္းေနတာလား။
ရင္သားႏွစ္မႊာက ခြက္ရဲ႕ႏႈတ္ခမ္းအျပင္ဘက္ အန္ထြက္ေနရင္ သုိင္းႀကိဳးမွာ အပုိအေလးခ်ိန္ ဖိစီးတယ္။ ႀကိဳးတင္းတင္းနဲ႔ ပခုံးမွာ ဆြဲခ်သလုိျဖစ္ေနေစတယ္။ အဲဒီလုိဆုိရင္ ခြက္အရြယ္ပုိႀကီးတဲ့ ဘရာကုိ သုံးစြဲသင့္ပါတယ္။
အခုလုိ အသားမွာ ႀကိဳးရာ ထင္တဲ့အထိ ျဖစ္ေနရင္ မသင့္ေတာ္တဲ့ ဘရာကုိ ၀တ္မိတာလုိ႔ သေဘာေပါက္ရမွာ ျဖစ္ပါတယ္။ မွားယြင္းလြဲေခ်ာ္တာအတြက္ လကၡဏာေတြ ျပသေနတာ ျဖစ္ပါတယ္။
ျဖစ္တတ္တာ တစ္မ်ဳိးက ကုိယ္ခႏၶာမွာ ဘယ္ျခမ္းနဲ႔ ညာျခမ္း မတူတာေၾကာင့္ သုိင္ႀကိဳး ႏွစ္ဖက္ကုိ အလ်ားတူ ထားေပမဲ့ တစ္ဖက္ဖက္မွာ တင္းလြန္းေနတာ ျဖစ္ေနတတ္ပါတယ္။ အဲဒီလုိဆုိရင္ စည္းႀကိဳး band ကုိ မွန္ထဲမွာ ၾကည့္လုိက္ပါ။ ေရျပင္ညီအတုိင္း ရွိေနရဲ႕လား။ ကုိယ့္ဘာသာကုိယ္ ၾကည့္တာ မေသခ်ာရင္ တျခားတစ္ေယာက္ေယာက္ကုိ ၾကည့္ခုိင္းပါ။ တစ္ဖက္ကနိမ့္ၿပီး တစ္ဖက္က မသိမသာ ျမင့္ေနသလား ဆုိတာ ၾကည့္ပါ။ သုိင္းႀကိဳးအလ်ားေတြကုိ ခ်ိန္ေပးလုိက္ပါ။

band size က ကုိယ့္၀တ္ရမယ့္ size အမွန္ထက္ ႀကီးေနတာလည္း ျဖစ္ႏုိင္တယ္။ cup size က ငယ္ေနတာလည္း ျဖစ္ႏုိင္တယ္။ ခ်ိတ္ကုိ ပုိတင္းမယ့္အေနအထားမွာ ခ်ိတ္ၿပီး ပခုံးႀကိဳးေတြကုိ ေလွ်ာ့ေပးၿပီး ၀တ္ၾကည့္ပါ။
အခုလုိေတြ လုပ္ေပမဲ့ ျပႆနာက ရွိေနတုန္းဆုိရင္ေတာ့ ေတာ္မယ့္တန္မယ့္ ဘရာ အသစ္ ၀ယ္၀တ္ရပါလိမ့္မယ္။

စည္းႀကိဳး band နဲ႔ ခြက္ cup တုိ႔ရဲ႕ size အတြက္ ပုံေသနည္း ရွိတယ္။

ကုိယ့္ရဲ႕ size ကုိ အိမ္မွာ ကုိယ့္ဘာသာကုိယ္ တုိင္းလုိ႔ရတယ္။ အတုိင္းအတာ ႏွစ္မ်ဳိး တုိင္းဖုိ႔ လုိတယ္။

တစ္ကုိယ္လုံးကုိ ပတ္လည္တုိင္းတာမွာ ရင္သားႏွစ္မႊာ ေအာက္ဖက္ကေန တုိင္းတာက တစ္ခု။

ရင္သားထိပ္ ႏုိ႔သီးေခါင္းေတြ ရွိတဲ့ေနရာကုိ ျဖတ္ၿပီး တစ္ကုိယ္လုံး ပတ္လည္တုိင္းတာက တစ္ခု။

ၿပီးရင္ အဲဒီႏွစ္ခုကုိ ႏုတ္ၾကည့္လုိက္ရမယ္။ ဥပမာ ရင္သားႏွစ္မႊာ ေအာက္ကေနတုိင္းတာက ၃၂ လက္မ၊ ရင္သားထိပ္ ႏုိ႔သီးေတြေပၚ ျဖတ္ၿပီး တုိင္းတာက ၃၄ လက္မ ဆုိရင္ ၃၅ ထဲကေန ၃၂ ကုိ ႏုတ္ရင္ ၃ ရမယ္။ A က ၁ ၊ B က ၂ ၊ C က ၃ ဆုိေတာ့ ခြက္cup ရဲ႕ size က C ျဖစ္ပါတယ္။ ဒီေတာ့ ဘရာ size က 32 C ျဖစ္ပါတယ္။ 32 က ရင္သားေအာက္ကေ တုိင္းလုိ႔ရတဲ့ အတုိင္းအတာ ျဖစ္ပါတယ္။
၄။ ရင္သား ႏွစ္မႊာ ရွိေနတာမွာ တစ္ခုနဲ႔တစ္ခု အရြယ္အစား မတူရင္ ႀကီးတာကုိ အတည္ယူလုိက္ပါ။
ရင္သား ႏွစ္မႊာ ရွိေနတာမွာ တစ္ခုနဲ႔တစ္ခု အရြယ္အစား တူခ်င္မွ တူပါလိမ့္မယ္။ မတူ ျဖစ္ေနက် ျဖစ္ပါတယ္။ တစ္မႊာက က်န္တစ္မႊာထက္ ပုိႀကီးေနတာ ျဖစ္ေနက်ပါ။ အဲဒီလုိဆုိရင္ ႀကီးတဲ့ဟာကုိ အတည္ယူၿပီး ေသးတဲ့ဘက္မွာ အခုအခံ ထည့္ေပးၿပီး ၀တ္ဆင္ႏုိင္ပါတယ္။ ဘရာကုိ ၀တ္ၾကည့္လုိက္တဲ့အခါ ႀကီးတဲ့ဘက္မွာ အေတာ္အတိ ျဖစ္ေနၿပီး က်န္တစ္ဘက္မွာ ေခ်ာင္ေနရင္ အဲဒီဘရာကုိ ေရြးခ်ယ္ရမွာ ျဖစ္ပါတယ္။

ခြက္(အုံ)က ေသးေနရင္ သိသာပါတယ္။ ရင္သားႏွစ္မႊာက ခြက္အျပင္ဘက္ လွ်ံထြက္ေနမယ္။ အဲဒီလုိဆုိရင္ ရင္သားက်န္းမာေရး ထိခုိက္ေစတဲ့အျပင္ အျမင္လည္း မတင့္တယ္ေတာ့ဘူး။ ႀကီးေနရင္လည္းသိသာပါတယ္။ ေခ်ာင္ေခ်ာင္ခ်ိခ်ိ ျဖစ္ေနမယ္။
ကုိယ္ခႏၶာ အပိန္အ၀ ေျပာင္းလဲရင္ ဘရာကုိလည္း အလုိက္သင့္ size ေျပာင္းၿပီး ၀တ္ရမွာကုိ မ၀တ္ရင္ အခုလုိ ကိစၥေတြ ျဖစ္ေပၚပါတယ္။ ကုိယ္၀န္ေဆာင္မိခင္ေတြ ရင္သားႀကီးထြားတဲ့အခါမွာလည္း ဘရာကုိ size ေျပာင္းၿပီး ၀တ္ရမွာ ျဖစ္ပါတယ္။ ကေလးကုိ ႏုိ႔တုိက္တဲ့ကာလမွာ ရင္သားႏွစ္မႊာက အရင္တုန္းကထက္ ပုိႀကီးေနတယ္။ ဘရာ ခြက္(အုံ) size တစ္ခုပုိႀကီးတာ ႏွစ္ခု ပုိႀကီးတာကုိ ၀တ္ဆင္ရမွာ ျဖစ္ပါတယ္။
ေနာက္တစ္ခုက ဓမၼတာ လာခ်ိန္မွာ ရင္သားေတြ တင္းတယ္။ နည္းနည္း ပုိႀကီးသြားတယ္။ အဲဒီအခါမွာ ခြက္(အုံ) size တစ္ခုပုိႀကီးတာကုိ ၀တ္သင့္ရင္ ၀တ္ရမယ္။ သေႏၶတားေဆးကတ္ကုိ ျမားေတြ ညႊန္ထားတဲ့အတုိင္း ေသာက္သုံးတဲ့အခါမွာလည္း ေဆးေတြက ရင္သားႏွစ္မႊာအေပၚ သက္ေရာက္မႈ ရွိတတ္ပါတယ္။ အရြယ္ပုိႀကီးေစေလ့ရွိတယ္။ အဲဒီလုိ ျဖစ္ေနရင္ size ပုိႀကီးတဲ့ ခြက္(အုံ) ကုိ ၀တ္ဆင္ေပးသင့္ပါတယ္။

Read 5053 times
Rate this item
(0 votes)