တချို့ကောင်မလေးတွေကတော့ မိန်းကလေးဆန်တဲ့ Girly Type ဖက်ရှင်တွေဝတ်ရတာကို မကြိုက်ကြဘူးလေ။ ဒီလို Girly Type မကြိုက်တဲ့ကောင်မလေးတွေအတွက် အမိုက်ဆုံး၊ အလန်းဆုံးဖက်ရှင်စတိုင်လ်လေးတွေကို ရွေးချယ်ပေးထားပါတယ်။
အခုနောက်ပိုင်းမှာခေတ်စားလာတာလေးတွေနဲ့ ပေါ့ပေါ့ပါးပါးဖြစ်စေတာလေးတွေကို ရွေးချယ်ပေးထားတာမို့ ပရိသတ်တွေသဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။
၁. Girly type ဝတ်ရတာမကြိုက်တဲ့သူတွေအတွက်တော့ ဒီဖက်ရှင်စတိုင်လ်လေးက အဆင်ပြေစေမှာပါ။ ဒီဖက်ရှင်လေးက all black ဆိုတော့ လုံးဝကိုအမိုက်စားလေးပဲပေါ့။ ဝတ်ရတာလည်း ပေါ့ပေါ့ပါးပါးနဲ့မို့ သင်ကြိုက်နှစ်သက်မှာသေချာပါတယ်။
၂. နောက်တစ်မျိုးအနေနဲ့ ဒီလိုဘောင်းဘီတွေကို အရောင်တွေနဲ့ဝတ်ပြီး အပေါ်က အဖြူရောင်တီရှပ်လေးတွေနဲ့လည်း တွဲဝတ်လို့ရတယ်လေ။ သူကပေါ့ပါးပြီး စတိုင်လ်ကျစေတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ ဒီလိုဘောင်းဘီတွေက အရမ်းခေတ်စားလာတာနော်။
၃. ဒီလိုဘောင်းဘီမျိုးကိုမှ ကတ္တီပါသားလေးတွေနဲ့လည်းထွက်နေပြီလေ။ ဒီတော့ ဒီလိုဖက်ရှင်လေးဝတ်ပြီး လန်းလို့ရပြီပေါ့။
၎. ဂျင်းဘောင်းဘီအပွလေးတွေကို တီရှပ်အဖြူလေးတွေနဲ့တွဲဝတ်လိုက်ရုံပဲနော်။ အရမ်းပေါ့ပါးပြီး လူကြိုက်များတဲ့ဖက်ရှင်လေးပါ။
၅. ခပ်မိုက်မိုက်စတိုင်လ်လေးဝတ်ချင်သူတွေအတွက်ကတော့ ဒီဖက်ရှင်စတိုင်လ်လေးက အရမ်းကိုအဆင်ပြေစေမှာပါ။
၆. ဒီလိုဂျင်းဘောင်းဘီအကားတွေကလည်း ဝတ်လိုက်ရင် အရမ်းမိုက်ပြီးစတိုင်လ်ကျတယ်နော်။ ဒီဖက်ရှင်က ဝတ်တဲ့သူလည်းသိပ်မရှိသေးဘူးနော်။
၇. ကဲ ... ဒီလိုလေးလည်း ဝတ်လို့ရသေးတယ်နော်။ ဒီဖက်ရှင်လေးကတော့ အရမ်းကြီးလည်း Girly Type မဟုတ်တော့ စတိုင်လ်ကျပြီးမိုက်နေစေတယ်လေ။ ပိန်ပိန်သွယ်သွယ်လေးတွေနဲ့ဆို အရမ်းမိုက်နေမှာပါ။
၈. ဒီလိုဂျင်းဘောင်းဘီတွေကို ကြိုးတစ်လုံးအပွလေးတွေနဲ့တွဲဝတ်ပြီး sneakers လေးတွေစီးတာမျိုးက အရမ်းကိုပေါ့ပါးပြီး သက်တောင့်သက်သာရှိစေပါတယ်။
၉. လူငယ်ဆန်ဆန်နဲ့စတိုင်လ်ကျချင်တယ်.... Girly Type လည်းမဝတ်ချင်ဘူးဆိုရင်တော့ ဒီဖက်ရှင်လေးကိုသာ ရွေးချယ်လိုက်ပါ။
Source:we media