တစ်နေ့တစ်နေ့ ဘယ်လို ဖက်ရှင်တွေ ၀တ်ရမလဲဆိုပြီး ခေါင်းခြောက်နေတဲ့ ဖက်ရှင်ချစ်သူလေးတွေအတွက် boy shirt တွေကို အထာကျအောင် တွဲစပ်ဝတ်နည်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ shirt အင်္ကျီ မကြိုက်ဘူးဆိုရင်တောင် အခုလို ပုံစံလေးတွေကို တစ်ခါလောက်ပဲဖြစ်ဖြစ် စမ်းဝတ်ကြည့်ပြီးရင် အရမ်းကြိုက်သွားမှာ သေချာပါတယ်နော်။
(၁) With Short Sweater

ဆွယ်တာလက်ပြတ် အတိုလေးကို ရှပ်အင်္ကျီအပေါ်က ထပ်ဝတ်ပြီး ခြေအိတ်အရှည်နဲ့ leather boots နဲ့ ဆိုတော့ စွန်းတေ ဂေါ်နေပြီပေါ့။
(၂) Casual Wear

ဂျင်းတိုနဲ့ ရှပ်ကို တွဲဝတ်ထားတဲ့ ပုံစံပါ။ ရှပ်အင်္ကျီကို ကြယ်သီးအားလုံး ၂လုံးလောက် ဖွင့်ထားပြီး အောက်နားစတွေ အကုန် ဘောင်းဘီထဲ ထည့်ဝတ်ထားတာပါပဲ။ ရိုးရိုးလေးနဲ့ မိုက်နေတာ။
(၃) Look Like Lady

ရှပ်အင်္ကျီအပွကို နောက်ခွဲ pencil skirt နဲ့ တွဲဝတ်လိုက်ရင်တော့ တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိတဲ့ လေဒီလေးဖြစ်သွားမှာပါ။ ရှပ်အင်္ကျီရဲ့ အရှေ့ဘက် အောက်နားစတွေကို စကတ်ထဲ ထည့်ဝတ်လိုက်ရင် ပိုအထာကျမှာပါနော်။
(၄) Fashion Killer

ကဲ ဘယ်သူမှ မ၀တ်တဲ့ပုံစံမျိုး ၊ ဘယ်သူနဲ့မှ မတူတာမျိုးမှ ၀တ်ချင်တယ်ဆိုရင်တော့ ဒီလို နောက်ပြန်သာ ၀တ်လိုက်။ တခြားဘာ accessories မှ ထပ်ဆင်ဖို့ မလိုဘဲနဲ့ကို တခြားသူတွေနဲ့မတူ လုံးဝကွဲထွက်နေမှာ။
Outfit အားလုံးနဲ့ လိုက်ဖက်တဲ့ Accessory ပစ္စည်းတွေ
(၅) Partial girly girl

မီနီစကတ် အကားလေးနဲ့တွဲဝတ်တော့ ချစ်စရာ ကောင်မလေး ဖြစ်သွားပြီပေါ့။ အရှေ့ကြယ်သီးတွေကိုဖြုတ်ပြီးဝတ်ရင် sexy ကျတယ်ဆိုပေမယ့် အတွင်းက ကြိုးတစ်ချောင်းအင်္ကျီလေးတော့ ၀တ်ပါလို့ အကြံပေးချင်ပါတယ်။
(၆) With Jump Suit

jump suit နဲ့ ဆို ဘလောက်စ်နဲ့ပဲ တွဲဝတ်ကြတာ များပါတယ်။ ဒါကြောင့် အမြင်တစ်မျိုးလေး ဆန်းပြီး လန်းချင်ရင် ရှပ်နဲ့ တွဲဝတ်ကြည့်လိုက်ပါနော်။
(၇) Like Short Dress

ဖလယ်နယ် ရှပ် dress ကို ခါးပတ်ပတ်လိုက်ရုံနဲ့ အထာကျတဲ့ ကောင်မလေးတစ်ယောက် ဖြစ်သွားပါပြီ။ ခါးပတ်ကို အသေး၊ အကြီး ကြိုက်တာပတ်လို့ ရတယ်နော်။ အကုန်လုံးနဲ့ လှတယ်။
(၈) Blossom

ရှပ်အင်္ကျီနဲ့ ပွဲတက်လို့ မရဘူးလို့ ဘယ်သူပြောလဲ။ ဒီလို အရမ်းကို မိန်းကလေးဆန်ပြီး လှတဲ့ စကတ်လေးတွေနဲ့ တွဲဝတ်လိုက်ရင် ပွဲတက်လို့ ရတယ်နော် ။
Source:aunty may





