What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဓာတ်ပုံ ရိုက်တဲ့အခါ စတိုင်ကျစေဖို့ ဒီလိုဖက်ရှင်လေးတွေ ဝတ်ဆင်ရအောင်

အခုကဓာတ်ပုံရိုက်ချင်တဲ့ဝါသနာအိုးလေးတွေ များတဲ့ခေတ် ဓာတ်ပုံရိုက်ခံမယ့် မော်ဒယ်လ် ညီမလေး မောင်လေးတွေကလည်း များတဲ့ခေတ်ဆိုတော့ အလှဓာတ်ပုံရိုက်တာက ပေါ်ပြူလာဖြစ်နေဆဲပါ။ ခရီးသွားရင်လည်း ဓာတ်ပုံရိုက်၊ အုပ်စုလိုက်အပြင်ထွက်ရင်လည်း ဓာတ်ပုံရိုက်ဆိုတော့ ဓာတ်ပုံထဲမှာပေါ်လွင်ဖို့ လှဖို့ကမဖြစ်မနေလိုလာပါပြီ။

ဒီတော့ ဓာတ်ပုံရိုက်တိုင်း လှနေအောင် ပေါ်လွင်အောင် Photogenic ဖြစ်အောင် ဝတ်သင့်တဲ့အဝတ်အစားတွေ ရွေးချယ်သင့်တဲ့ဖက်ရှင်လေးတွေကို ရွေးထုတ်ပေးထားပါတယ်။ ဓာတ်ပုံရိုက်ဝါသနာအိုး ခေးလေးတွေအတွက် ဒီဖက်ရှင်တွေက လျှို့ဝှက်ချက်ဖြစ်စေမှာပါ။

A SNUG SWEATER

9
ဆွယ်တာကပ်ကပ်လေးတစ်ထည်က ဘယ်အချိန်ဖြစ်ဖြစ်မရိုးတာ လက်ခံတယ်မဟုတ်လား။ဘယ်လိုနေရာနဲ့မဆိုလည်း လိုက်ဖက်တယ်လို့ထင်ပါတယ်နော်။ ရှုခင်းနောက်ခံထားပြီးတော့ပဲရိုက်ရိုက်၊ ဆိုင်လေးတွေမှာ လှလှလေးပဲရိုက်ရိုက်၊ မော်ဒယ်လ်ကို အကျပ်ပဲရိုက်ရိုက်၊ Body Shape ကိုပေါ်လွင်အောင်ပဲရိုက်ရိုက် သူက အဆင်ပြေတယ်။ ဒီတော့ ခရီးသွားရင် ဆွယ်တာကပ်ကပ်လေးတစ်ထည်လောက်တော့ သယ်သွားပါ။ ဓာတ်ပုံထွက်လာရင် မလှမရှိစေရ အာမခံပါတယ်။

WIDE-LEGGED PANTS

3
Wide-legged Pants တွေက ခုလည်းခေတ်စားနေပါတယ်။ သူက ဘာအားသာချက်ရှိလဲဆိုတော့ ကိုယ့်ကို ရှည်ရှည်သွယ်သွယ်လေးဖြစ်စေတယ်။ ရှိရင်းစွဲအရပ်ထက် ပိုစေတယ်ပေါ့။ အပေါ်က အကျီကိုလည်း အရမ်းပွယောင်းလွန်းတာကလွဲရင် ကြိုက်တာနဲ့တွဲဖက်ဝတ်ဆင်လို့ရတယ်လေ။

A MIDI SKIRT

4
ဖက်ရှင် Trend တွေဘယ်လိုပြောင်းပြောင်း ဒူးဖုံးစကတ်ကားကားလေးတွေကတော့ ဘယ်တော့မှရိုးမှာမဟုတ်ပါဘူး။ စကတ်လေးက ဘယ်လိုပွဲမျိုး ဘယ်လိုအချိန်အခါမျိုးမှာမဆိုလည်း ဝတ်ဆင်ဖို့တင့်တယ်ပါတယ်။ အပေါ်က ဘလောက်စ်ကို အကျီအရောင်ထင်းထင်းလေး၊ ကပ်ကပ်လေးတွေနဲ့တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

A COLLARED SHIRT

5
ကော်လာပါတဲ့ ရှပ်အကျီအဖြူက ဓာတ်ပုံရိုက်ရင် ဘယ်တော့မှမရိုးဘဲ ဖက်ရှင်လည်းကျစေမှာ အသေအချာပါပဲ။ ဒါကြောင့် Indoor ၊ Outdoor ဘာပဲရိုက်ရိုက် ကော်လာပါတဲ့ရှပ်အဖြူလေးတစ်ထည်တော့ဆောင်ထားပါ။ ကြယ်သီးတွေအပြည့်အပိတ် မတပ်ဖို့တော့လိုပါတယ်နော်။ လည်ပင်းနားက ကြယ်သီးလေးတွေနှစ်လုံးလောက် ဖြုတ်ပြီးတော့ ဝတ်ဆင်ပါ။

OFF-THE-SHOULDER TOPS AND DRESSES

6
ဒီမှာလည်း လွယ်လွယ်ကူကူပေါပေါများများရပြီး ခေတ်စားနေတဲ့ ပခုံးဖော် အကျီလေးတွေ ဂါဝန်လေးတွေက ဓာတ်ပုံရိုက်ရင်လည်း မိုက်နေစေတယ်နော်။ ပခုံးနဲ့ လည်ပင်းရိုးလှသူဆိုရင် ပိုတောင်ဝတ်သင့်ပါသေးတယ်။ ကိုယ်က ခန္ဓာကိုယ်အပေါ်ပိုင်းကြီးတယ်၊ လည်ကုတ်တိုတယ်ဆိုရင်တော့ မရွေးပါနဲ့။ ဒီလို ဒီဇိုင်းကိုကြိုက်တယ်ဆိုရင် အရောင်ရင့်တဲ့ကာလာလေးတွေ၊ အမည်းနဲ့ အပြာရောင်လေးတွေကို ရွေးဝတ်ပါ။

AN UNBUTTONED COAT

7
ကိုယ်နဲ့ကွက်တိကျတဲ့ ဘလေဇာကုတ်လေးတွေ၊ ကုတ်ရှည်ရှည်ဖားဖားကြီးတွေကလည်း ဓာတ်ပုံရိုက်ရင်အရမ်းအသုံးဝင်တယ်နော်။ ကုတ်ဝတ်မယ်ဆိုရင်တော့ အောက်ကတစ်ထပ်ဝတ်ထားတဲ့အကျီကို ချပ်ချပ်ရပ်ရပ်လေးဖြစ်ဖို့ သတိထားပါ။ Skinny jeans ၊ Pencil skirt လေးတွေနဲ့တွဲဝတ်ကြည့်ပါနော်။

ဒါတွေကတော့ ဓာတ်ပုံရိုက်ရင် အမိုက်စားဖြစ်ချင်သူလေးတွေအတွက် ရွေးချယ်သင့်တဲ့ဖက်ရှင်တွေပါ။

 

Source:akhayar

Read 2118 times
Rate this item
(1 Vote)