What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သိထားသင့်တဲ့ ဖက်ရှင် အထာလေးတွေ

ဒီတစ်ခါ ပြောပြချင်တာက သိုမွေးထည်တွေကို ဘယ်လို ဂရုစိုက်ပေးရမလဲဆိုတာပါ။ သိုးမွေးထည်တွေမှာ သိုးမွေးဆွယ်တာကို အများဆုံး ၀တ်ဖြစ်ကြတယ်။

ရိုးရိုးသိုးမွေး၊ ကက်ရှ်မီးယား သိုးမွေး၊ မိုဟဲ mohair လို့ ခေါ်တဲ့ အင်ဂိုရာဆိတ်မွေး စသဖြင့် အမျိုးမျိုးအစားစား ရှိနေတယ်။ ဘယ်လို သိုးမွေးပဲဖြစ်ဖြစ် သိုးမွေးချည်ဟာ တခြားချည်တွေနဲ့ မတူဘူး။ လူရဲ့ ဆံပင်မွေးလိုမျိုး ပရိုတင်းဓာတ်ပါတယ်။ ဆံပင်လျှော်သလိုပဲ လျှော်လို့ရတယ်။

အမှတ်စဉ် ၁ မှ ၃ ကို အောက်ပါလင့်မှာ ဖော်ပြပေးထားပါတယ်

http://www.textiledirectory.com.mm/articles/item/1020-101-fashion-guide-1-to-3.html

 

၎။ သိုးမွေးထည်ကို ခေါင်းလျှော်ရည်နဲ့ လျှော်ကြလေ့ရှိတယ်။ လျှော်တဲ့အခါမှာလည်း လက်နဲ့လျှော်တာ အကောင်းဆုံးပဲ။ အ၀တ်လျှော်စက်နဲ့ လျှော်ရင် ပျက်စီးတတ်တယ်။
လျှော်ပြီးလို့ ညှစ်တဲ့အခါ လိမ်ကျစ်ပြီး ရေမညှစ်ရဘူး။ သိုးမွေးဆွယ်တာကို ခြုံလို့ရတဲ့ အရွယ်အစားရှိတဲ့ မျက်နှာသုတ်ပုဝါပေါ်တင်၊ ပြီးရင် မျက်နှာသုတ်ပုဝါကို အသာလေး ခပ်ပွပွ လိပ်လိုက်ရတယ်။ အထဲမှာ သိုးမွေးထည်က လိပ်ပြီး ပါလာမယ်။ ပြီးမှ အပေါ်မှ လက်ဝါးနှစ်ဖက်နဲ့ ခပ်နာနာ ဖိပေးလိုက်ရင် သိုးမွေးထဲက ရေတွေ ညှစ်ထုတ်ခံရလို့ ထွက်လာတာကို မျက်နှာသုတ်ပုဝါက စုပ်ယူသိမ်းဆည်း ပေးလိုက်မယ်။
လှန်းတဲ့အခါမှာလည်း ပြင်ညီအတိုင်း ခပ်ပြန့်ပြန့်ဖြန့်လှန်းရမယ်။ ကြိုးတန်းမှာ ခါးချိုးပြီး လှန်တာမျိုး မလုပ်ရဘူး။

၅။ သိုးမွေးထည်မှာ အမွေးကျွတ်နေရင် အမျှင်လေးတွေ ထွက်မဆုံးဘူး။ အဲဒီလိုဆိုရင် သိုးမွေးထည်ကို သေသေသပ်သပ်ခေါက်ပြီး ထိပ်မှာ ဇစ်ပါတဲ့ အိတ်ထဲထည့်၊ အလော်တော်အရွယ်ရှိတဲ့ အိတ်ကို သုံးသင့်တယ်ဆိုတာ ပြောဖို့လိုမယ်မထင်ဘူး။ ထည့်ပြီးရင် ဇစ်ဆွဲပိတ်။ အဲဒီအိတ်ကို ရေခဲသေတ္တာရဲ့ ရေခဲတဲ့အကန့်ထဲမှာ အနည်းဆုံး ၃ နာရီ ထားပေးပါ။

၆။ လက်ဆွဲအိတ်မှာ ဖြစ်ဖြစ် ၊ ကုတ်အင်္ကျီမှာဖြစ်ဖြစ် ဆီစွန်းရင် ဆီကွက်နေတဲ့နေရာကို ကလေးတွေကို လိမ်းပေးတဲ့ ဘေဘီပေါင်ဒါမှုန့် ဖြူးပေးပြီး တစ်ရက်ထားလိုက်ပါ။ အကွက် ပျောက်သွားမယ်။ ဒါပေမဲ့ စိတ်ထဲ အကွက်မှိန်မှိန် ကျန်နေသေးတယ်ထင်ရင် ပေကျံနေတဲ့ ပေါင်ဒါမှုန့်တွေကို အ၀တ်သန့်သန့်နဲ့ သုတ်သင်ဖယ်ရှားလိုက်ပါ။ ပြီးရင် နောက်တစ်ကြိမ် ဘေဘီပေါင်ဒါ ထပ်ဖြူးပြီး တစ်ရက် ထပ်ထားလိုက်ပါ။ မသိသာတော့တဲ့ အခြေအနေကို ရပါလိမ့်မယ်။ ဖြစ်ဖြစ်ချင်း အချိန်ကြာကြာ မထားဘဲ လုပ်ပေးသင့်ပါတယ်။

၇။ စိန်လက်စွပ်က စိန်ကို ဖြစ်ဖြစ်၊ စိန်နားကပ်က စိန်ကိုဖြစ်ဖြစ် တခြားနေရာကစိန်ကို ဖြစ်ဖြစ် တောက်ပြောင်အောင် အိမ်မှာ ဆေးချင်သလား။ ပန်းကန်ဆေးတဲ့ ဆပ်ပြာရည် စွတ်ပြီး သွားပွတ်တံနဲ့ ပွတ်တိုက်ဆေးကြောပေးလိုက်ပါ။
သွားပွတ်တံတွေမှာ အပျော့ အလယ်အလတ် အမာ soft , medium , hard ဆိုပြီး ရှိတာမှာ အလယ်အလတ် medium ကို သုံးပါ။

၈။ အ၀တ်ဘီဒိုထဲမှာ အ၀တ်တွေ ချိတ်နဲ့ ချိတ်ပြီး အစီအရီ ထားရင် ၀ဲဘက်မှာ အရောင်နုတာတွေထား၊ ယာဘက်ကို အရောင်ရင့်တာထား။ ၀ဲမှယာ အရောင်ပိုရင့်သွားအောင် ထားခိုင်းရတာက မျက်လုံးက စာဖတ်တဲ့အခါ ၀ဲမှယာကို ဖတ်တဲ့အကျင့်ရှိတဲ့အပြင် အရောင်အနုကနေ အရင့်ဆီကို ကြည့်တဲ့အကျင့်ရှိတော့ အခုလိုထားရင် အဆင်ပြေတယ်။

သိုးမွေးထည်နဲ့ စထားတာ သိုးမွေးထည်နဲ့ အဆုံးသတ်ပါမယ်။

၉။ ကက်ရှမီးယားလို သိုးမွေးထည်တွေ အမျိုးအစား ကောင်းမကောင်း စမ်းကြည့်ချင်ရင် ဖွဖွလေး ဆွဲဆန့်ပြီး ပြန်လွှတ်လိုက်ပါ။ အထည်သားက ပြန်ရုန်းပြီး ပုံမပျက် ပြန်ဖြစ်သွားရင် အမျိုးအစားကောင်းတယ်။ အရည်အသွေးညံ့တဲ့ ကက်ရှမီးယားဆိုရင် အဲဒီလို ပြန်မဖြစ်ဘူး။

ကျန်းမာရွှင်လန်းပါစေ။

textiledirectory.com.mm

အမှတ်စဉ် ၁ မှ ၃ ကို အောက်ပါလင့်မှာ ဖော်ပြပေးထားပါတယ်

http://www.textiledirectory.com.mm/articles/item/1020-101-fashion-guide-1-to-3.html

 

Read 2357 times
Rate this item
(0 votes)