မိန်းကလေးတော်တော်များများမှာ Tank Top အင်္ကျီလေးတွေ ရှိမယ်လို့ထင်ပါတယ်။ ဒီအင်္ကျီလေးတွေက ဝတ်ရတာသက်တောင့်သက်သာရှိစေတဲ့အပြင် ပေါ့ပါးမှုလည်းရှိစေပါတယ်။
ဒါ့အပြင် ဘယ်လိုဖက်ရှင်နဲ့မဆို လိုက်ဖက်မှုလည်းရှိစေပါတယ်။ ဒါကြောင့် ပေါ့ပေါ့ပါးပါးရှိစေတဲ့ Tank Top အင်္ကျီတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်မယ့်ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ဘောင်းဘီတို

Tank Top လေးတွေကို ဘောင်းဘီတိုလေးတွေနဲ့တွဲဝတ်တာကတော့ အလိုက်ဖက်ဆုံးပါပဲ။ Festival ပွဲတွေသွားတဲ့အခါမျိုးမှာဆိုလည်း ဒီဖက်ရှင်လေးက အရမ်းကိုအသုံးဝင်စေပါတယ်။ Freestyle ကြိုက်တဲ့သူတွေဆိုရင်တော့ ဒီဖက်ရှင်လေးကို ကြိုက်နှစ်သက်မှာသေချာပါတယ်။ ဒီတိုင်းမဝတ်ချင်ရင် အပေါ်ထပ်အင်္ကျီလေးတွေနဲ့လည်း ထပ်ဝတ်နိုင်ပါတယ်။
Jean Jacket တစ်ထည်ရှိရုံနဲ့ အထာကျကျ ဝတ်ဆင်နိုင်မယ့် ပုံစံများ
ဂျင်းဘောင်းဘီရှည်

Tank Top လေးတွေကို ဂျင်းဘောင်းဘီအရှည်တွေ၊ ဂျင်းအပြဲတွေနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုလည်း လိုက်ဖက်မှုရှိစေပါတယ်။ အတိုမဝတ်ချင်တဲ့သူတွေဆိုရင် ဒီဖက်၇ှင်လေးက အဆင်ပြေစေမှာပါ။ Tank Top လေးတွေကို ဘောင်းဘီထဲထည့်ဝတ်ရင်လည်း လိုက်ဖက်မှုရှိသလို၊ အပြင်ထုတ်ဝတ်မယ်ဆိုလည်း လိုက်ဖက်ပါတယ်။
Skinny

Skinny အနက်ရောင်လေးတွေဟာ Tank Top နဲ့တင်မကပဲ ဘယ်အင်္ကျီနဲ့မဆိုလိုက်ဖက်ပါတယ်။ Skinny အနက်ရောင်လေးဖြစ်တဲ့အတွက် Tamk Top လေးတွေဝတ်တဲ့အခါမှာ အရောင်လည်းရွေးနေစရာမလိုတော့ဘူးပေါ့။
Midi Skirt

Tank Top တွေကို Midi Skirt တွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒါပေမယ့် Midi Skirt လေးတွေနဲ့ဝတ်မယ်ဆိုရင် Tank Top ကို စကပ်ထဲထည့်ဝတ်မှသာ လိုက်ဖက်မှုရှိစေမှာပါ။ နောက်ပြီး ဒီလိုဖက်ရှင်ကိုရွေးချယ်မယ်ဆိုရင်တော့ ဒေါက်ဖိနပ်လေးစီးမှသာ ပိုပြီးလိုက်ဖက်စေမှာပါ။
Maxi Skirt

အခုနောက်ပိုင်းမှာအဝတ်များလာတဲ့ Maxi Skirt လေးတွေကိုလည်း Tank Top လေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒီဖက်ရှင်လေးဆိုရင် ပေါ့ပေါ့ပါးပါးရှိစေတော့ Sneakers လေးတွေစီးမယ်ဆိုလည်း လိုက်ဖက်ပါတယ်။ ကမ်းခြေသွားတဲ့အခါ၊ ခရီးသွားတဲ့အခါမျိုးမှာဆိုလည်း ဒီဖက်ရှင်လေးကို ရွေးချယ်သင့်ပါတယ်။
Suede Skirt

Suede Skirt လေးတွေကိုဝတ်တဲ့အခါမှာလည်း Tank Top လေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါသေးတယ်။ ဒီဖက်ရှင်လေးကျတော့ စတိုင်လ်လည်းကျစေတဲ့အပြင် အရမ်းလည်းမိုက်ပါတယ်။ ဘယ်လိုနေရာမျိုးနဲ့မဆို လိုက်ဖက်မှုရှိစေပါတယ်။
Source:we media





