What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပေါ့ပါးပြီး ချစ်စရာကောင်းစေတဲ့ ဖက်ရှင်တွေ

ဖက်ရှင်ဆိုတာက လူတိုင်းအတွက်အရေးကြီးတဲ့အရာတစ်ခုပေါ့။ လူမှာအဝတ် တောင်းမှာအကွပ်ဆိုတဲ့ စကားအတိုင်းပဲ လူတစ်ယောက်မှာအဝတ်အစားက အရေးကြီးလွန်းပါတယ်။

လိုက်ဖက်မှုရှိအောင် မဝတ်စားတတ်နေရင် ဘယ်လောက်ပဲလှနေပါစေ အလကားတွေပဲဖြစ်နေတော့မှာပါ။ ချစ်စရာကောင်းပြီး ပေါ့ပေါ့ပါးပါး စတိုင်လေးဖြစ်နေစေအောင် မဖြစ်မနေဆောင်ထားသင့်တဲ့ အဝတ်အစားမျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခါးမြင့်ဂျင်းဘောင်းဘီတိုလေးကလည်း တကယ်တော့ဖက်ရှင်ကျစေတဲ့ အဝတ်အစားမျိုးပါပဲ။ လူငယ်လည်းဆန်ပြီး ပေါ့ပေါ့ပါးပါးရှိစေတာကြောင့် ပိတ်ရက်တွေမှာအပြင်သွားရင် ရွေးချယ်ဝတ်ဆင်သွားမယ်ဆိုရင်လည်း အဆင်ပြေစေတာပေါ့။

high waist jean min

မိန်းကလေးဆန်ဆန် မကြိုက်တဲ့ ကောင်မလေးတွေအတွက် အမိုက်စားဖက်ရှင်စတိုင်

လူငယ်ဆန်ဆန်ဖက်ရှင်မျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ အစင်းကြောင်းတွေနဲ့ အင်္ကျီမျိုးကိုဝတ်ဆင်မယ်ဆိုရင်တော့ ပိုပြီးတော့သင့်လျှော်တာပေါ့။ ဒီလို အင်္ကျီမျိုးလေးကိုလည်း ဝယ်ထားသင့်ပါတယ်နော်။

stripe shirt min

 

ချစ်စရာကောင်းပြီးမိန်းကလေးဆန်တဲ့ဂါဝန်လေးတွေ ကလည်းမိန်းကလေးတွေအတွက် အဓိကဖက်ရှင်တစ်ခုပါ။ သက်တောင့်သက်သာရှိစေပြီး မိန်းကလေးဆန်တော့ ချစ်စရာကောင်းတဲ့အရုပ်မလေးလို့တောင် ထင်ရစေမှာပဲဖြစ်ပါတယ်။

flare dress min

 

အင်္ကျီအဖြုရောင်ပြောင်လေးကလည်း တကယ်ကိုလိုအပ်ပါတယ်နော်။ ဘာလိုဖက်ရှင်မျိုးနဲ့ပဲ ဖြစ်ဖြစ်ဝတ်ဖို့အတွက် လိုက်ဖက်တဲ့အဝတ်အစားလေးပေါ့။

white min

 

အခုလိုမျိုး မိုးအေးနေတဲ့အချိန်မျိုးတွေမှာဆိုရင်တော့ ဆွယ်တာလေးတွေကမရှိမဖြစ်ပါ။ တစ်ထပ်ထဲဝတ်ပြီး ဖက်ရှင်ကျကျနဲ့နေလို့ရနေတာမျိုးဆိုတော့ ပေါ့ပေါ့ပါးပါးလေးတွေကိုမှ ကြိုက်နှစ်သက်တဲ့လူငယ်တွေအတွက် ပိုပြီးတော့အဆင်ပြေပါတယ်။

sweather min

 

Source:we media

Read 952 times
Rate this item
(2 votes)