ကျွန်မတို့တွေဟာ ရာသီတိုင်းမှာလိုအပ်တဲ့ jacket တွေကို ဝတ်ဆင်ကျသလို နေရောင်ခြည်ဒဏ်မှ ကာကွယ်ရန်နှင့်အေးတဲ့အခါအနွေးဓာတ် ပေးနိုင်အောင်လို့ ဝတ်ဆင်ကျပြီး တစ်ခါတစ်ရံမှာတော့ ဖက်ရှင်ကျအောင် ဝတ်ဆင်တာလဲရှိပါတယ်။
တစ်ချို့သောသူတွေအတွက် အဝတ်အထည်တွေအားလုံးကို တစ်နှစ်ပတ်လုံး ဝတ်ဆင်ရန် ရာသီအလိုက် အပိုင်းပိုင်းခွဲခြားထားတွေရှိတယ်။ဒါကြောင့် မိန်းကလေးတွေတိုင်း သူမရဲ့ဗီရိုထဲမှာ မတူကွဲပြားတဲ့ jacket တွေကို စုဆောင်းထားတတ်ကျတယ်။ မတူကွဲပြားတဲ့ ဝတ်စုံတွေနဲ့ ဖက်ရှင်ပုံရိပ်တွေကို ကိုယ်ပိုင်စိတ်ကူးနဲ့ ပုံဖော်ဖို့လဲလိုအပ်ပါတယ်။ဒါကြောင့် jacket တွေကိုဘယ်လိုဝတ်ဆင်ရမလဲ ဆိုတာကို ပြောပြပေးမယ်နော်။
1.Trench Coat

trench coat တွေဟာ ထိပ်ဆုံးမှာနေရာယူထားပြီး မိန်းကလေးတိုင်းတွက် မရှိမဖြစ် ပိုင်ဆိုင်သင့်တဲ့အရာဖြစ်ပါတယ်။ပြောင်လက်ပြီး စတိုင်ကျတဲ့ အညိုဖျော့ဖျော့အရောင်ရှိတဲ့ trench တစ်ခုပိုင်ဆိုင်ထားမယ်ဆိုရင်တော့ ဘယ်လို outfit မျိုးနဲ့မဆို တွဲဖက်ဝတ်ဆင်လို့ရပါတယ်။trench အများစုဟာ များသောအားဖြင့် ရေစိုခံပြီး မိုးရာသီအတွက် မရှိမဖြစ်လိုအပ်တဲ့ coat တစ်ခုပါပဲ။ဆောင်းရာသီ မှာလဲsweater အနေနဲ့ ဝတ်ဆင်နိုင်ပြီး အမှန်တကယ်ကြည့်ကောင်းနေမှာအသေချာပါပဲနော်။trench coat ကို tote bag ,boot နှင့်အတူ တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဖက်ရှင်ဖြစ်သွားမှာပါ။ဆွဲဆောင်မှုရှိစေတဲ့ လိမ္မော်၊ အနီ နှင့် အဝါရောင် ကာလာတွေကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။
2.Leather Jacket

leather jacket တွေကတော့ partyပွဲတွေမှာ အသုံးတည့်မှာအသေချာပါပဲ။ကြယ်သီး သို့မဟုတ် ဇစ်များကိုဖြုတ်ပြီး ဝတ်ဆင်လိုက်ရင်တော့သင်ဟာ အမှန်တကယ်အထာကျပြီး ဆွဲဆောင်မှုရှိတဲ့သူ ဖြစ်နေမှာပါ။အနက်ရောင်ကတော့ဆွဲဆောင်မှု အရှိဆုံးဖြစ်ပြီး တကယ်လို့သင်ဟာ တစ်ခြားအရောင်တွေရွေးချယ်ချင်ရင်တော့ အညို၊ အနီ နဲ့ မီးခိုးရောင်တွေကို ရွေးချယ်လို့ရပါတယ်။
3.Denim Jacket

denim jacket ကတော့အားလုံးအတွက် နေ့တိုင်းမရှိမဖြစ်လိုအပ်တဲ့ အရာဆိုတာကို လက်ခံကျတဲ့အတွက်ပြောနေစရာတောင် မလိုတော့ပါဘူး။denim jacket ကို ဂါဝန်၊ ဂျင်း၊ တီရှပ်၊ အင်္ကျီလက်တို ဒါမှမဟုတ် crop top များနဲ့ ရွေးချယ်မယ်ဆိုရင် မယုံကြည်နိုင်လောက်အောင် စတိုင်ကျပြီးမိုက်နေမှာပါ။
4.Bomber Jacket

bomber jacket တွေက ယောကျာင်္းနည်းနည်းဆန်တဲ့ ပုံစံမျိုးဖြစ်ပြီး သူနဲ့တွဲဖက်ဝတ်ဆင်ချင်ရင်တော့ pencil skirts ,ripped jeans,maxi skirts, short pans တွေနဲ့ ဝတ်ဆင်နိုင်ပါတယ်။
5.Quilted Jacket

quilted jacket ကတော့ ဂွမ်းသားနဲ့ပြုလုပ်ထားတာကြောင့် သင့်ကိုစတိုင်ကျစေပြီး နွေးထွေးမှု ရရှိမှာ အမှန်ပါပဲ။
6.overcoat

overcoat ကတော့ ဆောင်းရာသီအတွက်မရှိမဖြစ် လိုအပ်တဲ့ coat ဆိုလဲမမှားပါဘူး။ရှည်လျားပြီးသော classyကျတဲ့စတိုင်ဖြစ်ပြီး အေးခဲနေတဲ့ဆောင်းရာသီမှာ သင့်ကိုနွေးထွေးကာကွယ်မှုပေးမှာအသေချာပဲနော်။ စတိုင်ကျတဲ့ သိုးမွှေးပုဝါများနှင့် ဘွတ်ဖိနပ်အရှည်တို့နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။
7.Faux-Fur Jacket

faux-fur jacket ဟာဆိုရင် မိန်းမဆန်ပြီး စတိုင်ကျစေတဲ့ coat ဖြစ်တာကြောင့်မရှိမဖြစ်ဆောင်ထားသင့်ပါတယ်။ပန်းရောင်၊ အဝါရောင်၊ အနီရောင် ကာလာတွေကို ရွေးချယ်နိုင်ပါတယ်။
8.Evening Coat

evening coat ကသင့်ရဲ့outfit ပေါ်ကခြုံလွှာတစ်ခုပါပဲ။evening dress တွေနဲ့ဝတ်ဆင်လိုက်ရင်တော့သင်ဟာ party ပွဲမှာအထူးခြားဆုံးနဲ့ အလှပဆုံးဖြစ်နေမှာပါနော်။
9.Puffy Jacket


puffy jacket တွေဟာအလွန်ကြီးမားပြီးတော့ တစ်ချို့ပုံစံတွေကတော့off shoulder ဒီဇိုင်းတွေဖြစ်ပါတယ်။ရှည်လျားတဲ့ဆောင်းရာသီအတွက် အသုံးဝင်မှာပါ။တကယ်လို့ သင်ဟာအေးမြတဲ့ မြို့ကြီးတွေမှာ နေတယ်ဆိုရင် သင့်အဝတ်ဗီရိုထဲမှာ ရှိနေဖို့လိုအပ်တယ်နော်။
ခုပြောပြပေးလိုက်တဲ့ Jacket တွေထဲကဘယ်နှစ်ခုလောက် သင်ပိုင်ဆိုင်ထားပြီးပြီလဲ။ တကယ်လို့ မရှိသေးရင် အမြန်ဆုံး သင့်ရဲ့ဗီရိုထဲမှာ ထည့်ထားဖို့မမေ့နဲ့နော်။





