What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဝေဖန်မှုတွေများခဲ့တဲ့ Celine ပလတ်စတစ် လက်ကိုင်အိတ်

Celine ဆိုတာ ပြင်သစ်နိုင်ငံအခြေစိုက်တဲ့ ကမ္ဘာကျော် တန်ဖိုးမြင့် ဖက်ရှင်အမှတ်တံဆိပ်တစ်ခုပါ။

Kylie Jenner လို ဆိုရှယ်မီဒီယာပေါ်မှာ ဘာဝတ်ဝတ်၊ ဘာသုံးသုံး ပိုက်ဆံရမှ ၀တ်ပြသုံးပြတဲ့ ဆိုရှယ်ဆယ်လီတောင်မှ ကြော်ငြာကြေး တစ်ပြားတစ်ချပ်မှ မရဘဲ Celine အိတ်တွေကို ကိုင်ခဲ့ဖူးပါတယ်။ သူမကိုယ်တိုင်ကလည်း Celine ရဲ့ ပရိသတ် တစ်ဦးလို့ ၀န်ခံခဲ့သူပါ။

kylie jenner min
Celine ဟာ သူတို့ရဲ့ ထုတ်လုပ်မယ့် နောက်ဆုံးပေါ် လက်ကိုင်အိတ်တစ်ခုကို ကြေညာခဲ့ပါတယ်။
အသစ်ထုတ်လုပ်တဲ့ လက်ကိုင်အိတ်ဟာ ပလတ်စတစ်နဲ့ ဖန်တီးထားတာဖြစ်ပြီး အိတ်ပေါ်မှာ Celine Paris ဆိုတဲ့ သူတို့ရဲ့ အမှတ်တံဆိပ်(Logo)ကို ရေးထားပါတယ်။ အဲဒီအောက်မှာတော့ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ ဘာသာစကား(၄)မျိုးရေးထားတဲ့ သတိပေးစာတန်း ပါ,ပါတယ်။ ရောင်းဈေးကတော့ ဒေါ်လာ(၅၉၀) (မြန်မာငွေ နဲ့ဆို ရှစ်သိန်းဝန်းကျင်) သတ်မှတ်ထားပါတယ်။

bag min
ဝေဖန်သူတွေကတော့ ပလတ်စတစ်အိတ်ကို ဒေါ်လာ(၅၉၀)နဲ့ ရောင်းတယ်ဆိုပြီးလည်း Celine ကုမ္ပဏီကို လှောင်ပြောင်ခဲ့ကြပါတယ်။ ဒါပေမယ့် ထူးဆန်းစွာပဲ Celine အိမ်ကို ကြိုက်နှစ်သက်သူတွေလည်း ရှိခဲ့ပြီး အကန့်အသတ်နဲ့သာ ရောင်းချတဲ့ ဒီအိတ်ဟာ အွန်လိုင်းပေါ်မှာတော့ ဒေါ်လာ(၇၀၀)ကျော်နဲ့ အရောင်းအ၀ယ်ဖြစ်နေကြောင်းလည်း သိရပါတယ်။

ဒေါ်လာ1100တန် စက္ကူအိတ်ပုံစံ ပိုက်ဆံအိတ်

bag1 min
ဖက်ရှင်နဲ့ ပတ်သတ်လို့ ခေတ်ရှေ့ပြေးတယ်လို့ နာမည်ကျော်တဲ့ ဆယ်လီတွေကတော့ Celine အိတ်တွေကို အားပေးနေကြပါတယ်။ 2NE1 အဖွဲ့ဝင်ဟောင်း Sandra Park ဟာ စင်္ကာပူနိုင်ငံ မှာ ဈေးဝယ်ထွက်ခဲ့တုန်းက Celine အိတ်ကို လွယ်ထားခဲ့ပြီး အိတ်ကို ကြိုက်နှစ်သက်ကြောင်းလည်း ပြောခဲ့ပါတယ်။

bag2 min

 

Source:aunty may

Read 1031 times
Rate this item
(1 Vote)