What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခေတ်ဟောင်းရှပ်အင်္ကျီတွေကို ပြန်လည်ခေတ်မှီ ဆန်းသစ်အောင် ဒီလိုဝတ်ဆင်ကျမယ်

Fashion Trends တွေဟာအမြဲပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ရှိနေတတ်ပြီး တစ်ချို့သောtrendsတွေက ကြာကြာရှိတတ်ကြပေမဲ့ တစ်ချို့ကတော့ခဏလေးနဲ့ပဲ ပျောက်ကွယ်သွားတတ်ကြပါတယ်။ တခါတရံမှာ ခေတ်ဟောင်းက ဝတ်စုံတွေကို ပြန်လည်ဝတ်ဆင်ရတာဟာ လှပမှုရှိသလို ကြည်နူးမှုကိုလည်း ခံစားရနိုင်ပါတယ်။

သင့်မှာ အရင်တုန်းက ခေတ်စားခဲ့တဲ့ ရှပ်အကျီ င်္လေးတွေ ရှိခဲ့ရင် ပြန်လည်ဆန်းသစ်ပြီး ဝတ်ဆင်ကြည့်ပါ။ ရိုးရှင်းတဲ့ ဖက်ရှင်က အမြဲတမ်းဆန်းသစ်နေသလို ဟောင်းပေမယ့်လည်း ကြည့်ကောင်းနေစေမှာပါ။

၁။ ရှပ်အပွင့်နှင့် ခါးမြင့် အဖြူရောင်ဂျင်း

6
ရိုးရိုးရှင်းရှင်းနဲ့ ကြည့်ကောင်းနေဖို့ဆိုရင် သင့်အတွက်လဲ လွယ်ကူတဲ့ Celebrity Style ကိုရယူနိုင်စေပါတယ်။ ခေတ်ဟောင်းရှပ်အကျီ င်္ကို ခါးမြင့်ဂျင်းဘောင်းဘီထဲထည့်ပြီး ဝတ်ဆင်တာက သင့်ကိုခပ်မိုက်မိုက်ပုံစံလေး ဖြစ်နေစေမှာပါ။ ပေါ့ပေါ့ပါးပါးဝတ်စုံလေးကို ပြီးပြည့်စုံစေဖို့ အဖြူရောင် Sneaker လေးနဲ့တွဲဖက်ဝတ်ဆင်ပါ။

၂။ နှင်းဆီပွင့်ရိုက်ခေတ်ဟောင်းရှပ်အကျီ င်္လေးကို ခါးမြင့်ဂျင်းအတိုလေးနဲ့ တွဲဝတ်မယ်

2
အပွင့်ရှပ်အကျီ င်္လေးတွေက ဘယ်ရာသီဥတုမဆို ဝတ်ဆင်လို့ရပြီး သင့်ကိုအေးမြနေစေမှာပါ။ သင့်မှာ ဒီိလိုရှပ်လေးတွေရှိရင် ခါးမြင့်ဂျင်းဘောင်းဘီတိုလေးနဲ့ တွဲဖက်ဝတ်ကြည့်ပါ။ ရိုးရိုးရှင်းရှင်းလေးနဲ့ ခေတ်မှီနေစေဖို့ အဖြူရောင် sneaker လေးတစ်ရံစီးပါ။

၃။ လက်တိုရှပ်အကျီ င်္နဲ့ အနက်ရောင် Skinny ဂျင်းဘောင်းဘီ

4
အရင်တုန်းက နှင်းဆီပွင့်ရိုက် ရှပ်အကျီ င်္လေးတွေ ခေတ်စားခဲ့တာကြောင့် ဒီလိုရှပ်အကျီ င်္လေးတွေကို အနည်းငယ်ခေတ်မီသွားအောင် skinny ဂျင်းဘောင်းဘီလေးတွေနဲ့ တွဲဖက်ဝတ်ကြည့်ပါ။

၎။ ရှပ်အညိုပွင့်တစ်ထည်နှင့် ခါးမြင့် Ripped jean

5
ခေတ်ဟောင်းဖက်ရှင်တစ်ခုဖြစ်တဲ့ ရှပ်အကျီကို ကြယ်သီးအပြည့်အစုံတပ်ပြီး အင်္ကျီလက်ခေါက်ထားတဲ့ ဒီဇိုင်းပါ။ ဒီဒီဇိုင်းကို ပိုပြီးဆန်းသစ်အောင် အပြာရောင်ဖျော့ Ripped Jean ဘောင်းဘီလေးနဲ့တွဲဖက်ထားတာပါ။ ဝတ်စုံကို ပြီးပြည့်စုံအောင် အနက်ရောင်သားရေ ankle boots လေးနဲ့ အနက်ရောင် felt hat လေးကိုဖြည့်စွက်ပါ။

 

Source:lifestyle

Read 1081 times
Rate this item
(1 Vote)