ဖိနပ်အသစ်တစ်စုံဟာ အမျိုးသမီးတွေကို အမှန်တကယ်ပျော်ရွှင်မှုပေးနိုင်တယ်ဆိုတာ သင်ကြားဖူးမှာပါ။
လူတိုင်းဟာ ပစ္စည်းအသစ်တစ်ခုခုကို ဝယ်ယူလိုက်တဲ့အခါတိုင်း သူတို့ရဲ့ခံစားချက်တွေတိုးမြှင့်ပြီး ပိုကောင်းတဲ့ခံစားမှုတွေ ရစေတယ်လို့ သိပ္ပံနည်းအရ ပြောထားပါတယ်။ သိပ္ပံပညာရှင်တွေရဲ့လေ့လာမှုအရ 90ရာခိုင်နှုန်းလောက်ဟာ သင်ရဲ့ဖိနပ်ကနေ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးတွေကို ဖော်ပြနေတယ်လို့ Kansas ပြည်နယ်က တက္ကသိုလ်တစ်ခုမှာ စမ်းသပ်မှုကို ပြုလုပ်ခဲ့တယ်။ ဒါဟာ သင့်ကြိုက်နှစ်သက်တဲ့ဖိနပ်ကနေ သင်စိတ်ကူးနေတဲ့အကြောင်းတွေကို ပိုမို သိရှိနိုင်တယ်လို့ ဆိုပါတယ်။ Omri Gillath ဟာ သူ့ရဲ့စိတ်ပညာရှင်အဖွဲ့နှင့်အတူ မတူကွဲပြားတဲ့လူတွေအား သူတို့ပိုင်ဆိုင်တဲ့ ဖိနပ်အရန်ပေါင်း 208ရန်ကို ခွဲခြမ်းစိတ်ဖြာဖို့အတွက် ကျောင်းသာ6း3ယောက်ကို မေးမြန်းခဲ့တယ်။ စေတနာ့ဝန်ထမ်းဟာ ဖိနပ်ပိုင်ဆိုင်သူတို့ရဲ့ အသက်၊ လိင်၊ လူမှုရေးအခြေအနေ နှင့် အခြားသော ကိုယ်ရည်ကိုယ်သွေးလက္ခဏာတွေကို ခွဲခြားသတ်မှတ်ရတယ်။ ဒါကြောင့်သင်ကြိုက်နှစ်သက်တဲ့ဖိနပ်ကနေ သင့်ရဲ့အကြောင်းတွေဟာ ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်....
1.Sport shoes

သင်ဟာ စိတ်ထိခိုက်လွယ်တဲ့သူမဟုတ်ဘဲ တည်ငြိမ်ရင့်ကျက်သူ တစ်ယောက်ဖြစါတယ်။ ဘယ်တော့အခါမှ စိုးရိမ်ပူပန်မှုမရှိတတ်ဘူး။ သူတို့ဘာလုပ်လုပ် ပြီးမြောက်အောင်မြင်တယ်။
2.Converse style

သင်ဟာ အလွန်ကောင်းတဲ့သူဖြစ်ပင်မဲ့ တစ်ခါတရံမှာ ဂုဏ်ယူမှု အနည်းငယ်ရှိတတ်ပြီး ဆင်ခြင်တွေးတောတတ်သူဖြစ်တယ်။ ထာဝရဆယ်ကျော်သက် ပုံစံကို ကိုယ်စားပြုတဲ့လူဖြစ်ပြီး သူတို့ဟာ အားသာချက်နှင့် အားနည်းချက်ကို ပိုင်ဆိုင်ထားတဲ့သူတွေ ဖြစ်ပါတယ်။
3.Fashionable footwear

သင်က ပစ္စည်းတွေကို ဝယ်ရတာကြိုက်နှစ်သက်ခြင်းနှင့် ဘယ်အရာမဆို လုပ်နိုင်တဲ့သူဖြစ်တယ်။ နှစ်လိုဖွယ်ကောင်းတဲ့သူဖြစ်ပင်မဲ့ လိုချင်တပ်မက်မှု ပြင်းထန်သူဖြစ်ပါတယ်။ ရှေးရိုးဆွဲပြီး ဆန့်ကျင်တတ်သူပါ။
4.Casual footwear

သင်ဟာ တစ်ခြားလူတွေဘာဘဲပြောပြော ဂရုမစိုက်တတ်ဘူး။ သင့်ရဲ့စိတ်ကူးတွေကို လွတ်လပ်စွာ ဖော်ပြတတ်ပင်မဲ့ တခါတရံ သံယောဇဉ် နှောင်ဖွဲ့မှုကြောင့်ဒုက္ခတွေရှိနေတတ်တယ်။
5.Rustic boots

ရန်လိုတတ်တဲ့သူဖြစ်ပြီး သံသယ အနည်းငယ်များတတ်သူဖြစ်တယ်။ ဒါပင်မဲ့ အသိပညာကြွယ်ဝပြီးတော့ စဉ်းစားချင့်ချိန်တတ်သူပါ။ တည်ငြိမ်ရင့်ကျက်သူတစ်ယောက်လည်းဖြစ်ပါတယ်တဲ့နော်။
6.Glitter shoes

သင်ဟာစကားများတတ်ပင်မဲ့ အရမ်းဂရုစိုက်တတ်သူဖြစ်တယ်။ စွဲမက်ဖွယ်ရာ ကောင်းတဲ့ပစ္စည်းတွေကို နှစ်သက်ပြီး အသေးစိတ်ကအစ အလွန်အာရုံစိုက်တတ်သူပါ။
7.Flashy footwear

အကယ်၍ သင်ရဲ့ဖိနပ်က တောင်ပြောင်ပြီးး အမြင်ဆန်းတယ်ဆိုရင် ကိုယ့်ကိုယ်ကို အထူးဂရုပြုဆောင်ရွက်တတ်တဲ့ အဓိပ္ပါယ်ပါပဲ။ အမြဲတမ်းသဘာဝကျကျ လုပ်တတ်တဲ့သူဖြစ်တယ်။
8.High heels

ကိုယ့်ကိုယ်ကို အလေးထား ဆောင်ရွက်တတ်ပြီး ယုံကြည်မှုအပြည့်အဝရှိသူတစ်ယောက်ပါ။ တစ်ခါတစ်ရံ အပြောင်းအလွဲမြန်တတ်တယ်။ သို့သော် တစ်ချို့သော အစီအစဉ်တွေကို လုပ်တဲ့အခါမှာ အမြဲတမ်း ကိုယ့်ရဲ့နည်းလမ်းတွေနဲ့ပဲ လုပ်ဆောင်လေ့ရှိတယ်။
9.Platform shoes

သင့်ရဲ့သဘာဝဗီဇအရ လူတွေနဲ့ဖော်ရွေစွာ ပေါင်းသင်းဆက်ဆံနိုင်သူဖြစ်တယ်။ တိကျတဲ့ သင့်ရဲ့အကြောင်းတွေကို social network တွေဖြစ်တဲ့ facebook, twitter နှင့် instagram တွေမှာ အမြဲတမ်း up to date ဖြစ်အောင်ဖော်ပြလေ့ရှိတယ်။
10.Comfortable footwear

တကယ်လို့ သင်က ဒီလို သက်တောင့်သက်သာရှိတဲ့ ဖိနပ်မျိုးကို ကြိုက်နှစ်သက်သူဆိုလျှင် တိတ်ဆိတ်စွာနေတတ်ပြီး ပုံကြီးမချဲ့ဘဲနဲ့ သူတို့ရဲ့အကြံဥာဏ်တွေကို ရှင်းလင်းစွာ ဖော်ပြနိုင်သူဖြစ်ပါတယ်။
11.Chic designer shoes

တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပြီး ဘယ်တော့မှ သစ္စာဖောက်တတ်တဲ့သူတွေမဟုတ်ပါဘူး။
Author:TDA





