What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင် Expert တစ်ယောက်ရဲ့ အမူအကျင့်တွေ

Fashion မှာ တကယ်တော့ စည်းမျဉ်း တွေ၊ ကန့်သတ်ချက်တွေ၊ သတ်မှတ် ချက်တွေ မရှိပါဘူး။ အများနဲ့မသက်ဆိုင် ဘဲ ကိုယ်တိုင် တစ်ဦးတစ်ယောက်အ တွက်ဆိုရင် ကိုယ်နဲ့ လိုက်ဖက်ပြီး နေရာ ဒေသနဲ့ သင့်တော်တဲ့ ဝတ်စားဆင်ယင် မှုမျိုးဖြစ်ဖို့ကို ဦးစားပေးရင် ရပါပြီ။

ဒါပေ မယ့် ဖက်ရှင်ကျသူတစ်ယောက်ဖြစ်ဖို့မှာ ဆိုရင်တော့ လိုက်နာရမယ့် ဆောင်ရန် ရှောင်ရန်လေးတွေ ရှိနေပါတယ်။ ဒါ လေးတွေကို ကိုယ့်ဖက်ရှင်မှာ အတိုးအ လျော့လုပ်တတ်မယ်ဆိုရင် ဖက်ရှင် Expert တစ်ယောက်ဖြစ်ပါပြီ။

Trend ကို သိဖို့ပဲ ကြိုးစားပါ
====================
တော်ဝင်စင်တာကိုပဲဖြစ်ဖြစ်သွားလိုက်မယ်ဆိုရင် ဘာတွေ ခေတ်စားနေ တယ်၊ ဘယ်လိုဖက်ရှင်ကို လူကြိုက်များ တယ်ဆိုတာကို ဆိုင်တွေ၊ ဈေးလာဝယ် သူတွေရဲ့ ဖက်ရှင်တွေကို ကြည့်ပြီး ချက်ချင်း သိသွားနိုင်ပါတယ်။ ပြီးတော့ ဖေ့စ် ဘွတ်ခ်ပေါ်က ကိုယ့်ဘော်ဒါတွေရဲ့ ပုံ လေးတွေကနေလည်း မြင်နိုင်သေးတာ ပေါ့။ အဲဒီကနေ လှ မလှ၊ ကိုယ်နဲ့ လိုက် မလိုက် ဆိုတာတွေ သိသာနေပြီမို့ အဲဒီထဲက ကိုယ်နဲ့ လိုက်ဖက်နိုင်တာကို ရွေးချယ်လို့ ရတာပေါ့။ ဒါပေမယ့် Trend ဖြစ်တာတိုင်းကိုတော့ ကိုယ့်အ တွက်လို့ မထင်ပါနဲ့။

စတိုင်ကျတဲ့သူတွေကို Follow လုပ်ပါ
===========================
ဒါက အင်စတာဂရမ်မှာ follow လုပ်ခိုင်းတာမျိုး မဟုတ်ပါဘူး။ ကိုယ် သဘောကျတဲ့ ဖက်ရှင်မျိုးကို ဝတ် စားဆင်ယင်တတ်သူတွေကို အတုခိုးပါ။ ကိုယ်နဲ့ ရင်းနှီးတဲ့သူတွေဆိုရင် သူတို့ရဲ့ ဖက်ရှင်အတွက် အမြင်အတွေးတွေနဲ့ ရွေးချယ် အားထုတ်ပုံတွေကို မှတ်သား ကြည့်ပါ။ ပြီးတော့ ကိုယ့်အတွက် ဆွဲသုံးပေါ့နော်။

ဘယ်သွားမလဲဆိုတာကို သေချာစဉ်းစား ပါ
=============================
အိမ်ကမထွက်ခင် ဘာမှမပြင်ဆင်ရ သေးခင်ကတည်းက ဘယ်သွားမှာလဲဆို တာကို သေချာပါစေ။ အဲဒီနောက်မှာမှ ဘာဝတ်ရမလဲဆိုတာကို ရွေးချယ်မယ် ဆိုရင် ဘယ်တော့မှ ကိုယ်နဲ့အတူရှိနေ မယ့်သူတွေကြားထဲမှာ လွဲချော်နေတဲ့ ဖက်ရှင်အပြင်အဆင်မျိုးကို ကိုယ်ပေါ် မတင်မိတော့ပါဘူး။

ပွဲလမ်းသဘင်တွေအတွက်တော့ လုပ် သာ လုပ်
================================
Fashion Overdose ဖြစ်တာ မျိုးက မကောင်းပါဘူး။ ဒါပေမယ့် ပွဲတွေ မှာဆိုရင်တော့ ဖြစ်ချင်ဖြစ်ပါစေ။ လျော့ ဝတ်သွားမိတာထက် ကိုယ့်ဖက်ရှင်က အားလုံးထက် ခေါင်းတစ်လုံးသာနေ တာက အမြဲတမ်းအတွက် ပိုကောင်းစေ ပါတယ်။

လိုတာလေးတွေ သယ်ပါ
===================
ရုံးမှာဖြစ်ဖြစ်၊ သွားလေရာကိုပဲဖြစ် ဖြစ် အရေးပေါ်လိုအပ်နိုင်တဲ့ အပ်နဲ့ အပ် ချည်၊ တွယ်ချိတ်၊ ခေါင်းစည်းကွင်း၊ Scarf ၊ ဖိနပ်ပါး စတာတွေကို ထည့် သယ်သွားပါ။ ကိစ္စတစ်ခုခုပေါ်လာလည်း ဘယ်တော့မှ ကိုယ်က ဂွမ်းတယ်ဆိုတာ မျိုး မဖြစ်နိုင်တော့ဘူးလေ။ ဖက်ရှင်ကျ တဲ့သူဆိုတာ ကြိုတင်ပြင်ဆင်မှုတော့ ရှိတတ်ကြပါတယ်။

နှုတ်ခမ်းနီကို မမေ့ပါနဲ့
==============
အချိန်မရဘူး၊ မပြင်ဆင်နိုင်တော့ ဘူးဆိုတဲ့ အခြေအနေဆိုတာလည်း လူ တိုင်း ကြုံတွေ့ရမှာပဲ။ ကိစ္စမရှိပါဘူး။ ဆံပင်ကို သေချာဖြီးသင်ပြီး အားရှိ တောက်ပသွားစေမယ့် နှုတ်ခမ်းနီအ ရောင်တစ်ခုကိုသာ နှုတ်ခမ်းပေါ် တင် သွားလိုက်ပါ။ ကျန်တာတွေ မပြင်ဆင် လာနိုင်ဘူးဆိုတာ မှေးမှိန်သွားပါလိမ့် မယ်။

ဖိနပ်အတွက် မနှမြောပါနဲ့
==================
တချို့က အပေါ်ပိုင်းမှာ သေချာ ပြင် ဆင်သွားပေမယ့် ဖိနပ်ကျမှ တလွဲဖြစ် နေတတ်ပြန်ရော။ တခြားဟာတွေမှာ ငွေသိပ်အကုန်မခံဘဲ ကွာလတီကောင်း တဲ့ ဖိနပ်လေးတွေနဲ့သာဆိုရင် ကိုယ့်ခြေ လှမ်းတိုင်းမှာ ယုံကြည်မှုရှိနေမှာမို့ တော် ရုံနဲ့ စတိုင်မကျမှာ ပူစရာမလိုတော့ပါ ဘူး။

Accessory တွေရဲ့ တန်ဖိုးကို သိပါ
=========================
ဒါတွေကို ရှုပ်လှတယ်လို့ ခံစားတဲ့ သူတွေလည်း ရှိပါတယ်။ ရှင်းနေမှပဲ ကြိုက်တယ်ဆိုလည်း ကိုယ့်သဘောအ တိုင်းပေါ့။ ဒါပေမယ့် ဘယ်အဝတ်အစား အတွက်မဆို လိုက်ဖက်တဲ့ တွေရဲ့ တန်ခိုးနဲ့ ချက်ချင်းကြီး ဖက်ရှင် ကျသွားစေနိုင်တာကိုတော့ ယုံကြည်ပြီး စမ်းသပ်ကြည့်ပါ။

အတွင်းခံတွေရဲ့ တန်ခိုး
============
ဒါကတော့ အမျိုးသမီးတွေအတွက် တိုးတိုးတိတ်တိတ် ပြောရမယ့် တန်ဖိုးရှိ တဲ့ အချက်အလက်လေးနော်။ ကိုယ့်အ တွင်းခံတွေကသာ ကိုယ်နဲ့ တသားတည်း ဖြစ်ပြီး သက်သောင့်သက်သာရှိ၊ အရည် အသွေးကောင်းမယ်ဆိုရင် ကိုယ့်ကိုယ် ကို ယုံကြည်မှု အစဉ်မြင့်မားနေမှာမို့ ဖက်ရှင်အတွက်လည်း အများကြီး တွေး တောမနေရတော့ဘူးလေ။

Read 1159 times
Rate this item
(0 votes)